မော်ဒယ် Barbara Palvin နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၈ )ချက်

ဒီတစ်ပတ်မှာတော့ Shwemom ပရိသတ်တွေ အတွက် လက်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ မော်ဒယ် အလန်းလေးတစ်ယောက်ရဲ့ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။သူမရဲ့ နာမည်ကတော့ Barbara Palvin ပါ။  ညှို့ အားပြင်း သူမရဲ့ အလှ ကြောင့် ပုရိ တွေ ကြားမှာတော့ အရမ်းအရမ်းကို ရေပန်းစားနေသူလေးပါ။

(၁)သူမရဲ့ ဘ၀အကြောင်း

fashiongonerogue

1993 အောက်တိုဘာ (၈)မှာ မွေးဖွားခဲ့တဲ့ ဟန်ဂေရီယန် မော်ဒယ်မလေးပါ။သူမဟာ (၂၀၁၆) တုန်းက Sports Illustrated Swimsuit Issue “Rookie of the Year ဖြစ်ခဲ့သူပါ။(၂၀၁၉) မှာတော့ သူမဟာ Victoria’s Secret Angel တစ်ယောက် ဖြစ်လာခဲ့ပါတယ်။Angel ဖြစ်တာ သိပ်မကြာသေးပါဘူး။

(၂)အားကစားကြိုက်တဲ့ Tomboy လေး

fashiongonerogue

သူမဟာ အားကစားကို အရမ်းကို ကြိုက်တဲ့ မိန်းမလှလေးပါ။Barbara Palvin ဟာ သူမရဲ့ အလုပ် ကြောင့် ဆံပင်နဲ့ မိတ်ကပ် အတွက် အချိန်တွေ အများကြီးပေးနေရသူပါ။ဒါပေမယ့် အားတဲ့ အချိန်လေး မှာတော့ သူမဟာ အလှ ကြိုက် တဲ့ မော်ဒယ်မလေး မဟုတ်တော့ပဲ အားကစားကြိုက်တဲ့ tomboy အဖြစ် ပြောင်းလဲ သွားတတ်ပါတယ်။ငယ်ငယ် တည်း က အားကစာလုပ်ရတာကို ကြိုက်သူပါ။ basketball   ပွဲ တွေနဲ့ မစိမ်းသူလေးပါ။

(၃)အသက် (၁၃)နှစ်တည်းက Scout လုပ်ခံခဲ့ရ

barbara palvin’s IG

မော်ဒယ်လောကထဲကို ၀င်လာကြတဲ့ ပုံစံနှစ်မျိုးရှိပါတယ်။တစ်ခုကတော့ ပြိုင်ပွဲ တွေ ၀င်ရင်း နဲ့ ရောက် လာတာပါ။ေ နာက်တစ်ခုကတော့ မော်ဒယ်လောက(သို့)ဖက်ရှင်လောကရဲ့ နာမည်ကြီးတစ်ယောက်ယောက်ကနေ မြင်ပြီး သဘော ကျ လို့ ဒီလမ်းကြောင်းထဲကို သွင်းပေးတာပါ။Barbara Palvin ကတော့ ဒုတိယပုံစံနဲ့ ဒီလောကထဲ ရောက်လာပါ။အ သက် (၁၃)နှစ်သမီးအရွယ်တုန်းက ဟန်ဂေရီနိုင်ငံ Budapest မြို့ မှာ လျှောက်သွားနေရင်း နဲ့ သူမကို မျက်စိကျ ပြီး  ရွေးချယ်ခဲ့တာပါ။အောင်မြင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်လာမယ့် အလားအလာကို မြင်နေလို့ ရွေး ချယ် ခံခဲ့ ရတာပါ။

READ
စိုးစည်တွမ်ခမ်းသီဆိုထားတဲ့ "ချစ်သူဆွဲအား" MV ထွက်ရှိ

(၄)Runway အတွက် စားသောက်မှုပုံစံကို မပြောင်းလဲ

barbara palvin’s IG

မော်ဒယ် အများစုက Runway အတွက် သူတို့ရဲ့ နေထိုင်စားသောက်မှု ပုံစံကိုဂရုစိုက် ပြင်ဆင် တတ် ကြ ပေမယ့် သူမကတော့ အဲ့ဒီလို မဟုတ်ပါဘူး။ Runway ကြောင့် ဘယ်တုန်းကမှ စားသောက်မှုပုံစံကို မပြောင်းလဲ ခဲ့သူပါ။အစား စားရတာကို ကြိုက်တဲ့ သူမကတော့ Runway ကြောင့် ပြောင်းလဲ တာမျိုး မရှိဘူးလို့ ဆိုပါတယ်။မိဘ တွေ ကလည်း ငယ်သေးတော့ များများ စားဖို့ကိုပဲ တိုက်တွန်းကြတယ်လို့  သိရပါတယ်။ပုံမှန်အတိုင်းစားသောက် နေ ဖို့က အရေး ကြီး ဆုံးပဲ ဆိုပြီး ပြောခဲ့ပါတယ်။

(၅)အာရှဈေးကွက်ကို အရင် ထိုးဖောက်ခဲ့ရသူ

barbara palvin’s IG

Barbara Palvin  ဟာ ကမ္ဘာတစ်ဝန်းမှာလည်း မော်ဒယ် အလုပ်တွေ လုပ်နေတဲ့ သူပါ။ဒါပေမယ့် သူမ အရင် ဆုံး စတင် ထိုးဖောက်ခဲ့ရတာကတော့ အာရှဈေးကွက် ပါ။အာရှမှာလည်း အောင်မြင်မှုတွေ ရခဲ့ပါတယ်။နောက်ပိုင်းကျမှ ဥရောပနဲ့ မြောက်အမေရိက ကို ထိုးဖောက်ခဲ့တာပါ။

(၆)အရပ်ရှည်မှ မော်ဒယ်ဖြစ်မယ်ဆိုတဲ့ စံနှုန်းကို ချိုးဖောက်ခဲ့သူ

barbara palvin’s IG

အရပ် (၅) ပေ (၁၀) လက်မ၊(၆) တွေရှိတဲ့  Victoria’s Secret Angel တွေကြားမှာတော့ သူမရဲ့ အရပ်က ပုတဲ့ အထဲ မှာပါပါတယ်။အရပ်ရှည်မှ မော်ဒယ် ဖြစ်မယ်ဆိုတဲ့ စံနှုန်းကန့်သတ်ချက်တွေကို ရိုက်ချိုး ပြနိုင်ခဲ့သူပါ။သူမရဲ့ အရပ် ကတော့ (5’7) ပဲ ရှိပါတယ်။(၆)ပေ နဲ့ (၆)ပေ နီးနီး အရပ်ပိုင်ရှင်တွေပဲ နေရာ ရနေတဲ့ ဖက်ရှင် လောက ထဲကို ရအောင် တိုးဝင်နိုင်ခဲ့ပြီး Victoria’s Secret Angel ဖြစ်လာခဲ့ပါတယ်။နာမည်ကြီးမော်ဒယ်  Kate Moss  က လည်း 1.7 m အရပ်ဆိုပေမယ့်လည်း မော်ဒယ်လောကမှာ အောင်မြင်ခဲ့သူပါ။ဒါကြောင့် သူမကိုလည်း ဒုတိယ Kate Moss ဆိုပြီး တင်စားကြတာတွေရှိပါတယ်။

READ
၂၀၀၀ ခုနှစ်နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးရင်း သေဆုံးခဲ့ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ

(၇)Palvin ရဲ့ ရိုးရှင်းလွန်းတဲ့ Skincare လျှို့ဝှက်ချက်

barbara palvin’s IG

ကမ္ဘာကျော် Skincare Brand တွေ အများကြီးနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ သူမရဲ့ အသားအရေ ထိန်း သိမ်း မှု လျှို့ဝှက်ချက် အကြီးကြီးတွေလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။အသားအရေ ထိန်းသိမ်းဖို့ သူမ နေ့ စဉ် လုပ် ဖြစ်တဲ့ အရာကို သိရင် အရမ်းကို အံ့သြသွားမှာပါ။အဲ့ဒါကတော့ တစ်နေ့ကို နှစ်ကြိမ်  ရေအေးနဲ့ မျက်နှာသစ် တာနဲ့  နောက် တစ်ခု ကတော့ မိတ်ကပ် နဲ့ ဘယ်တော့မှ အိပ်ယာမ၀င်တာပါ။ရိုးရိုးရှင်းရှင်းလေးပါပဲ။

(၈)သူမရဲ့ အချစ်ရေး

Daily Mail

နာမည်ကြီးဆယ်လီတွေနဲ့ ဒိတ်ခဲ့ဖူးပါတယယ်။ Barbara Palvin  နဲ့ အချစ်ရေးသတင်းထွက် ဖူးသူတွေ ထဲမှာ Justin Bieber လည်း ပါခဲ့ဖူးပါတယ်။နာမည်ကြီး ပြိုင်ကားမောင်းသမား Lewis Hamilton နဲ့ လည်း ခဏ တွဲ ဖူးပါတယ်။အမေရိကန်မင်းသား Dylan Sprouse နဲ့ တွဲနေပါတယ်။နယူးယော့စီးတီးက Brooklyn မှာ Living Together နေနေကြပါတယ်။

 

View this post on Instagram

 

💥New💥 @victoriassecret

A post shared by Barbara Palvin (@realbarbarapalvin) on

Source Wiki/thetalko

SHARE