သင့်အသံကနေ တစ်ဆင့် အမှန်အတိုင်း သိနိုင်မယ့် သင့်ပင်ကိုယ်စရိုက်နဲ့ သင့်အကြောင်း

JoseMourinho/Twitter

သင့်ရဲ့ ပင်ကိုယ်စရိုက်ကို အသံလေးနားထောင်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်းသိနိုင်တယ်ဆိုတာ သင်ယုံမလား။ ကိုယ်ပြောလိုက်တဲ့အသံတွေက စကားတစ်ခုထဲ သပ်သပ်မဟုတ်ဘဲ တခြားကိုယ့်ရဲ့ အမူအကျင့် ပင်ကိုယ်စရိုက်တွေကိုပါ ဖော်ပြနေပါတယ်။ 

အသံနားထောင်ရုံနဲ့ လူတစ်ယောက်ရဲ့ အမူအကျင့်တွေကို ဘယ်လိုမျိုး သိရှိနိုင်မလဲဆိုတာ အချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရေး ကောင်း၊ မကောင်း

လူတစ်ယောက်ရဲ့ အသံကို နားထောင်ကြည့်ပြီး Introvert (ဘာသိဘာသာ နေတတ်သူ)လား Extrovert (ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့ပြောတတ်သူ) လားခွဲခြားနိုင်ပါတယ်။ Extrovert တွေက စကားပြောတဲ့ အခါအသံကျယ်ကျယ် နဲ့ မြန်မြန် ပြောတတ်ကြပြီးတော့ Introvert တွေကတော့ နှေးနှေး နဲ့ ညင်သာစွာပြောတတ်ကြတာပါ။ ပုံမှန်အားဖြင့် Extrovert တွေက လူမှုဆက်ဆံရေး ပိုကောင်းတတ်ကြပြီး Introvert တွေကတော့ အေးအေးနေတတ်ကြသူတွေပါ။

James Earl Jones/Twitter
၂။ ယုံကြည်ရတဲ့သူလား

ဟဲလို လို့တစ်ခွန်းတည်းပြောလိုက်တာကို နားထောင်ကြည့်လိုက်ရုံနဲ့ သူ့ကို ယုံကြည်လို့ရနိုင်မလားဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ ယောက်ျားအများစု ကအဆုံးသတ်အသံကို မြင့်ပြောတတ်တဲ့သူဆို ပုံမှန်အားဖြင့် ယုံကြည်ရတယ်လို့သတ်မှတ်ကြပြီး မိန်းကလေးတွေကတော့ အစပိုင်းမှာ အသံနိမ့်နိမ့်ပြောတတ်ရင် ယုံကြည်ရတယ်လို့ဆိုပါတယ်။

၃။ အရပ်ရှည်တဲ့သူလား

သင့်အသံက သင်အရပ်ရှည်မရှည် ခွဲခြားပေးနိုင်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ အရပ်ရှည်တဲ့သူတွေရဲ့အသံက ပုံမှန်အားဖြင့် ခပ်အုပ်အုပ် ခပ်သြသြ ဖြစ်နေတတ်ကြတာကိုတွေ့ရပါတယ်။

၎။ အရွယ်ရောက်လာပြီလား

မိန်းကလေးတွေမှာ ဓမ္မတာစတင် လာတဲ့အခါ ဟော်မုန်းတွေ၊ စိတ်ခံစားချက်တွေပဲ ပြောင်းလဲတာမဟုတ်ပါဘူး သူတို့ရဲ့ အသံပါလိုက်ပြီးပြောင်းလဲပါတယ်။ မိန်းကလေးတစ်ယောက်အရွယ်ရောက်လာတာကို သူတို့အသံ အရင်ကနဲ့ မတူတော့တာကိုသတိထားပြီးသိနိုင်ပါတယ်။

MarkHamill/Twitter
၅။ ခွန်အားကောင်းတဲ့သူ တစ်ယောက်လား

လေ့လာမှုတွေအရ အားကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံက ကြီးပြီးသြနေတတ်ကြပါတယ်။ နိုင်ငံ အသီးသီးက ယောက်ျားတွေကို သူတို့မိခင်ဘာသာစကားပြောစေခဲ့ပြီး လေ့လာခဲ့ရာမှာ အသံပိုသြတဲ့ သူက အခြားသူတွေထက်ခွန်အားပိုကောင်းတာကိုတွေ့ခဲ့ရပါတယ်။

၆။ တော်တဲ့သူလား ညံ့တဲ့သူလား

သင့်အသံက သင့်ရဲ့ အသက်မွေးဝမ်းကြောင်း ကိုလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။ စကားပြောရင်တုန်ပြီး သေးငယ်တဲ့ အသံတွေက ပညာရေးပိုင်းမှာ အခြားသူတွေထက် အနည်းငယ်နိမ့်နေတတ်ပြီး အလုပ် အင်တာဗျူးတဲ့သူတွေကလည်း ဒီလိုအသံရှင်မျိုးဆိုရင် ရွေးချယ်လေ့သိပ်မရှိကြပါဘူး။

Lwin Min

SHARE