ပိုက်ဆံတောင်းတဲ့ကလေးက သေနတ်နဲ့ချိန်ပြီးတောင်းနေခဲ့လို့ ထိတ်လန့်ခဲ့ရတဲ့အဖြစ်

Pixabay- MickeyLT, Shutterstock- TheFinalMiracle

မလေးရှားနိုင်ငံမှာ ကားမောင်းတဲ့အခါ မီးပွိုင့်တွေမှာ ကားရပ်ရင် ပိုက်ဆံလာတောင်းတတ်တဲ့ ကလေးတွေရှိပါတယ်။ ဒီအခါ တစ်ချို့သူတွေက ကိုယ့်မှာပါတဲ့ ငွေအကြွေတွေပေးတတ်ကြသလို တစ်ချို့ကျတော့လည်း ပြတင်းပေါက်မှန်တင်ပြီး လျစ်လျူရှုထားကြပါတယ်။ ဒီလိုအခြင်းအရာမျိုးတွေဟာ မထူးဆန်းပေမယ့် ခုတွေ့ရတဲ့ ကလေးကတော့ လူတွေကို သေနတ်နဲ့ချိန်ပြီး ပိုက်ဆံလိုက်တောင်းနေခဲ့ကြောင်း World of Buzz သတင်းဌာနအရ သိရပါတယ်။

Twitter- Sabah Police Depertment

ဒီလိုဖြစ်ရပ်ဟာ မလေးရှားပြည်နယ်တစ်ခုဖြစ်တဲ့ ဆာဘာမှာ ဖြစ်ပွားခဲ့တာပါ။ လူငယ်လေးတစ်ယောက်က ပွိုင့်မှာရပ်နေတဲ့ ကားတစ်စီးကို အရုပ်ပစ္စတိုတစ်လက်နဲ့ ချိန်ထားပြီး ပိုက်ဆံပေးဖို့ တောင်းနေတာပါ။ ရဲတွေက အခင်းဖြစ်ရာနေရာဆီ ရောက်လာပြီးတဲ့နောက် ပစ္စတိုနဲ့ကောင်လေးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီကောင်လေးတင်မကပါဘူး။ ပိုက်ဆံတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံရဲတွေဟာ နောက်ထပ် လူ(၁၅) ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။ အဖမ်းခံရသူအားလုံးဟာ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်အထောက်အထားတစ်ခုခု ကိုင်ထားတာမျိုးလည်း မရှိပါဘူး။

READ
မိသားစု Group Chat ထဲ မှားထည့်မိခဲ့တဲ့ သူစိမ်းက လက်ဆောင်ဝယ်ပေးခဲ့တဲ့ ဖြစ်ရပ်

ရဲဌာနအရတော့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၅) ဦးထဲက (၁၁) ဦးဟာ ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲ အသက်အကြီးဆုံးကတော့ (၃၁) နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုဖမ်းဆီးထားတဲ့ ကလေးလက်ထဲက သေနတ်ကတော့ သူတို့မောင်နှမတွေကို မိခင်ဖြစ်သူက ဆော့ဖို့ပေးထားတဲ့သေနတ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE