အိမ်တွင်း ကျန်းမာရေးနဲ့ ပတ်သတ်ပြီး လူတိုင်း မဖြစ်မနေ သတိထားသင့်တဲ့ အချက်(၁၀)ချက်

TheLabradorSite

ဘယ်နေရာမှာမဆို တစ်ခါတစ်လေ အမှုမဲ့အမှတ်မဲ့ နေလိုက်တဲ့အရာလေးတွေက ကိုယ့်ကို အကျိုးသက်ရောက်မှုတွေ အများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ အိမ်တွင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်လေးတွေကိုပြောပြသွားပါမယ်။

၁။ အိမ်က စိုထိုင်းနေတတ်တာ
ArchiVIZ/Shutterstock

စာဖတ်သူအိမ်ကပုံမှန်ထက်စိုထိုင်းနေပြီဆိုရင် အိမ်ရဲ့ မျက်နှာကျက်တွေ၊ တိုင်ထောင့်တွေမှာ မှိုလေးတွေပေါက်လာနိုင်ပြီး အကျိုးဆက်အနေနဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿ     နာတွေဖြစ်လာနိုင်ပါတယ်။

၂။ ဖုန်စစ်ထုတ်တဲ့ ကိရိယာကိုမှန်မှန်မလဲပေးတာ
Victor/Shutterstock

ဖုန်စုပ်စက်နဲ့ ဖုန်တွေကို စုပ်တဲ့နေရာမှာ စစ်ထုတ်တဲ့ကိရိယာကို မလဲဘဲသုံးရင် လေကလတ်ဆတ်မှာမဟုတ်တော့ဘဲ နောက်ဆုံးမျက်လုံးက မျက်ရည်ကျတဲ့အထိဖြစ်လာပြီဆိုရင်တော့ အမြဲဆုံးလဲလိုက်သင့်ပါပြီ။

၃။ ရေပိုက်ပြွန်တွေကို သန့်ရှင်းရေး မလုပ်တာ
flickr/collin anderson

ပုံမှန်အနေနဲ့ ရေပိုက်ပြွန်တွေက မမြင်ရတော့ သန့်ရှင်းရေးလုပ်ဖို့မေ့နေတတ်ကြပါတယ်။ ဒါပေမယ့် ဒီနေရာတွေမှာ ဖုန်မှုန့် အမှိုက်တွေများစွာရှိနေတတ်ပြီး ပိုက်ကျွမ်းကျင်သူကိုခေါ်ပြီး မှန်မှန်သန့်ရှင်းပေးဖို့လိုပါမယ်။

၎။ ရေချိုးခန်းက လေဝင်ပေါက်ကောင်းကောင်း မရှိတာ
Paul Sturgess/Flickr

ရေချိုးခန်းဆိုတာ အိမ်တစ်အိမ်မှာ အစိုစွတ်ဆုံးနေရာဖြစ်ပြီးတော့ လေဝင်လေထွက်ပေါက်ကောင်းကောင်းမရှိရင် မှိုတွေအလွယ်တကူဖြစ်လာနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

၅။ အိမ်တွင်းသန့်ရှင်းရေး ပစ္စည်းတွေကို မှန်ကန်စွာအသုံးမပြုတာ
Paul/Shutterstock

သန့်ရှင်းရေးပစ္စည်းတော်တော်များများက ဓာတုပစ္စည်းတွေဖြစ်တာကြောင့် အသုံးပြုတဲ့အခါမှာ နည်းလမ်းမှန်မှန်သုံးဖို့တော့လိုမှာပါ။ အသုံးမတတ်ရင် အသုံးပြုသူအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

၆။ ဖုန်မှုန့်တွေကို ကောင်းကောင်း မသုတ်တတ်တာ
antoniodiaz/Shutterstock

ဖုန်မှုန့်တွေကို ပြောင်သွားအောင်သုတ်လိုက်ရင် သန့်ရှင်းသွားပြီလို့မထင်ပါနဲ့ ဖုန်စုပ်စက်နဲ့သေချာမစုပ်ဘူး ဖုန်တွေကိုစုပြီး လွှင့်ပစ်တာမျိုးမရှိဘူးဆိုရင်တော့ ဖုန်တွေကို အိမ်ထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်စေပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

၇။ မိုးရေခံ ပိုက်တွေကို ပြုပြင်ခြင်းမရှိတာ
Elias Gayles/Flickr

အိမ်တွေရဲ့ ဘေးဘက်နံရံတွေမှာ ရေတံလျောက်တွေကို ပုံမှန်မြင်တွေ့ရမှာပါ ဒါပေမယ့် ပျက်နေရင်လည်းဒီတိုင်းထားကြတာများပါတယ် ဆိုးကျိုးအနေနဲ့ အိမ်တွင်းစိုထိုင်းမှုကိုပိုဖြစ်စေနိုင်ပြီး အိမ်ကိုလည်း ရုပ်ဆိုးစေပါတယ်။

၈။ အိပ်ခန်းကို သန့်ရှင်းရေး ပုံမှန်မလုပ်တာ
Photographee.eu/Shutterstock

အိပ်ယာသိမ်းရမှာတောင်ပျင်းတဲ့ သူတွေရှိပါတယ် အိပ်ယာဆိုတာ အနားယူတဲ့နေရာဖြစ်တဲ့အတွက်ပိုလို့တောင် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အိပ်ခန်းကို သန့်ရှင်းရေးမလုပ်ရင် အနံ့အသက် ဆိုးလာစေပြီး ဘက်တီးရီးယားတွေပေါက်လာနိုင်ပါတယ်။

၉။ ဖိနပ်တစ်ရံတည်းကိုပဲ အိမ်တွင်းရော အပြင်ရောစီးတာ
Joan Miquel/Flickr

ဖိနပ်မှာ မမြင်နိုင်တဲ့ပိုးမွှားတွေအများအပြားရှိနိုင်ပါတယ် ဖိနပ်တစ်ရံတည်းကိုပဲ အပြင်က ပြန်လာပြီး အိမ်ထဲမှာဆက်စီးရင် ပိုးမွှားတွေပျံ့အောင်လုပ်နေသလိုပါပဲ။ အိမ်တွင်းစီးဖိနပ်သပ်သပ်ထားသင့်ပါတယ်။

၁၀။ အိမ်မွေးတိရစ္ဆာန်တွေကို အိပ်ယာပေါ် ပေးအိပ်တာ
jamelah/Flickr

တိရစ္ဆာန် တွေမှာမမြင်နိုင်တဲ့ပိုးမွှားတွေအများကြီးရှိပါတယ်။ အိပ်ယာပေါ်ပေးတတ်လိုက်ရင် အိပ်စက်တဲ့အခါမှာ ဓာတ်မတည့်တဲ့ပိုးတွေသင့်ထံကိုကူးလာစေနိုင်ပါတယ်။ ဘယ်လောက်ပဲချစ်တယ်ပြောလည်းဒါကိုတော့သတိထားသင့်ပါတယ်။

 

READ
ရုရှားအလှပြင်ဆိုင်တစ်ဆိုင်က မျှဝေထားတဲ့ နောက်ဆုံးပေါ် လက်သည်းပုံဖော်နည်း

အိမ်ဆိုတာ သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ အနားယူလို့အကောင်းဆုံး နေရာတစ်ခုပါ။ ဒါကြောင့် စာဖတ်သူအနေနဲ့ မိမိအိမ်ကို အသန့်ရှင်းဆုံးထားနိုင်စေဖို့ သတိပြုစရာလေးတွေကို ရေးသားဖော်ပြလိုက်ရပါတယ်။

Lwin Min

SHARE