ဘဝလက်တွဲဖော်ရှာပေးနိုင်သူကို ဒေါ်လာတစ်သောင်း ဆုပေးမယ့် လူငယ်CEO

လူတိုင်းဟာ စီးပွားရှာပြီး အောင်မြင်မှုတွေကိုမျှဝေဖို့ ပျော်ရွှင်စရာမိသားစုတစ်ခု ပိုင်ဆိုင်လိုတဲ့ စိတ်ကူးအိမ်မက်တွေ ကိုယ်စီရှိကြပါတယ်။ အသက် ၃၀ အရွယ် Joe Cohen ဟာ Selfhacked လို့ခေါ်တဲ့ ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားပြီ အောင်မြင်မှုကိုပိုင်ဆိုင်ထားတဲ့ CEO လူငယ်တစ်ဦးလည်းဖြစ်ပေမယ့် သူ့ဘဝအတွက်  သင့်တော်မယ့် ဘဝလက်တွဲဖော်တစ်ဦးကိုတော့ အခုထိ ရှာဖွေနေတုန်းပါ။

Photo source: Internet

“ကျွန်တော် လမ်းမှာတွေ့တဲ့ အမျိုးသမီးတွေကို ချည်းကပ်ခဲ့ပါတယ်။ ဘားလိုနေရာတွေ တွေ့ဆုံပွဲတွေနဲ့ တခြားပွဲတွေမှာလည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

Photo source: Internet

အခုအချိန်မှာတော့ သူအတွက် မှန်ကန်တဲ့ လမ်းကို ညွှန်ကြားပေးနိုင်သူကို ဒေါ်လာတစ်သောင်း ဆုချမယ်လို့ ကမ်းလှမ်းလိုက်ပါတော့တယ်။ သူ့အတွက် “အမျိုးသမီးတစ်ဦးနှင့် ချိတ်ဆက်ပေးနိုင်တဲ့သူ”ကိုထပ်ပြီး တစ်ဆင့် မိတ်ဆက်ပေးနိုင်မယ့်သူအတွက်လည်း ဒေါ်လာ နှစ်ထောင်ကမ်းလှမ်းထားပါသေးတယ်။ သူ့ရဲ့ကိုယ်ပိုင်ဝက်ဆိုဒ်ကို အသုံးပြုပြီး အဆိုပါ CEO လူငယ်လေးအကြောင်းကို သိရှိလိုတာမှန်သမျှ ရှာဖွေနိုင်ကြောင်းလည်း သိရှိရပါတယ်။

READ
၁၀စက္ကန့်အတွင်း နက်ခ်တိုင်အလွယ်ချည်နည်း
Photo source: Internet

“ဒီဝက်ဆိုဒ်ကို ဝင်ကြည့်သူအများအပြားရှိတာကိုကျွန်တော်သိပါတယ်။ ဒီနေရာမှာ ကျွန်တော် ကျယ်ကျယ်ပြန့်ပြန့် ကြေညာနိုင်ပါတယ်။ တကယ်လို့ ကျွန်တော့်အတွက် စီစဉ်ပေးနိုင်တဲ့သူကို သင့်တော်တဲ့ ဆုကြေး ဆုချမယ့်အကြောင်း ကျွန်တော်ကမ်းလှမ်းလိုက်တာနဲ့ အဲ့ဒီကြော်ငြာကို ဝင်ကြည့်သူဦးရေ တိုးပွားလာတာကို တွေ့ရပါတယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။

Photo source: Internet

သူက လေးလအတွင်း အမျိုးသမီးတစ်ဦး နဲ့ အောင်အောင်မြင်မြင် ချိန်းဆိုနိုင်တဲ့အခါမှသာ ဆုကြေးကို ထုတ်ပေးမှာဖြစ်ပြီး အဲ့ဒီလေးလကလည်း ငွေကြေးတစ်ခုထဲကိုသာ ရယူလိုတဲ့အမျိုးသမီးဟုတ်မဟုတ် စမ်းသပ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

SiThu (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE