Friday, April 19, 2024
HomeLifestyleမကြာခဏ ခရီးထွက်တဲ့လူတွေက ခရီးလုံးဝမသွားတဲ့လူတွေထက် ပိုမိုပျော်ရွှင်နိုင်ကြောင်း သိရ

မကြာခဏ ခရီးထွက်တဲ့လူတွေက ခရီးလုံးဝမသွားတဲ့လူတွေထက် ပိုမိုပျော်ရွှင်နိုင်ကြောင်း သိရ

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီးကြောင့် နိုင်ငံတော်တော်များများမှာ ခရီးသွားလာခွင့်တွေ ပိတ်ထားတာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ခရီးသွားတယ်ဆိုတာ လူသားတိုင်းရဲ့ စိတ်ကို ပျော်ရွှင်စေပြီး လုံးဝကို relax ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ခရီးထွက်ဖို့ကို လုံးဝမကြိုက်တဲ့ လူတွေလည်း ရှိပါတယ်။တစ်ချို့ကျတော့လည်း ကိုယ့်အိမ်ကလွဲပြီး ဘယ်ကိုမှ မသွားမလာချင်တဲ့ လူတွေရှိသလို တစ်ချို့ကျပြန်တော့်လည်း ခရီးသွားရင် ကုန်ကျမယ့် စရိတ်တွေ၊ ငွေရေးကြေးရေးတွေကြောင့် ခရီးထွက်ရတာကို လုံးဝမကြိုက်တဲ့ လူတွေလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခရီးသွားတယ်ဆိုတာ စိတ်ကို အပန်းဖြေပြီး ဘဝအမောတွေပြေစေနိုင်တာကြောင့် မကြာခဏခရီးသွားတာဟာ အကောင်းဆုံးပါပဲ။

woman sitting on luggage
Photo by Anna Shvets on Pexels.com

မကြာခဏ ခရီးထွက်တာဟာ ကောင်းတဲ့အလေ့အျကင့်တစ်ခုဖြစ်ကြောင်း ပညာရှင်တစ်ချို့ရဲ့ လေ့လာတွေ့ရှိမှုတစ်ခုကို ပြောပြပေးချင်ပါတယ်။ အဆိုပါ လေ့လာမှုကို ပြုလုပ်ခဲ့တဲ့ ပညာရှင်ကတော့ Washington State University မှာ လက်ထောက်ပရော်ဖက်ဆာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Chun-Chu Chen အမည်ရ ပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Chen ဟာ လူအယောက် ၅၀၀ ကျော်ကို စစ်တမ်းတစ်ခု ပြုလုပ်ပြီး စာရင်းကောက်ခဲ့ရာ မကြာခဏ ခရီးသွားနေတဲ့ လူတွေရဲ့ စိတ်ဟာ လုံးဝခရီးမသွားတဲ့ လူတွေရဲ့ စိတ်ထက်စာရင် ၇ ရာခိုင်နှုန်းလောက် ပိုမိုပျော်ရွှင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

women s gray dress
Photo by Oleksandr Pidvalnyi on Pexels.com

“သာမန်လူတစ်ယောက်မှာ အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ နှလုံးသားရေးရာကိစ္စတွေ၊ ငွေရေးကြေးရေးပြသနာတွေဆိုတာ အနည်းနဲ့ အများရှိတတ်ပါတယ်။ လူတစ်ယောက်ခရီးထွက်တဲ့ အချိန်မှာ ရရှိနိုင်တဲ့ စိတ်ခံစားမှုမျိုးက အဲဒီခံစားနေရတဲ့ စိတ်ဒုက္ခတွေကို အတော်အတန် လျော့ပါးသွားစေပြီး စိတ်ကို relax ဖြစ်စေပါတယ်။ ရှင်းရှင်းပြောရရင် ဖုန်းတစ်လုံးကို restart ချလိုက်သလိုပေါ့။ တော်တော်လေးကို စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ခရီးမထွက်တဲ့လူတွေကျတော့ အဲဒီ စိတ်ဒုက္ခတွေမှာ အချိန်ပြည့်ပိတ်မိနေပြီး ရုန်းမထွက်နိုင်တာ များပါတယ်။ ဒါ့ကြောင့် မကြာခဏခရီးထွက်ခြင်းဟာ တစ်ကယ့်ကိုကောင်းတဲ့ အလေ့အထတစ်ခုပါပဲ”လို့ Chen က Travelmarketreport သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

person holding world globe facing mountain
Photo by Porapak Apichodilok on Pexels.com

Pyi Hein Kyaw

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading