ကျန်းမာဖို့အတွက် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆောင်ရန်/ရှောင်ရန်အချက် ၆ ချက်

Image by Stephanie Pratt from Pixabay

သတိမမူ၊ ဂူမမြင်ဆိုတဲ့အတိုင်းပါပဲ။ မိမိကိုယ်ခန္ဓာကျန်းမာနေစေဖို့အတွက်ဆိုတာ ဈေးကြီးပေးဝယ်ရတဲ့ ဆေးတွေ သောက်မှ၊  အားဖြည့်ဓာတ်စာတွေ စားမှ ကျန်းမာရေးကောင်းမွန်တာ မဟုတ်ပါဘူး။ လမ်းလျှောက်တာ၊ တစ်နေ့ကို လုံလောက်တဲ့ အာဟာရဓာတ်ပြည့်ဝအောင် စားသုံးတာက အစ မိမိရဲ့ အနီးနားမှာ ရှိတဲ့အသေးအဖွဲအရာတွေကလည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် တချိုလေ့ကျင့်ခန်းအသေးအဖွဲလေးတွေကလည်း မိမိရဲ့ ကိုယ်ခန္ဓာအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ Shwemom ပရိသတ်တွေအတွက် ဒီလို မိမိကိုယ်တိုင် လုပ်ဆောင်လို့ရတဲ့ အံ့သြသင့်ဖွယ် ကိုယ်ခန္ဓာကျန်းမာရေးအချက်အလက်များကို ဆောင်ရန်/ရှောင်ရန် ဖော်ပြပါရစေ။

(၁) တစ်နေ့ကို ကော်ဖီနှစ်ခွက်ကနေ လေးခွက်အထိသောက်ခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်လာစေပါတယ်
Image by Free-Photos from Pixabay

ဗြိတိန်ဆေးပညာဂျာနယ်ရဲ့ အဆိုအရ တစ်နေ့ကို ကော်ဖီနှစ်ခွက်ကနေ လေးခွက်အထိ သောက်သုံးပေးခြင်းဟာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။ ကော်ဖီမှာပါတဲ့ ဓာတ်ဟာ လူ့ရဲ့ ကိုယ်ခန္ဓာအတွက် ကောင်းမွန်စေတဲ့ ဓာတ်သတ္ထုတွေလည်းဖြစ်ပါတယ်။ ကော်ဖီကို ပုံမှန်သောက်သုံးခြင်းဟာ နှလုံးသွေကြောကျဉ်းခြင်းကို ကာကွယ်ပေးပြီး ဆီးချိုရောဂါနဲ့ dementia လို့ ခေါ်တဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုများကနေ ကာကွယ်ပေးပါတယ်။

(၂) အကောင်းမြင်သူတွေဟာ အသက်ပိုရှည် ကြပါတယ်
Image by Ryan McGuire from Pixabay

လေ့လာချက်များအရ အကောင်းမြင်သူတွေဟာ အဆိုးမြင်တတ်သူတွေထက်ပိုပြီး သက်တမ်းကြာရှည်စွာနေထိုင်နိုင်ကြပါတယ်။ လေ့လာချက်အရ အကောင်းမြင်သူတွေရဲ့ အများစုဟာ ကိုယ်ခန္ဓာလေ့ကျင့်ခန်းပုံမှန်လုပ်ကြလေ့ရှိပြီး ကျန်းမာတဲ့ကိုယ်ခန္ဓာ၊ ကျန်းမာတဲ့ သွေးပေါင်ချိန်နဲ့ ကိုလက်စရောကိုလည်း အမြဲထိန်းထားကြတယ်လို့ဆိုပါတယ်။ အကောင်းမြင်သူတွေဟာ မိမိရဲ့ကိုယ်ခန္ဓာကို အမြဲ ဂရုစိုက်ကြည့်ရှုနေကြတယ်လို့ ဆိုလိုခြင်းလည်းဖြစ်ပါတယ်။ အကောင်းမြင်တတ်သူတွေဟာ နေ့စဉ်ဘဝမှာ သက်တောင့်သက်သာနေထိုင်မှုကို ရှာဖွေရရှိနေတတ်ပြီး သူတို့ရဲ့ သက်တမ်းကလည်း အဆိုးမြင်တတ်သူတွေထက် ပိုမို ရှည်လျားပါတယ်။

(၃) LED အလင်းရောင်များဟာ မျက်လုံးကို ပျက်စီးစေတယ်
Image by Ryan McGuire from Pixabay

မြို့ပြမှာ နေထိုင်သူများအဖို့ မိမိရဲ့ အိမ်ထဲက ထွက်လိုက်တာနဲ့ မြင်တွေ့လိုက်ရမှာက LED အလင်းတန်းတွေမှာ ညလုံးပေါက်ဖွင့်တဲ့ ကဖေးဆိုင်၊ စတိုးဆိုင်နဲ့ ဆိုင်တိုင်း ဆိုင်တိုင်းမှန်သမျှဟာ LED မီးအလင်းရောင်များနဲ့ ပုံဖော်ထားကြပါတယ်။ တကယ်တော့ အဲဒီ  LEDအလင်းရောင်များဟာ မျက်လုံးကို ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေဖြစ်စေပါတယ်။ မျက်လုံးပျက်သွားအောင်အထိ ဖြစ်စေနိုင်ပါတယ်။

၂၀၁၈ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ ညအိပ်ရာဝင်ခါနီးအချိန်မှာ မိုလ်ဘိုင်းဖုန်းကြည့်ပြီး အိပ်တဲ့သူတွေရဲ့ ကျန်းမာရေးဟာ မအိပ်ခင်တစ်နာရီအလိုမှာကတည်းက မိုလ်ဘိုင်းဖုန်းပိတ်ပြီး အိပ်တတ်တဲ့သူတွေရဲ့ ကျန်းမာရေးဟာ များစွာ ကွာခြားနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ ဒီလိုမျက်လုံးကို အနားမပေးဘဲ အသုံးပြုနေခြင်းကြောင့် မျက်လုံးအတွက် လုံလောက်တဲ့ အားအင်များ ရရှိမှုနည်းပါးလာကာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံများ ဝေဝါးခြင်းများအပြင် တခြားအမြင်ပိုင်းဆိုင်ရာမှာလည်း ဆိုးဆိုးဝါးဝါးထိခိုက်လာနိုင်ချေရှိတယ်လို့ဆိုပါတယ်။

(၄) အလုပ်ပင်ပန်းမှုဟာ လူကို အိုစာစေနိုင်
Image by StockSnap from Pixabay

လေ့လာမှုတစ်ခုအလိုအရ အလုပ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုနဲ့ အိပ်ချိန်နည်းပါးမှုဟာ လူတစ်ယောက်ကို ရှိသင့်တာထက်ပိုပြီး အိုစာသွားစေနိုင်ပါတယ်လို့ဆိုပါတယ်။ British Columbia တက္ကသိုလ်ရဲ့ လေ့လာသူတွေ ပြောကြားချက်အရ ဒီလိုစိတ်ဖိစီးမှုတွေဟာ နှလုံး ဆန့်နိုင် ကျုံ့နိုင်အောင် လုပ်ပေးတဲ့ ကြွက်သားတွေရဲ့ ပရိုတိန်းဓာတ်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ကိုယ်ခန္ဓာဟာ တစ်နေကုန်အလုပ်လုပ်ရကြောင့် ညအချိန်မှာ သူ့အတွက် လုံလောက်တဲ့အားအင်တွေကို ပြန်လည် ထုတ်လွှတ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးအတွက် အနားယူအိပ်စက်ဖို့ဆိုတာ လိုပါတယ်။ ညအချိန်မှာ လုံလုံလောက်လောက် အိပ်စက်ထားခြင်းမရှိသူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ အဆိုးဘက်ကိုပဲ ဦးတည်နေတယ်လို့ဆိုပါတယ်။

(၅)ဂျုံဟာ လူကို ပိုမို ပျော်ရွှင်စေပါတယ်
Image by PublicDomainPictures from Pixabay

အသားငါးတွေကို စားသုံးခြင်းထက် အသီးအနှံတွေကို စားသုံးပေးခြင်းက ကျန်းမာရေးကို ပိုမို အထောက်အကူဖြစ်စေတယ်ဆိုတာ အားလုံး အသိပါပဲ။ ဒါပေမယ့် ဂျုံတွေကို စားသုံးပေးခြင်းအားဖြင့် ပျော်ရွှင်စေတဲ့ နေထိုင်မှုတစ်ခုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

ဂျုံတွေဟာ Serotonin  လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးတဲ့ အသီးအနှံဖြစ်ပါတယ်။Serotonin (C10H12N2O) ဆိုတဲ့ ဓာတ်ဟာ လူတစ်ယောက်ရဲ့ နေထိုင်မှုကို သက်တောင့်သက်ဖြစ်အောင်လုပ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ပျော်ရွှင်စေဖို့အတွက်လည်းများစွာ အထောက်အကူဖြစ်စေတဲ့ ဓာတုဗေဒဓာတ်တစ်မျိုးပါ။ ဂျုံတွေကို စားသုံးခြင်းအားဖြင့်လည်း နေ့စဉ်ဘဝမှာလည်း သာယာစေမှာလည်းဖြစ်ပါတယ်။ အထူးသဖြင့် မနက်စာလိုမျိုး နေ့တစ်နေ့ရဲ့ ပထမဆုံးစားတဲ့ အစားအစာက ဂျုံဖြစ်ရင် လူ့သက်တမ်းကို ပိုရှည်အောင် ကူညီထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ကယ်လိုရီများစွာပါတဲ့ အစားအစာတွေ စားခြင်းကနေလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

(၆)မျက်လုံးမှိတ်ထားခြင်းက မှတ်ဥာဏ်ကို ပိုအားကောင်းစေနိုင်
Image by silviarita from Pixabay

မျက်လုံးမှိတ်ပြီး စဉ်းစားတာတို့၊ မျက်လုံးမှိတ်ပြီး ပြန်တွေးတာတို့ကို မြင်ဖူး၊ လုပ်ဖူးကြမှာပါ။ တကယ်တော့ ဒီလိုလုပ်တယ်ဆိုတာက မျက်လုံးဖွင့်ပြီး စဉ်းစားတွေးတောတာထက်ပိုပြီး အရာအားလုံးကို ပြန်မှတ်မိဖို့လွယ်ကူစေလို့လည်းဖြစ်ပါတယ်။ မျက်လုံးကနေ ဝင်လာမယ့် အမြင်အာရုံအနှောင့်အယှက်တွေကို ပိတ်ဆို့ထားချိန်မှာတော့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ မြင့်တတ်လာပြီး ဒီလို မှတ်ဥာဏ်ကို ပြန်လည် ခေါ်ဖို့အတွက် ပိုပြီး အားကောင်းစေပါတယ်။ လေ့လာချက်များအရ ဒီလို မျက်လုံးမှိတ်ပြီး တွေးတောစဉ်းစားခြင်းဟာ နှစ်ပေါင်းများစွာ အကြာက မှတ်ဥာဏ်ကိုတောင် ပြန်ခေါ်နိုင်ဖို့အထိ လုပ်ဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။

Ye Yint Kyaw

SHARE