သက်ငယ်မုဒိမ်းမှုအကြောင်း ပထမဆုံး ရုံတင်ပြသခဲ့တဲ့ ရင်နင့်စရာ “ဟစ်တိုင်” ရုပ်ရှင်ကားကြီး

Facebook- ဟစ်တိုင်

၂၀၁၈ ခုနှစ်တုန်းက “ဟစ်တိုင်” ဆိုတဲ့ ရှပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြတာ အားလုံး မှတ်မိကြဦးမယ်လို့ ထင်မိပါတယ်။ ဒီကားဟာ အခုနောက်ပိုင်းခေတ်တွေထဲ သက်ငယ်မုဒိမ်းမှုအကြောင်း ပထမဆုံးရိုက်ကူးပုံဖော်ပြခဲ့တဲ့ ရုံတင်ကားကြီးဆိုလည်းမမှားပါဘူး။ မြန်မာကားတွေထဲ ရုံတင်ကားဖြစ်လင့်ကစား ဟာသနဲ့အချစ်ဒရာမာတွေထဲ ပတ်လည်ရိုက်နေခဲ့တဲ့ အခြေအနေမျိုးမှာတော့ ဒီကားလေးထွက်လာတာဟာ တကယ့်ကို ရွှေပါပဲ။

Facebook- ဟစ်တိုင်

“ဟစ်တိုင်” ထဲ အဓိကသရုပ်ဆောင်အဖြစ်ကိုတော့ အကယ်ဒမီထပ်ဆင့်ဆုရှင် အိန္ဒြာကျော်ဇင်က ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ကိုယ်တိုင်လည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး မိခင်တစ်ယောက်ဖြစ်တာကြောင့် အိန္ဒြာကျော်ဇင်ဒီကားကိုရိုက်တုန်းကဆိုရင် တကယ်ကြီးကို စိတ်ထဲ နင့်နင့်သီးသီးခံစားခဲ့ရတယ်လို့လည်း အင်တာဗျူးတိုင်းမှာ ဖြေခဲ့ဖူးပါသေးတယ်။

ဇာတ်လမ်းလေးကတော့ ကျေးရွာတစ်ခုမှာ အမေတစ်ခု သမီးတစ်ခုနဲ့နေနေရတဲ့ ဒေါင်းနီလေးတို့သားအမိကြားထဲ မမျှော်လင့်ထားတဲ့ ကြမ္မာဆိုးကြီးတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒါကတော့ တစ်ရက် အိမ်ကနေ ပျောက်သွားတဲ့ ဒေါင်းနီလေးကို မိခင်ဖြစ်သူလိုက်ရှာတဲ့ အချိန်မှာ စတာပါပဲ။ ဘယ်တောထဲအချိန်တော်တော်ကြာအောင် လိုက်ရှာနေရင်းနဲ့မှ ရုတ်တရက်တွေ့လိုက်ရတာ သမီးလေးနောက်ဆုံးဝတ်သွားခဲ့တဲ့ မိုးပြာရောင် ဘောင်းဘီလေး.. နောက် စက္ကန့်မလပ်ဘဲ ကောက်ရိုးပုံတွေအောက်က သွေးစွန်းနေတဲ့ ခြေထောက်သေးသေးလေး..

Facebook- ဟစ်တိုင်
Facebook- ဟစ်တိုင်

ဘယ်သူလဲ၊ ဘာဖြစ်သွားခဲ့တယ်ဆိုတာ စိတ်ထဲရိပ်မိသွားခဲ့ပေမယ့် မိခင်ရဲ့ရင်ထဲ ဗလောင်ဆူမှုတွေနဲ့ မဟုတ်ပါစေနဲ့လို့ ဘုရားတဆုတောင်းမိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖြစ်ပြီးသွားတဲ့ ရက်စက်ကြမ်းကြုတ်မှုကိုတော့ ဘယ်လိုမှ ပြင်ဆင်လို့မရတော့ပါဘူး။ အရွယ်မတိုင်သေးတဲ့ လူမမယ်ကလေး ဒေါင်းနီလေးကို လူမဆန်တဲ့လုပ်ရပ်လုပ်သွားခဲ့တဲ့လူဟာ ဘယ်သူလဲ၊ ဘဝကြီးထက် ပိုချစ်ရတဲ့ သမီးလေးကို ဒီလိုလုပ်သွားတဲ့လူကို မိခင်တစ်ယောက်အနေနဲ့ ဘယ်လို စီရင်သွားမှာလဲဆိုတာကို “ဟစ်တိုင်” မှာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

Facebook- ဟစ်တိုင်
Facebook- ဟစ်တိုင်

ရုံတင်ကားတွေကို တစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် အခုပဲ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုလိုက်ပါ။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

penny

SHARE