ကျောင်းထွက်ခဲ့လို့ ဖခင်ရဲ့ပြစ်တင်မှုကိုခံခဲ့ရတဲ့သား၊ ဖခင်မှားကြောင်း သက်သေပြနိုင်ခဲ့

Facebook/TylerBall

ကျောင်းတက်တာ ပညာသင်တာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် အနာဂတ်ခြေလှမ်းတွေ ပီပြင်နိုင်ဖို့ ကျောင်းတွေဟာ အလွန်အရေးပါပါတယ်။ ပညာရေးကပဲ လူတစ်ယောက်ရဲ့ဘဝကို အချိုးအကွေ့ပြင်းထန်စွာနဲ့ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့သော သူတွေကတော့ ကျောင်းထွက်လိုက်မှပဲ ကံဇာတာတက်ပြီး၊ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတာမျိုးလည်း ရှိပါတယ်။ လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်နိုင်မှာပေါ့။

အင်္ဂလန်နိုင်ငံ၊ Milton Keynes  မြို့မှာနေထိုင်တဲ့ အသက်(၂၀)အရွယ် Tyler Ball အမည်ရ ကောင်လေးကတော့ ဖခင်ဖြစ်သူနဲ့ အတိုက်အခံဖြစ်ပြီး ကျောင်းကနေ စောစီးစွာ ထွက်ခဲ့သူပါ။ ဖခင်ဖြစ်သူက ဘဏ်ထဲမှာ ဂဏန်းခြောက်လုံးလောက် သိမ်းထားနိုင်ပြီဆိုမှ ကျောင်းက ထွက်သင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အခုတော့ Tyler ဟာ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်နေပါပြီ။

Facebook/TylerBall

သူဟာ ဖခင်ရဲ့သူငယ်ချင်းအရင်းဖြစ်သူ Matt Edge နဲ့ ‘BALLS’အမည်ရ အမျိုးသား တစ်ကိုယ်ရေသုံးပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ ဒီလုပ်ငန်းလုပ်ဖို့ Tyler အနေနဲ့ သူ့ညီလေးတစ်ယောက် ကတ်ကြေးတစ်လက်နဲ့ အောက်ပိုင်းသန့်ရှင်းရေးလုပ်နေတာကို မြင်ပြီး စိတ်ကူးရခဲ့တာပါတဲ့။

သူ့လုပ်ငန်းက အဓိကအားဖြင့် အမျိုးသားအောက်ပိုင်းရှင်း Razor တွေ ထုတ်လုပ်တာပါ။ အခုဆိုရင် နိုင်ငံပေါင်း (၁၅၀)မှာ တွင်ကျယ်စွာ ရောင်းချနေရပြီး၊ လုပ်ငန်းစလို့ တစ်လအတွင်းမှာ အမြတ်ငွေ ပေါင်(၅)သိန်းအထိ ရရှိခဲ့ပါတယ်။ ယခုနှစ်ကုန်မှာပဲ သူရဲ့အမြတ်ငွေဟာ ပေါင်(၉)သန်းလောက်အထိ ရှိသွားဖို့များပါတယ်။

int.balls.co

အခုဆိုရင် Rozor ပေါင်း (၁၂၀၀၀၀)ထုတ်လုပ်ပြီးပြီဖြစ်ပြီး၊ တစ်ခုကို (၅၅)ပေါင်အထိ ရောင်းဈေးရှိပါတယ်။ အဆိုရင် ‘BALLS’ရဲ့ထုတ်ကုန်တွေဟာ UK အမျိုးသားတွေရဲ့ (၆၂)%အထိ အားပေးထောက်ခံမှု ရရှိထားပြီး၊ ကမ္ဘာတစ်လွှားဈေးကွက်ရဲ့ တန်ဖိုးကတော့ ပေါင် (၉၅)ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။

သူဟာ အသက်(၁၇)နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး၊ အွန်လိုင်းပေါ်ကနေ လျှပ်စစ်ထုတ်ကုန်တွေ ရောင်းချခြင်းဖြင့် ပထမဆုံး ပေါင်(၁)သိန်းကိုစုဆောင်းကာ ဖခင်ရဲ့ စကားကို ချေပနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဖခင်ရဲ့စကားဟာ သူ့အတွက် အကျိုးရည်ရွယ်တာဖြစ်ပြီး၊ ဒီစကားကြောင့်ပဲ ကျောင်းပြင်ပ လူနေမှုဘဝကိုေ အာင်မြင်အောင် လုပ်နိုင်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။

Facebook/TylerBall

Tyler ဟာ ကျောင်းကထွက်ထွက်ချင်း တရုတ်အွန်လိုင်း အရောင်းအဝယ်ဆိုက်ဖြစ်တဲ့ Alibaba ကနေ iPhone နားကြပ်၊ ဘက်ထရီအားသွင်းစက်တွေ ရောင်းခဲ့တာပါ။ အဲဒီနောက် တန်ဖိုးကြီးမျက်မှန်တွေ စမ်းသပ်ရောင်းချခဲ့ပါတယ်။ ဒီကနေ သူဟာ ဈေးကွက်ဖြန့်ကျက်မှုသဘောတရားကို အလွယ်တကူတတ်မြောက်သွားခဲ့ပါတယ်။

ဒီလိုနဲ့ သူဟာ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ဖို့ စိတ်ကူးရခဲ့ပြီး၊ သူဘာလုပ်ရမလဲဆိုတာကို ကတ်ကြေးတစ်လက်နဲ့ ရေချိုးခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ ညီလေးက လမ်းပြပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သားဖြစ်သူရဲ့အောင်မြင့်မှုအတွက် ဖခင် David ကတော့ ဂုဏ်ယူနေပါတယ်။

သူက “ သူ့မှာ ပိုက်ဆံ ဘယ်လောက်အထိ ရခဲ့ပြီဆိုတာကို ကျွန်တော့်ကို ပြောတော့ ကျွန်တော် တုန်လှုပ်သွားတယ် … အိုး ငါ့ထက်တောင် ပိုက်ဆံ ရှာနိုင်ပြီဟလို့ တွေးခဲ့မိတာကို အမှတ်ရနေပါတယ် … သူက တကယ် အံ့သြဖို့ကောင်းတဲ့ လူငယ်လေးပါ … သူ လုပ်ခဲ့တဲ့အရာတွေအတွက် ကျွန်တော် အလွန်ဂုဏ်ယူရပါတယ် .. ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE