Fortnite ဂိမ်းကြောင့် နေ့ချင်းညချင်း မီလီလျံနာဖြစ်သွားခဲ့ကြတဲ့ လူငယ်လေး ၈ ယောက်

@FortniteGame/Twitter

ကမ္ဘာပေါ်မှာ အဆော့အများဆုံးအွန်လိုင်းဂိမ်းဟာ အခုဆိုရင် Fortnite လို့ဆိုရမှာပါပဲ။ တချို့တွေကတော့ Fortnite ကို စိတ်အပမ်းဖြေရုံလောက်သာ အပျော်သဘောနဲ့ ဆော့ကြတာဖြစ်ပေမယ့်လို့ တချို့သောလူငယ်လေးတွေကတော့ ဒီဂိမ်းကြောင့်ပဲ ကမ္ဘာကျော်ဖြစ်ကာ နေ့ချင်းညချင်းကို မီလီလျံနာသူဌေးလေးတွေ ဖြစ်သွားခဲသူလေးတွေလည်း ရှိလို့နေခဲ့ပါတယ်။ ၂၀၁၉ အတွက် Fortnite World Champion ကတော့ အသက် ၁၆ နှစ်အရွယ်ချာတိတ်လေးတစ်ယောက်ပါ။ အနိုင်ရသူအပါအဝင် ဒီပွဲမှာ ဆုကြေးငွေအများဆုံးရသွားခဲ့တဲ့ လူငယ်လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။

 

(၁) အသက် ၁၆ နှစ်အရွယ် Kyle “Bugha” Giersdorf ကတော့ solo ဆော့ပြီး အနိုင်ရသွားကာ ချန်ပီယံဖြစ်သွားခဲ့တဲ့အပြင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သန်းကိုလည်း အိမ်ပြန်သယ်သွားနိုင်ခဲ့ပါတယ်။

@FortniteGame/Twitter

(၂) Harrison “Psalm” Chang ကတော့ solo ပွဲမှာ ဒုတိယနေရာအဖြစ် အနိုင်ရခဲ့ကာ ဆုကြေးငွေ ၁.၈ သန်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

Lotta makeup 😩

A post shared by Harrison Chang (@clg_psalm) on

(၃) နှစ်ယောက်တွဲဆော့ရတဲ့ duo ပွဲမှာတော့ Emil “Nyhrox” Bergquist Pedersen နဲ့ David “Aqua” Wang တို့က ဒေါ်လာ ၁.၅ သန်းဆီ ရရှိခဲ့ကြပါတယ်။

READ
ပြေးရမှာအပျင်းကြီးသူတွေပါဝင်တဲ့အပြေးပြိုင်ပွဲပြုလုပ်ပြီးရန်ပုံငွေအမြောက်အမြားရှာဖွေနိုင်ခဲ့
@FortniteGame/Twitter

(၄) နေယ်ကထပ် solo မှာ ဆုရခဲ့သူကတော့ တတိယဆုရခဲ့တဲ့ Shane “EpikWhale” Cotton ပါ။ ဆုကြေးငွေကတော့ ဒေါ်လာ ၁.၂ သန်းပါတဲ့။

 

 

View this post on Instagram

 

Lookin at that $1.5 mil im about to win tomorrow in that fire NRG merch 🔥👀 https://shop.nrg.gg/

A post shared by Shane (@epikwhale_) on

(၅) Dave “Rojo” Jong နဲ့ Jaden “Wolfiez” Ashman တို့ကတော့ တစ်ယောက်ကို ဒေါ်လာ ၁,၁၂၅,၀၀၀ ဆီ အိမ်ပြန်သယ်သွားကာ duo မှာ ဒုတိယဆုရရှိခဲ့ကြပါတယ်။ Jaden Ashman ကတော့ အသက် ၁၅ နှစ်သာ ရှိပါသေးတယ်တဲ့။ ဒါကတော့ Jaden Ashman နဲ့ အတိတ်တုန်းက X-Box ဂိမ်းးစက်ကို လွှတ်ပစ်ဖူးခဲ့တဲ့ သူ့ရဲ့မေမေပါ။

READ
စစ်မှုထမ်းပြီး ပြန်လာတဲ့သားကို ဘယ်သူမှ မထင်ထားတဲ့ပုံစံနဲ့ ကြိုခဲ့တဲ့ဖခင်

 

(၆) Nate “Kreo” Kou ကတော့ solo မှာ စတုတ္ထနေရာရရှိခဲ့ပြီး ဒေါ်လာ ၁,၀၅၀,၀၀၀ ကို ပိုင်ဆိုင်ခဲ့ပါတယ်။

Twitch

Penny

SHARE