လွဲနေတဲ့မောင်နှမ(၂)ယောက်ကို ပြန်တည့်ပေးမယ့် ကြီးကြီးကျယ်ကျယ် မောင်နှမ(၂)ယောက်

Facebook- ကြီးကြီးကျယ်ကျယ်

ဒီတစ်ပတ်အတွက် ပရိတ်သတ်ကြီးရဲ့ အမောတွေကိုပြေစေနိုင်ဖို့ ညွှန်းပေးချင်တဲ့ ရုပ်ရှင်ကားလေးတစ်ကားရှိနေပါတယ်။ အဲဒါကတော့ “ကြီးကြီးကျယ်ကျယ်” ပါတဲ့။ ရွာက မောင်နှမနှစ်ယောက်နဲ့ မြို့ကမောင်နှမနှစ်ယောက်တို့ရဲ့ အလွဲတွေကိုပြန်တည့်ပေးမယ့် ဇာတ်လမ်းလေးပါပဲ။

သရုပ်ဆောင်တွေအနေနဲ့ကတော့ မြင့်မြတ်၊ ဟိန်းဝေယံ၊ ရွှေမှုံရတီနဲ့ အိချောပိုတို့က အဓိကပါဝင်ထားပြီးတော့ တခြားသော ဇာတ်ပို့၊ ဇာတ်ရံနဲ့ ဟာသသရုပ်ဆောင်တွေလည်း အများကြီးပါဝင်လို့နေပါတယ်။ သူဟာလည်းပဲ ရုံတင်ကားကြီးတစ်ကားဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့ အားပေးမှုအခိုင်အမာရခဲ့တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပေးချင်ပါတယ်။

Facebook- ကြီးကြီးကျယ်ကျယ်
Facebook- ကြီးကြီးကျယ်ကျယ်

ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ရွာမှာ မိန်းမစိတ်ပေါက်နေတဲ့ မြင့်မြတ်နဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ ရွှေမှုံရတီတို့နှစ်ယောက်ဟာ ရွာရဲ့ အော်ကြောလန်အလွဲမောင်နှမနှစ်ယောက်ပေါ့။ မိဘတွေကလည်း ပြောမရဆိုမရဖြစ်နေတဲ့ ဒီမောင်နှမနှစ်ယောက်ရဲ့ ဘဝထဲကို တစ်ရက်မှာတော့ မြို့က ကြီးကြီးကျယ်ကျယ်နဲ့ လူချမ်းသာမောင်နှမနှစ်ယောက် ရောက်လာခဲ့ပါတယ်။ သူတို့ကတော့ ဟိုတယ်ပိုင်ရှင် ဟိန်းဝေယံနဲ့ တစ်ဝမ်းကွဲညီမလေး အိချောပိုတို့ပါ။

Facebook- ကြီးကြီးကျယ်ကျယ်

မြင့်မြတ်က ဟိန်းဝေယံကိုကြိုက်၊ ပေါက်ကျော်မ ရွှေမှုံရတီက အိချောပိုကို သဘောကျနဲ့၊ မြို့ကိုလည်းပါသွား၊ အလွဲကြီးတွေလွဲခဲ့ကြပေမယ့်လို့  နောက်ဆုံး ဘယ်လိုတွေ ဘယ်ပုံ ဘဝမှန်ကိုရောက်ပြီး ပုံစံတွေပါပြောင်းသွားမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ “ကြီးကြီးကျယ်ကျယ်ကို ကြည့်ချင်တယ်ဆိုရင်တော့ အခုပဲ VIU မှာ ကြည့်နိုင်ပါတယ်နော်။

ရုံတင်ကားတွေကို တစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် အခုပဲ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုလိုက်ပါ။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

penny

SHARE