ဆိုရှယ်မီဒီယာအသုံးချပြီး ဒေါ်လာသန်းနဲ့ချီ ချမ်းသာနေတဲ့ YouTuber အချောလေးများ

YouTube ဟာ အခုနောက်ပိုင်း ကြည့်ရှုသူတွေနဲ့ Entertainer YouTubers တွေကြောင့် သုံးစွဲသူတွေ တဟုန်တိုးမြင့်တက်လျက်ရှိပါတယ်။ ကုန်ပစ္စည်းဒါမှမဟုတ် တစ်ခုခုကိုကြော်ငြာတဲအခါတိုင်း ဒီ Video platform ကိုပဲ အသုံးပြုဖို့ ပြေးမြင်ရလောက်တဲ့အထိကို သုံးစွဲသူတွေကြားပေါက်ရောက်ခဲ့ပါတယ်။ Education အတွက်လား Entertainment အတွက်လား You Tube မှာ အကုန်လုံးရှိနေပါတယ်။

ကြောငြာတွေအပြင် သာမန်လူတွေကလည်း သူတို့ဆီမှာရှိတဲ့ talent တွေနဲ့ idea အသစ်ဆန်းတွေကြောင့် ကိုယ့်တိုင်ဗီဒီယိုလေးတွေဖန်တီးကာ YouTube ပေါ်တင်ကြရင်းနဲ့ လူကြိုက်များနာမည်ကြီးလာကာ paid YouTuber တွေအဖြစ်ပြောင်းလဲသွားတတ်ကြပါတယ်။ ဒီလို paid YouTuber တွေထဲကမှဒေါ်လာငွေ ဂဏန်း (၇) လုံးအနည်းဆုံးရှိသူများကို တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) PewDiePie – $12 Million

TurboFuture

နာမည်အရင်း Felix Kjellberg ဟာ YouTube မှာ ဆွီဒင်ဟာသသမားအဖြစ် နာမည်ကြီးပါတယ်။ သူ့ကို Subscribe လုပ်ထားတဲ့ ပရိတ်သတ်ကတော့ (၄၃) မီလီယံကျော်ရှိပါတယ်။ သူ့ channel တွေမှာ Minecraft လို video game တွေ ကစားပြလေ့ရှိပြီး တစ်ခါတစ်ရံ live အနေနဲ့ ထုတ်လွှင့်လေ့ရှိပါတယ်။ မကြာသေးမီကပဲ “Scare PewDiePie” ခေါင်းစဉ်နဲ့ သူရင်ဆိုင်ရမှာကြောက်တဲ့ကိစ္စတွေကို challenge လုပ်ပြပြီး ရိုက်ထားတဲ့ ဗီဒီယိုတွေကို အတွဲလိုက်စပြီးတင်နေပါပြီ။

(၂) Smosh – $8.5 Million

Wikitubia – Fandom

ဟာသသရုပ်ဖော်စုံတွဲ Ian Hecox နဲ့ Anthony Padilla တို့အတူတည်ထောင်ထားတဲ့ Smosh channel ဟာ YouTube မှာ subscriber (၅) ဘီလီယံနဲ့ လူကြည့်အများဆုံး channel ပဲဖြစ်ပါတယ်။ သူတို့ကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကို ဟာသအနေနဲ့ ရုပ်ရှင်တစ်ခုလိုရိုက်ကူးပြီး တင်တတ်ပါတယ်။

(၃) The Fine Bros – $ 8.5 Million

n3rdabl3

The Fine Bros ဆိုတဲ့ channel မှာတော့ အသက်အရွယ်တူတဲ့ လူတစ်စုကို ခေါ်ယူကာ စားခိုင်းတာဖြစ်ဖြစ်၊ ကြည့်ခိုင်းတာဖြစ်ဖြစ် တစ်ခုခုလုပ်ခိုင်းပြီး အဲဒီလူတွေရဲ့ တုန့်ပြန်မှုကို ရိုက်ကူးထားပြီး ပြန်လည်မျှဝေ ပေးပါတယ်။ Subscriber အနေနဲ့ကတော့ (၁၇) မီလီယံကျော် ရှိနေပါတယ်။

READ
ပြောမယုံ,ကြုံဖူးမှ ယုံကြမယ့် လက်ရှိကျင့်သုံးနေဆဲ အရပ်ရပ်ကထူးဆန်းတဲ့ဓလေ့ထုံးတမ်းများ

(၄) Markiplier – ခန့်မှန်းချေ $8 Million နှင့်အထက်

Smosh Wiki – Fandom

ဒီ Channel မှာတော့ Let’s Play က video game တွေကို ဆော့ပြတာပဲဖြစ်ပါတယ်။ Subscriber အများဆုံး အဆင့် (၂၄) မှာရပ်တည်နေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုတစ်ခုကို ကြည့်ရှုနှုန်း (၄) ဘီလီယံလောက်ပျမ်းမျှရှိပြီး Subscribers အနေနဲ့ကတော့ (၁၂) မီလီယံရှိနေပါတယ်။ Markiplier ဟာ မကြာသေးမီကမှ Disney Interactive က ဝယ်ယူလိုက်တဲ့ Marker Studios network ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

(၅) Lindsey Stirling – $6 Million

Celebrity Net Worth

Lindsey Stirling ဟာ ဒီမှာဖော်ပြထားတဲ့ တခြားသော YouTuber တွေနဲ့ မတူပါဘူး။ သူမဟာ သူမရဲ့ပါရမီပါလှတဲ့ တယောလက်သံနဲ့ အမြင်ဆန်းတဲ့ ဗီဒီယိုတွေကို ရိုက်ကူးလေ့ရှိပါတယ်။

(၆) CaptainSparklez – ပျမ်းမျှ $4.8 Million

twitter

Channel ပိုင်ရှင် YouTuber ရဲ့နာမည်ကတော့ Jordan Maron ဖြစ်ပါတယ်။ သူဟာလည်း Minecraft video game ကို ကစားပြီး စီးပွားရှာသူပဲဖြစ်ပါတယ်။ Minecraft ဟာအုပ်တွေကို လက်ထောက်စာရေးဆရာအဖြစ် ပါဝင်ရေးသားခဲ့ပြီး တရားဝင် Minecraft game ထဲက ပစ္စည်းတွေကို ကိုယ်စားလှယ်အနေနဲ့ ရောင်းချသူတစ်ဦးပါ။ Viewer ပေါင်း (၁.၉) ဘီလီယံပျမ်းမျှရှိပြီး Hollywood Hills မှာ ဒေါ်လာ (၄.၅) မီလီယံတန်တဲ့ အိမ်တစ်လုံးပိုင်ဆိုင်ထားသူပါ။

(၇) KSI – $ 4.5 Million

www.kickassmusic.com

KSI ကတော့ The Fine Bros တိုလို့ လူတွေရဲ့ reaction တွေကို ရိုက်ကူးပြီး ပြန်လည်မျှဝေတဲ့ video တွေကို သူက reaction ပြန်လုပ်ပြတာတို့ ဒါမှမဟုတ် သူကိုယ်တိုင် video ကြည့်ပြီး ရယ်စရာရှိအားရပါးရရယ်တာတွေ၊ အံ့သြတာတွေစသည်ဖြင့် မျက်နှာဘေးပေါင်းစုံလုပ်ပြတဲ့ YouTuber တစ်ယောက်ပါ။ 2008 FIFA ကို မျက်နှာဘးအမျိုးမျိုးနဲ့ လုပ်ပြီး ဗီဒီယိုတင်ရာကနေ လူကြိုက်များလာခဲ့ပြီး နောက်ပိုင်းမှာတော့ Grand Theft Auto တို့ Mortal Kombat တို့လို game တွေကို ဆော့ပြပြီး ထုတ်လွှင့်တာတွေပါ လုပ်လာခဲ့ပါတယ်။

READ
လူသတ်မှုဖြစ်စေနိုင်တဲ့ အကြောင်းရင်း(၈)ခု

(၈) Rhett + Link – $ 4.5 Million

Good Mythical Morning

သူငယ်ချင်းနှ်စ်ယောက်ဖြစ်တဲ့ Rhett နဲ့ Link ဟာ နာမည်ကြီး “OCD” တို့ “Official Ojai” တို့နောက်ကွယ်က ပဲ့ကိုင်ရှင်တွေပဲဖြစ်ပါတယ်။ ဟာသဥာဏ်ရွှင်တဲ့ သူတို့နှစ်ယောက်ဟာ McDonalds’s တို့ Taco Bell တို့လို brand တွေရဲ့ နောက်ခံတီးလုံးတွေကိုလည်း ဖန်တီးပါသေးတယ်။ အခုတော့ Good Mythical Morning ဆိုတဲ့ subscribers (၁၀) မီလီယံရှိတဲ့ channel သစ်တစ်ခုကို ပိုပြီး အာရုံစိုက်နေကြပါတယ်။

(၉) Michelle Phan – $3 Million

vidcon.com

Make up tutorials တွေတော်တော်များများကို ရိုက်ကူးပြသပေးနေတဲ့ beauty vlogger YouTuber တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ Lancome က မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ကိုယ်ပိုင် cosmetic brand ဖြစ်တဲ့ ICON ကိုလည်း ထုတ်ဝေနေသူဖြစ်ပါတယ်။

(၁၀) German Garmendia – ပျမ်းမျှ $3 Million 

Facebook

သူ့ကိုတော့ တချို့နိုင်ငံတွေမှာပဲ နာမည်ကြီးပေမယ့် ဒီကလူတွေသိပ်မသိကြတာ များပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ဗီဒီယိုတွေအကုန်လုံးဟာ စပိန်ဘာသာစကားနဲ့ပဲ ပြောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ Chilean ဂီတသမားဖြစ်တဲ့အပြင် ဟာသသရုပ်ဖော်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုတွေနာမည်ကြီးတဲ့ အကြောင်းအရင်းကတော့ စကားပြောနေရင်း character တွေတစ်ခုပြီးတစ်ခိုကကို ထူးခြားစွာပြောင်းပြီး စကားပြောနိုင်တာကြောင့်ပါ။

Source : Elite Readers

Penny

SHARE