ဓာတ်ပုံတွဲရိုက်ထားတဲ့မိခင်ကို ချစ်သူနဲ့မှားနေကြလို့ ပွဲဆူနေတဲ့ ဖိလစ်ပိုင်လူမျိုးများ

Jonathan Nguyen/Facebook

အာရှသူတွေရဲ့ကံကောင်းမှုလို့ပဲ ဆိုရမလားပဲ။ ရွယ်တူ အာရှသူနဲ့အနောက်နိုင်ငံသူတွေကို ယှဉ်လိုက်တဲ့အခါ ၁၀၀% နီးနီးလောက်က အာရှသူတွေပိုနုကြတယ်ဆိုပြီး မှတ်ချက်ပေးကြမှာပါ။ ဒါကြောင့်လည်း မအိုဆေးစားထားကြတဲ့ အာရှသူတွေဆိုပြီး ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေကြတာပေါ့။

ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်ရဲ့ နုပျိုမှုကို အနောက်နိုင်ငံကမဟုတ်ဘဲ အာရှသားအချင်းချင်း ပြန်လက်လံနေရတဲ့ သတင်းတစ်ခုကို Next Shark မှာ ဖတ်ခဲ့ရပါတယ်။ သတင်းဖတ်ဖတ်ပြီးချင်း ကိုယ်တောင် တကယ်မျက်လုံးပြူးသွားပြီး အသက်ဘယ်အရွယ်လဲသိချင်သွားတယ်။ ဖြစ်ပုံကတော့ဒီလို။

Did you guys like the live stream yesterday?! This coming up week I’m going to live stream at the OC Fair. ☺️https://www.instagram.com/p/BzwbfdOB2jM/?igshid=1czg1ctwtb9jt

Posted by Jonathan Nguyen on Wednesday, July 10, 2019

Jonathan Nguyen ဆိုတဲ့ ဖိလစ်ပိုင်သားလေးဟာ သူ့ရဲ့ Facebook က My Day မှာ အမျိုးသမီးတစ်ယောက်နဲ့ ဓာတ်ပုံတွဲတင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျောင်းတက်နေတဲ့ Jonathan ဟာ ကျောင်းမှာ လူချစ်လူခင်များပြီး နာမည်ကြီးတဲ့ ဆယ်လီတစ်ယောက်ဖြစ်လေတော့ သူ့ရဲ့ fan တွေဟာ My Day က ပုံတွေကို screenshot ရိုက်ကာ တစ်ဆင့်မှတစ်ဆင့်ပြန့်သွားခဲ့ပြီး ဒါဟာ Jonathan ရဲ့ ချစ်သူလား၊ Jonathan တစ်ယောက် ရည်းစားများရသွားပြီလားဆိုပြီး မိခင်ကို ချစ်သူနဲ့ မှားကြပါတော့တယ်။

READ
မြန်မာ့သူရဲကောင်းလေယာဉ်မှူးအကြောင်း နိုင်ငံတကာ သတင်းဌာနများက ချီးကျူးဖော်ပြခဲ့

မှားလည်းမှားချင်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ Jonathan ရဲ့ မေမေနုချက်က Jonathan တောင် မမှီပါဘူး။ အသားအရည်ဝင်းလဲ့နေပြီး နုနယ်လှတဲ့ မျက်နှာလေး၊ ခန္ဓာကိုယ်အချိုးအစားဆိုတာလည်း လူငယ်ကောင်မလေးတွေတောင် အရှုံးပေးရလောက်တဲ့အထိ ကျစ်လျစ်သွယ်လျနေတာကို ပုံတွေကနေ မြင်ရမှာပါနော်။

Jonathan Nguyen/Facebook
Jonathan Nguyen/Facebook
Jonathan Nguyen/Facebook
Jonathan Nguyen/Facebook

Jonathan ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချစ်သူမဟုတ်ဘဲ မိခင်ဖြစ်ကြောင်း ချက်ချင်းဆိုသလို ပြန်လည်ဖြေရှင်းထားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ သတင်းဌာနတွေမှ ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းတွေရေးရာမှ နိုင်ငံအနှံ့ကို ပျံ့သွားခဲ့တာပါ။ မိခင်တင် နုပျိုပြီး ချောတာမဟုတ်ပါဘူး၊ သားလေး Jonathan ဟာလည်း ခန့်ခန့်ချောချောနဲ့ ချစ်ဖို့ကောင်းနေပါသေးတယ်နော်။ Follow ရအောင် account ထည့်ပေးလိုက်တယ်။

New post! ☺️ chào bạn!💕Kamusta, Kaibigan!

Posted by Jonathan Nguyen on Sunday, 28 July 2019

I will go live on ”Ngam Saoi Ca Toan The Gioi” ☺️💕 in 10 minutes!

Posted by Jonathan Nguyen on Sunday, 23 June 2019

Penny
SHARE