မဖြစ်မနေကြည့်သင့်တဲ့ Aamir Khan ရဲ့ ဇာတ်ကား (၆) ကား

Aamir Khan  ကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ ဘောလိဝုဒ်မင်းသားကြီးပါ။သူ့ပါဝင်တဲ့ ဇာတ်ကား တိုင်းလိုလိုက သာမန်ချစ်ကွဲညားဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ဇာတ်ကား မျိုးတွေပါ။ဒါကြောင့် ဒီတစ်ပတ်မှာတော့ Shwemom ပရိသတ်တွေအတွက် Aamir Khan  ရဲ့ ဇာတ်ကားကောင်းတွေထဲကမှ သေချာေ ပါက် ကြည့်သင့်တဲ့ ဇာတ်ကားတွေကို ရွေးချယ်ပေးချင်ပါတယ်။ ဘောလိဝုဒ်ဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေေ ရာ နောက်ဆုံး ဘောလိဝုဒ်ဇာတ်ကားတွေကိုပါ သိပ် မကြည့်ဖြစ်ပါဖူးဆိုတဲ့ သူတွေပါ သေချာပေါက်ကြည့်ကြည့်ပါ လို့ တိုက်တွန်းပါရစေ……(တခြားဇာတ်ကားကောင်းတွေရှိရင်လည်း ဝေမျှပေးခဲ့အုံးနော် …)

(1) 3 Idiots

(2009) ကထွက်ရှိခဲ့တာပါ။ဒီဇာတ်ကားကတော့ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသ တ် တွေ သိပ်မသိကြသေးတဲ့ အချက်အလက်တစ်ချို့ရှိပါတယ်။ဒီဇာတ်ကားထဲက ဇာတ်ကောင် Rancho  နေရာမှာ သရုပ်ဆောင်ဖို့ Aamir ကို အရင်ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။တကယ်ရွေးချယ် ထားတဲ့ မင်းသား က Shah Rukh Khan   ပါ။ဒါပေမယ့် Khan က ငြင်း်လိုက်လို့ Aamir နဲ့ ရိုက်ဖြစ်ခဲ့တာပါ။Aamir ကတော့ သူ့ဇာတ် ကောင် ပီပြင်အောင်(ကျောင်းသားနေရာပီပြင်အောင်)လုံးဝပြင်းထန်တဲ့ diet ကို လုပ်ခဲ့ပါတယ်။ဘယ်လောက်ထိ အစားအေ သာက် ကို ထိန်းခဲ့သလဲဆိုရင်တော့ သူ့ရဲ့ မွေးနေ့ကိတ်ကိုတောင် မစားပဲ နေခဲ့ပါတယ်။ဇာတ်ကောင်အတွက် ၀ိတ် လျှော့တဲ့ အနေနဲ့ နို့နဲ့ငှက်ပျောသီးကိုပဲ စားခဲ့ပါတယ်။ဒီဇာတ်ကားကတော့ box office မှာ ၀င်ငွေ (Rs 200 crores) ရခဲ့တဲ့ ပထမဆုံး ဘောလိဝုဒ်ဇာတ်ကားပါ။ ကြည့်ဖူးသူတိုင်းလိုလိုရဲ့ ရင်ထဲမှာ .. All is well!! ဆိုတဲ့ စကာလေး စွဲကျန်ရစ်ခဲ့စေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

READ
ရွှေနှစ်ရွှေရဲ့ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံ

(2)Ghajini

ဘယ်နှစ်ခါပဲကြည့်ကြည့်ရိုးမသွားတဲ့ Aamir Khan  ရဲ့ နောက်ထပ် ဇာတ်ကားကောင်းတစ်ကားကတော့ Ghajini ပါ။ ဒီဇာတ်ကားထဲမှာတော့ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းကြီးနဲ့ သနားစရာလူကြမ်းကြီး Aamir Khan ကို တွေ့ရမှာပါ။ဒီဇာတ်ကားကတော့ (၂၀၀၈)ခုနှစ်ကထွက်ရှိခဲ့တာပါ။အက်ရှင်ဇာတ်ကားကောင်းကို ကြိုက်တဲ့ သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားပါ။

(3)PK

(2014)က ထွက်ရှိခဲ့တာပါ။ဘယ်အချိန်ပဲပြန်ကြည့်ကြည့်မရိုးတဲ့ ဇာတ်ကားလေးပါ။တော်တော်လေးလည်း ရယ်ရတဲ့ ဇာတ်ကားလေးပါ။ဇာတ်ကောင်ပီပြင်ဖို့ အတွက်ဆိုရင် အရမ်းကိုကြိုစားလွန်းလို့ Mr Perfectionist လို့တောင် နာမည်ပေးခံထားရတဲ့  Aamir ကတော့ ဒီကားအတွက်လည်း အတော်လေးကြိုးစားခဲ့ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သူ့ဇာတ်ကောင်ရဲ့ နှုတ်ခမ်းအရောင်မျိုးကို ရအောင် ကွမ်းယာတွေ အများကြီး ၀ါးခဲ့တာပါ။တစ်ချို့နေ့တွေဆိုရင် တစ်ရာကျော်လောက်တောင် ၀ါး ခဲ့ ပါတယ်။ဒါကြောင့်လည်း ထူးခြားတဲ့ နှုတ်ခမ်းအရောင်မျိုးရခဲ့တာပါ။

(4)Like Stars on Earth

pinterest

(2007)ခုနှစ်ကထွက်ရှိခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ ပရိသတ်တော်တော်များများလည်း ကြည့်ဖူးကြမှာပါ။ တကယ်လို့ များမကြည့်ရသေးရင်တော့ တကယ်ကောင်းတဲ့ ဇာတ်ကားလေးပါ။Ram Shankar Nikumbh လို့ ခေါ်တဲ့ ဆရာတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။

READ
ခွဲမရအောင်တူလွန်းတဲ့ အူဝဲနဲ့ မေတိုးခိုင်တို့ရဲ့ ကြည့်မဝအောင် လှလွန်းတဲ့ပုံရိပ်များ

(5)Dangal

(2016) ကထွက်ရှိခဲ့တာပါ။ဇာတ်ကောင်အတွက် Body Transformation လုပ်ခဲ့တာပါ။ဇာတ်ကောင် ပီပြင် ဖို့ ဆိုရင် အသေအလဲကြိုးစားခဲ့တဲ့  Mr Perfectionist ကတော့ ဒီဇာတ်ကားမှာလည်း အရမ်းကို ကြိုးစားခဲ့တာပါ။ ဒီ ဇာတ်ကားထဲမှာတော့ အသက် (၂၀)အရွယ် ကောင်လေးနေရာကရော အသက် (၆၀) အရွယ် လူကြီး နေရာကနေ သရုပ်ဆောင်ခဲ့ရတာပါ။ဒါပေမယ့် သူ့ဇာတ်ကောင်ကို ပီပြင်အောင် Amir Khan က ၀ိတ် (30 kg) လောက်တက် လာအောင် လုပ်ခဲ့ရပါတယ်။(96 kg)လောက် ဖြစ်သွားခဲ့ပါတယ်။ရုတ်တရက် ကိုယ်အလေးချိန် တက်အောင် လုပ်ခဲ့ရ လို့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံခဲ့ရပါတယ်။Amir Khan ကတော့ ၀နေတဲ့ သူ့ရဲ့ ၀ိတ်ကို ဇာတ်ကားအတွက် (၄)လအတွင်းမှာ ရအောင်ပြန်ချခဲ့ပါတယ်။

(6)Secret Superstar

အမှန်အတိုင်းပြောရရင်တော့ ဒီဇာတ်ကားမှာ Aamir Khan ကတကယ့်အဓိကကျတဲ့ ဇာတ်ကောင် တော့ မဟုတ်ပါဘူး။ဒီဇာတ်ကားက မိန်းကလေးတိုင်းမဖြစ်မနေကို ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။ အမျိုးသမီးဇာတ်ေ ကာင်တွေကို အဓိကဦးစားပေးထားတဲ့ ဇာတ်ကားပါ။ဒါပေမယ့် Aamir Khan က သူ့ကျရာဇာတ်ကောင်ကို တကယ့်ကို အပိုအလို မရှိပုံဖော်သွားနိုင်တဲ့အချက်ရယ်၊ဇာတ်လိုက်နေရာမဟုတ်ပဲ ဇာတ်ကားကို ဘယ်လိုမျိုး အကောင်းဆုံး ပံ့ပိုးပေးနိုင်တယ် ဆိုတဲ့ အချက်ကြောင့် ဒီဇာတ်ကားကို ရွေးပေးဖြစ်တာပါ။

Source hindustantimes

SHARE