မိသားစုဘ၀လေး တည်ထောင်ဖို့ လက်တွဲဖော်နဲ့ တိုင်ပင်သင့်တဲ့ အချက်(၅)ချက်

Instagram_DavidBeackham

အိမ်ထောင်ရေးရယ်ဆိုပြီး ဖြစ်လာရင် မိသားစုဘ၀ဆိုတာလေးကပါ ကပ်ပြီးပါလာတက်ကြပါတယ်။ မိသားစုဘ၀ဖြစ်ဖို့ဆိုတာက ကိုယ်တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့ အဆင်မပြေပါဘူး ကိုယ့်ဆုံးဖြတ်ချက်နဲ့အတူ ကိုယ့်လက်တွဲဖော်ရဲ့ဆုံးဖြတ်ချက် နှစ်ခုလုံး ထပ်တူကျမှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်။ မိသားစုဘ၀ရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက် တစ်ခုဖြစ်တဲ့ ကလေးယူဖို့မယူဖို့ကို ကိုယ့်လက်တွဲဖော်ကို မေးဖို့နည်းလမ်းလေးတွေ ဝေမျှရမယ်ဆိုရင်တော့…

  • ကလေးလိုချင်လား

ဒါကအရေးကြီးဆုံးမေးရမယ့် မေးခွန်းပဲ ဖြစ်ပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ ဆန္ဒမပါပဲ ဆုံးဖြတ်လို့မရတဲ့ ကိစ္စဆိုလဲမမှားပါဘူး။ အဆင်သင့်မဖြစ်သေးပဲ ကလေးတစ်ယောက်ကို လောကကြီးထဲ ခေါ်လာဖို့ဆိုတာ မှားယွင်းပါတယ်။ တိုင်ပင်စရာရှိတာ တိုင်ပင်ပြီး လိုချင်လား မလိုချင်လားဆိုတာတွေ အေးဆေးစကားပြောဖို့လိုအပ်ပါတယ်။

Twitter_CambridgeRoyals
  • ငယ်ဘ၀အကြောင်းတွေ

လူတိုင်းကပျော်ဖို့ကောင်းတဲ့ ကလေးဘ၀မရခဲ့ပါဘူး။ တစ်ချို့ ငယ်ဘ၀အဖြစ်အပျက်တွေကြောင့် ကလေးယူဖို့ မစွန့်စားရဲတဲ့သူတွေ၊ စိတ်ဒဏ်ရာတွေကြောင့် ကလေးယူဖို့ ကြောက်နေတက်တယ်ဆိုတာတွေက တကယ်ရှိပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ ငယ်ဘ၀အကြောင်းကို သိအောင် ကြိုးစားရင်းနဲ့ ဆွေးနွေူသင့်တာလေးတွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။

  • ကလေးတွေနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်
READ
အရက်သောက်ပြီး မူးတဲ့အချိန်ဟာ တကယ့်ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံအစစ်မှန်ပါ

လောကကြီးမှာ လူတိုင်းကလေးမချစ်တက်ပါဘူး။ တစ်ချို့မချစ်တက်သူတွေက သူများကလေးမချစ်ပဲ ကိုယ့်ကလေးကိုယ်ချစ်တက်တာမျိုးလဲ ရှိသလို ကိုယ့်ကလေးလဲမချစ်တက်၊ သူများကလေးလဲ မချစ်တက်တာမျိုးတွေ ရှိတက်ပါတယ်။ တကယ်လို့ ကိုယ့်လက်တွဲဖော်က ကလေးချစ်တက်သူဆို ကိစ္စမရှိပေမယ့် မချစ်တက်သူမျိုးဆိုရင်တော့ ဒီမေးခွန်းကမေးကို မေးရမယ့် မေးခွန်းပဲ ဖြစ်ပါတယ်။

  • တာဝန်ယူနိုင်လား

ကလေးတစ်ယောက်ကို တာဝန်ယူရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့ အမျှ တာဝန်ယူမှုတွေလဲ များလာမှာပဲ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို တစ်ယောက်တစ်ဝက်ခွဲတဲ့ အခါမှာ အဆင်ပြေနိုင်လား မပြေနိုင်ဘူးလားဆိုတာကလဲ ပြောရမယ့် စကားတွေပဲ ဖြစ်ပါတယ်။

Instagram_ChrisHemsworth
  • အဆင်သင့်ဖြစ်ပြီလား

နှစ်ယောက်ထဲ တစ်ဘ၀ကနေ သုံးယောက်ဘ၀ ကိုကူးပြောင်းဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ်တိုင်ရော ကိုယ့်လက်တွဲဖော်ကော ဆန်းစစ်ရမှာပဲ ဖြစ်ပါတယ်။ အားလပ်ရက်တွေ အားလပ်ချိန်တွေကို တကယ်ပဲ ကလေးတစ်ယောက် တာဝန်ယူပြီး နေနိုင်ပြီလား။ ငိုသံတွေ နို့ဘူးတွေ ကြားမှာ နေနိုင်ပြီလား စသည့်မေးခွန်းတွေနဲ့ နှစ်ယောက်လုံးသေချာ ဆန်းစစ်ပြီး တိုင်ပင်ရမှာပဲ ဖြစ်ပါတယ်။

READ
ပျော်ပျော်နေတတ်တဲ့သူတွေဟာ ဒီအချက်တွေကိုဘယ်တော့မှမလုပ်ကြပါဘူးတဲ့

TPS

SHARE