လက်သန့်ဆေးတွေနဲ့ ပတ်သတ်ပြီး မဖြစ်မနေ သိထားသင့်တဲ့ ကျန်းမာရေး ဗဟုသုတ

pexels/Pixabay

လက်ဆိုတာ ခန္ဓာကိုယ်မှာ အလုပ်အရမ်းများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်နေရတာဖြစ်လို့ လက်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။ 

အရင်တုန်းကတော့ လက်ကို ဆပ်ပြာနဲ့ရေနဲ့ သေချာပွတ်တိုက် ဆေးခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ ရေမလိုတဲ့ လက်သန့်ဆေးတွေ ပေါ်လာလို့ ဘေစင် နဲ့ ရေရှိတဲ့ဆီကို သွားဖို့မလိုတော့ပါဘူး ဒီတိုင်း လက်သန့်ဆေးကို ပွတ်ပြီးဆေးလိုက်ရုံပါပဲ။ ကောင်းတာနဲ့ အတူ ဘေးထွက်ဆိုးကျိုးအနည်းငယ် ကတော့ပါစမြဲပါ။ လေ့လာစမ်းသပ်မှုတွေအရ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေမှာ ပုံမှန် လက်ကို ဆပ်ပြာနဲ့ဆေးတဲ့ သူတွေထက် လက်သန့်ဆေးသုံးတဲ့သူတွေက ပိုပြီး ရောဂါပိုးမွှားပြန့် စေတယ်လို့သိရပါတယ်။ 

Pixabay/Gentle07

အဓိကအနေနဲ့ လက်သန့်ဆေးသုံးထားတဲ့ အခါ လက်သန့်ဆေးမှာ ပါဝင်တဲ့ Alcohol နဲ့ တုပ်ကွေးရောဂါဖြစ်နေတဲ့ လူနာဆီက နှာရည် တို့ ထိတွေ့မိတဲ့အခါမှာ ရောဂါပိုးမွှားတွေက ဆပ်ပြာနဲ့ဆေးတာထက် ပျက်စီးဖို့ အချိန်ပိုယူရပါတယ်။ 

နှာရည်မှာ ပါဝင်နေတဲ့ တုပ်ကွေးပိုးကိုလက်နဲ့ ထိတွေ့စေပြီး လက်သန့်ဆေးနဲ့ ဆေးလိုက်တဲ့အခါမှာ ၂ မိနစ်ကြာမှ ပျက်စီးသွားတာကို တွေ့ရပါတယ်။ ဒါက လက်သန့်ဆေး သုံးလိုက်ပေမယ့်လည်း ချက်ချင်းရောဂါပိုးမွှားတွေ သေသွားစေတာမဟုတ်ဘူးလို့ သိနိုင်ပါတယ်။

ဒါပေမယ့် ပိုးမွှားတွေက ခြောက်သွေ့နေတဲ့ အခြေအနေမှာဆိုရင်တော့ လက်သန့်ဆေးက စက္ကန့် ၃၀ အတွင်းသတ်ပစ်လိုက်နိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီးလက်ကိုဆေးရင် တော့ ဘယ်လို အခြေအနေမျိုးမှာ မဆို ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေကို မြန်မြန်သေစေနိုင်ပါတယ်။

pixabay/jackmac34

ဒါကြောင့်မို့လို့ စမ်းသပ်စစ်ဆေးမှုတွေရဲ့ တွေ့ရှိမှု ရလဒ်ကတော့ လက်က ရောဂါပိုးမွှားတွေကို ဆေးကြောသန့်စင်တဲ့နေရာမှာ ဟိုးအရင်ကလို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးတာက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်လို့ တွေ့ရှိခဲ့တာပါ။

Lwin Min

SHARE