Color Blind ဖြစ်နေသူတွေ ဘယ်လိုအရောင်တွေနဲ့ ကမ္ဘာကြီးကို တွေ့မြင်ရသလဲ….

Color Blind ဖြစ်နေသူတွေဟာ ကမ္ဘာကြီးကို ဘယ်လိုများမြင်တွေ့ကြသလဲဆိုတာ စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို အဖြူရောင်နဲ့ အနက်ရောင် ဒီနှစ်ခုပဲ မြင်ကြတာ မဟုတ်ပါဘူး။ (၉၉) ရာခိုင်နှုန်းသော Color Blind ဖြစ်နေသူတွေဟာ တကယ်တမ်းပြောရရင် အရောင်ကို မြင်နိုင်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အရောင်ကို လက်ခံနိုင်တဲ့စွမ်းရည်ဟာ တိကျမှုမရှိတဲ့အတွက် Color Vision Deficiency အရောင်အာရုံချို့တဲ့ခြင်းဝေဒနာ (CVD) လို့ မှတ်ယူပါတယ်။

Color-blindness.com ၀က်ဆိုက်ဒ်အရ အမျိုးသမီးဦးရေ အယောက်(၂၀၀) မှာ (၁) ယောက်၊ အမျိုးသားဦးရေ အယောက်(၁၂) ယောက်မှာ (၁)ယောက်တို့ဟာ အရောင်အာရုံလက်ခံနိုင်စွမ်း ချို့တဲ့တဲ့ဝေဒနာကို ခံစားကြရပါတယ်။ Color Blind နဲ့ ပတ်သက်လို့ အမျိုးအစားပေါင်းများစွာရှိပါတယ်။ ဒီထဲက ထင်ရှားတဲ့ အမျိုးအစားတွေကတော့ Deuteranomalia (မြင်သမျှအရာတိုင်းဟာ အနည်းငယ် မှုန်မှိုင်းမှိုင်းဖြစ်နေတာ) ၊ Protanopia (မြင်သမျှအရာတိုင်းဟာ အနည်းငယ် အစိမ်းရောင် သန်းနေတာ) ၊ Tritanopia (မြင်သမျှ အရာတိုင်းဟာ အစိမ်းနဲ့ ပန်းရောင်သန်းနေတာ) တို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Color Blind ဖြစ်နေသူတွေဟာ ဖော်ပြထားတဲ့ အမျိုးအစားတွေထဲမှာ ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ (၀.၀၀၀၀၃)ရာခိုင်နှုန်းလောက်ကသာ အရောင်လုံးလုံးမမြင်ရပဲ အဖြူနဲ့ အနက်သာမြင်ရတဲ့ Monochromacy ကို ခံစားနေရတာ ဖြစ်ပါတယ်။

READ
ကျောင်းသားတွေ အသုံးပြုလေ့ရှိတဲ့ စာခိုးချနည်းများ

Normal vision

boredpanda

Deuteranomalia

boredpanda

Protanopia

boredpanda

Tritanopia

boredpanda

Total color blindness (Monochromacy)

boredpanda

အောက်ဘက်မှာတော့ သာမန်ရိုးကျလူတွေ တွေ့မြင်ရတဲ့အရောင်တွေနဲ့ CVD အလိုက် Color Blind ဝေဒနာရှင်တွေ လက်ခံယူနိုင်တဲ့အရောင်တွေ ကွာခြားပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

boredpanda
etsy.com
katyandgeorge
tookapic
valiunic
Joeybatt
boredpanda
Leonid Afremov
boredpanda
Not Another Salon
asmuSe
emily blincoe
Vogue
boredpanda

လင်းလင်း (ShweMom)

Ref: boredpanda

SHARE