သင်အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဒီအရာ (၅)မျိုးကို လုပ်ကြည့်သင့်ပါတယ် …

ကလေးဘ၀တုန်းကတော့ အပူအပင်းမရှိခဲ့တော့ ခေါင်းချတာနဲ့အိပ်ပျော်ခဲ့ကြတယ်။ လူကြီးဖြစ်လာတော့ အတွေးတွေများလာရင်း အိပ်မပျော်တဲ့ရက်တွေ ရှိလာတယ်။ အိပ်မပျော်တဲ့အချိန်မျိုးဖြစ်နေရင်တော့ ဒီအရာ (၅)မျိုးကို လုပ်ကြည့်သင့်ပါတယ်။

(၁) ကောင်းတာလေးတွေ တွေးပေးပါ

Pixabay

လူတော်တော်များများက အကောင်းတွေးဖို့ထက် အဆိုးမြင်ကြတာပိုများတယ်။ စိတ်ထဲမှာ ကောင်းတာတွေကိုပဲတွေးပေးပါ။ အိပ်ခါနီးဆိုရင် တော်ရုံမကောင်းတဲ့ကိစ္စတွေအစား အကောင်းတွေးပေးလိုက်ပါ။ ဒီနေ့အတွက် စိတ်ဖိစီးခဲ့တယ်ဆိုရင် စိတ်ဖိစီးတာတွေ တခြားဘက်နဲ့ဖြည့်လိုက်ပါ။ ဒီလိုဆို သင်အိပ်ပျော်သွားမှာပါ။

(၂) သီချင်းနားထောင်ပါ
အိပ်ခါနီး မြူးကြွနေတဲ့ သီချင်းတွေထက်စာရင် သင့်စိတ်ကို အပန်းပြေစေမယ့် သီချင်းမျိုးကို နားထောင်ပေးပါ။ နည်းနည်းပျင်းဖို့ကောင်းတဲ့သီချင်းမျိုးက သင်မျက်လုံးကို စင်းလာစေနိုင်လို့ လွယ်လွယ်အိပ်ပျော်သွားစေနိုင်ပါတယ်။

(၃) စာဖတ်ပေးပါ

Pixabay

ဖုန်းနဲ့ စာဖတ်တာကို မဆိုလိုပါဘူး။ စာအုပ်နဲ့ စာဖတ်ပေးပါ။ မီးရောင်ဖျော့ဖျော့လေးနဲ့ သင်စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးမှာ စာဖတ်ပါ။ ပုံပြင်ပဲဖြစ်ဖြစ် ၊ ဘယ်လိုစာအုပ်မျိုးမဆို ဖတ်ပေးပါ။ စာအုပ်က အစွမ်းရှိတယ် ၊ စာအုပ်က လူတစ်ယောက်ကို ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်ဆိုတာ ယုံလိုက်ပါ။

READ
သန်းခေါင်ကျော်မှ အိပ်တဲ့အမျိုးသားများတွင် သုတ်ကောင်ရေကျဆင်းကြောင်းတွေ့ရှိ

(၄) ၄-၇-၈ လေ့ကျင့်ခန်း
သိပ္ပံနည်းပညာအရ အသက်ရှုသွင်းခြင်းက နှလုံးခုန်နှုန်းကို လျော့ကျစေနိုင်ပြီး အိပ်ပျော်စေနိုင်တယ်။ ဒါကြောင့် ဒီနည်းကို စမ်းကြည့်ပေးပါ။
– (၄)စက္ကန့် အသက်ရှူသွင်းပါ
– (၇)စက္ကန့် အသက်အောင့်ပါ
– (၈)စက္ကန့် အသက်ရှူထုတ်ပါ
– ပြန်လုပ်ပါ

(၅) အပူသောက်ပေးပါ
ညအိပ်ခါနီး နွားနို့ပူပူလေးတစ်ခွက်သောက်ပေးပါ။ ဒါက သင့်ခန္ဓာကိုယ့်ကို ပူနွေးသွားစေပြီး အပန်းပြေစေနိုင်လို့ပါ။

Hannwe Soe

SHARE