ပိုက်ဆံစုခြင်းဟာ ချမ်းသာဖို့အတွက် အသေချာဆုံး နည်းလမ်းလို့ ပြောခဲ့တဲ့ လူငယ်မီလျံနာ

Instagram/TannerChidester

မိဘချမ်းသာမှုကြောင့် Rich kid ဘ၀နဲ့ချမ်းသာကြွယ်ဝတဲ့ လူတွေထက် ကိုယ့်ထူးကိုယ်ချွန်ပြီး အောင်မြင်လာတဲ့လူတွေက အတွေ့အကြုံတွေ အခက်အခဲတွေများစွာရှိကြပါတယ်။ ဒီလို လူတွေကို အားကျတယ်ဆိုရင်တော့ သူတို့ဘယ်လိုကြိုးစားလည်း ငွေကိုဘယ်လိုကိုင်တွယ်လဲ သူ့နည်းလမ်းတွေကဘာလဲ ဆိုတာကို လေ့လာဖို့လိုပါတယ်။

အခုလည်းကိုယ်တိုင်ကြိုးစားပြီး မီလျံနာဖြစ်လာတဲ့ Tanner Chidester က ချမ်းသာဖို့ တဖြေးဖြေးသွားတဲ့နည်းလမ်းဟာ စုဆောင်းခြင်းပါတဲ့။ သူဟာ အသက်(၂၈)နှစ်မရောက်ခင်မှာ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ကန်ဒေါ်လာ(၁)သန်းရှိနေပါပြီလို့ဆိုပါတယ်။ ဒီငွေတွေဟာ သူတည်ထောင်ထားတဲ့ Fit Warrior နဲ့ Elite CEOs ဆိုတဲ့ လုပ်ငန်းနှစ်ခုကြောင့် ရလာတာပါ။

 

သူ အသက်(၂၂)နှစ်မှာ Texas A&M တက္ကသိုလ်က ထွက်ပြီး body fitness နဲ့  body ပိုင်းဆိုင်ရာအတွက် eating plan တွေနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စလုပ်ခဲ့တယ်။

သူ အလုပ်စလုပ်ပြီး နှစ်နှစ်လောက်မှာ  ဒီပရိုဂရမ်တွေကနေ ဒေါ်လာ (၂)ထောင်လောက်ပဲ ငွေရှာနိုင်သေးတယ်။ အဲ့ဒီနောက်မှာ သူ့လုပ်ငန်းနဲ့ပတ်သက်ပြီး ပေးစရာရှိတဲ့ အခွန်တွေ bills တွေပေးနိုင်ဆောင်နိုင်ဖို့ Olive Garden မှာ (၆)နာရီ အချိန်ပိုင်းဝန်ထမ်း ၀င်လုပ်ခဲ့ရပါသေးတယ်။

 

အရင်က သူ အပြင်မှာ fitness programs တွေအတွက် ဒေါ်လာ(၄၀)လောက်ပဲရခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ရဲ့ body fitness ဆိုင်ရာလုပ်ငန်းတွေကို အွန်လိုင်းကနေ ဘယ်လိုထိုးဖောက်ရင် ဖြစ်နိုင်မလဲဆိုတာ သတိထားမိသွားခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သူတွေ၊ အပြင်မှာအချိန်ပေးမကစားနိုင်တဲ့သူတွေရှိတော့၊ ဒီလူတေကို တစ်ယောက်ချင်း အွန်လိုင်းပေါ်ကနေ body fitness ပိုင်းနဲ့  eating planအပိုင်းတွေကို ကန်ဒေါ်လာ(1,500) နဲ့ အထက် high ticket priceတွေ လုပ်လိုက်တဲ့အခါ သူငွေတွေပိုရှာနိုင်လာခဲ့တယ်။ အဲ့အချိန်က သူ့အသက်(၂၅)နှစ်ရှိပြီဖြစ်ပါတယ်။

သူအဲ့လိုတွေစလုပ်လာတဲ့အခါ တဖြေးဖြေးအောင်မြင်လာရင်း သူ့အသက်(၂၇)မှာ တစ်ပတ်ကို ဒေါ်လာတစ်သောင်း၊ တစ်လကို ဒေါ်လာ(၃)သောင်းကနေ (၅)သောင်းကြားရှာနိုင်လာခဲ့တယ်။

 

 

View this post on Instagram

 

Ever feel like you’re gonna go crazy trying to balance everything all at the same time? Ultimately overwhelm comes from having no clear path or direction. OR From information overload and not understanding which path to take. Once you understand and have one clear path laid out in front of you, it becomes so much easier to create balance and get results whether in business or life. Most individuals work really hard but go nowhere. Or run in circles doing all the wrong things or doing to many things at once. How to fix this? The most simple and fast way is simply to hire someone whose been where you’re at doing what you wanna do. If you need help you know what to do.

A post shared by FITNESS | ENTREPRENEUR | COACH (@tanner.chidester) on

 Chidester က သူအဓိကပြောချင်တာကတော့ ချမ်းသာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းက ၀င်ငွေကို focus လုပ်ပြီး ပိုက်ဆံစုဆောင်းနိုင်ဖို့က အရေးကြီးဆုံးပဲလို့ဆိုပါတယ်။

တကယ်လို့ သင်က တစ်လကို ဒေါ်လာသုံးထောင်လောက်ပဲ ရှာနိုင်ရင်တော့သ သင့်ရဲ့စားစရိတ်၊ နေစရိတ်၊ လိုအပ်တဲ့ အသုံးစရိတ်စာတာတွေအတွက် တစ်လကို သင်(၅၀၀)(၁၀၀၀)လောက်ပဲ အများဆုံးစုနိုင်လိမ့်မယ်။ ဒါပေမယ့်သင့်ဝင်ငွေပိုများမယ်ဆိုရင်တော့  သင်မသုံးမဖြစ်အသုံးစရိတ်တွေကိုဖယ်ပြီးတဲ့အခါ သင်ပိုက်ဆံပိုစုမိလာလိမ့်မယ်။ အကြံပေးချင်တာကတော့ အတတ်နိုင်ဆုံးပိုက်ဆံကို စုဖြစ်အောင်ကြိုးစားပါလို့ Chidester က CNBC Make It ကနေ ပြောပြဝေမျှပေးခဲ့ပါတယ်။

Khaing Sandar

SHARE