ခြေထောက်ကို သံကြိုးနဲ့ချည်ပြီး၊ ဒဏ်ရာတွေပရဗွနဲ့ နှိပ်စက်ခံထားရတဲ့ ကလေး

ဖိလစ်ပိုင်နိုင်ငံ၊ ဆန်ဖာနန်ဒိုမြို့မှာနေထိုင်တဲ့ Jbee Dl Cat လို့ အမည်ရတဲ့ Facebook အသုံးပြုသူတစ်ဦးဟာ မြို့ထဲမှ နေအိမ်ကို လမ်းလျှောက်ပြန်လာစဉ်၊ ကလေးတစ်ဦး ကျောမှီပလက်စတစ်ကုလားထိုင်မှာ ထိုင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အစကတော့ သာမန်သာ တွေ့ခဲ့တာဆိုပေမယ့်၊ သေချာကြည့်လိုက်တဲ့အခါမှာ ကလေးရဲ့ခြေထောက်မှာ သံကြိုးချည်နှောင်ထားတာကို တွေ့လိုက်ရပါတယ်။

Jbee ဟာ သူရဲ့အပေါင်းအပါနဲ့အတူ၊ ကလေးအနီးကို ချဉ်းကပ်ပြီး၊ ခြေထောက်က သံကြိုးတွေကို ဖြုတ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ကလေးမှာ ခြေထောက်၊ ဒူုး၊ လက်မောင်း၊ မျက်နှာ စသည်တို့မှာ ထိုးကြိတ်ကန်ကျောက်ခံထားရတဲ့ ဒဏ်ရာတွေလည်း များပြားစွာရှိနေပြီး၊ ကလေးက Jbee တို့ကို ကြောက်နေတဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

Jbee Dl Cat's 发布于 2017年7月21日

သူတို့အဖွဲ့က ကလေးရဲ့ ခြေထောက်က ချိန်းကြိုးကို ပလာယာနဲ့အသုံးပြုပြီး၊ ဖြုတ်ပေးခဲ့ပါတယ်။ ကလေးကို Jbee တို့အဖွဲ့က သူ့ကို ဘယ်သူတွေက အကြမ်းဖက်ခဲ့တာလဲဆိုတဲ့ မေးခွန်းကို မဖြေသလို၊ သူ ဘယ်သူဘယ်ဝါ၊ သူ့ မိဘတွေက မည်သူတွေ ဖြစ်တယ်ဆိုတာကို ဖြေကြားခြင်း မပြုပါဘူး။

READ
ဘန်ကောက်မြို့က Chatuchak ဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၂၀) ကျော်ပျက်စီး

အင်တာနက်အသုံးပြုသူတွေကတော့ ဒီကိစ္စကို ရဲတပ်ဖွဲ့ဆီ ချက်ချင်းအကြောင်းကြားပြီး ဖော်ထုတ်မှုတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ အချို့လည်း ဒီလို အကြမ်းဖက်မှုတွေ ပြုလုပ်တာဟာ မိဘတွေကိုယ်တိုင်ပင် ဖြစ်နိုင်ကြောင်း ရေးသားခဲ့ပြီး၊ ကလေးကို ပုဂ္ဂိုလ်ရေးအရ သိရှိတဲ့သူတွေအနေနဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE