နည်းပညာလောကရဲ့ အသက်အငယ်ဆုံး App developer (၇) ဦးအကြောင်း

ကြိုးစားချင်စိတ်သာရှိရင် အင်တာနက်ပေါ်မှာ ဘာမဆို ကိုယ်တိုင်လေ့လာလို့ရတဲ့ ဒီခေတ်ထဲမှာတော့ ရည်မှန်းချက်တွေအတွက် အသက်အရွယ် ငယ်လွန်းတယ်ဆိုတာ မရှိတော့ပါဘူး။ ဒီိလူငယ်လေးတွေကတော့ သူတို့ဘာသာသူတို့ code ရေးနည်းတွေကို လေ့လာသင်ယူပြီးနောက် ကိုယ်ပိုင် app တွေ တီထွင်နိုင်ခဲ့ကြတဲ့ developer လေးများပါ။ တစ်ချိန်မှာ အိုင်တီလောကရဲ့ လင်းလက်တဲ့ ကြယ်ပွင့်လေးများလည်း ဖြစ်လာကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

1. Michael Sayman (Age 18)

hongkiat

Michael ဟာ ၁၂ နှစ်သားကတည်းက code ရေးတတ်ခဲ့ပြီး တစ်နေ့မှာ သူ့ညီမက သူငယ်ချင်းတွေနဲ့ စကားလုံးဖွက်တမ်းကစားနေတာကို တွေ့ခဲ့ရာမှ 4 Snaps ဆိုတဲ့ စာလုံးရှာတဲ့ ဂိမ်းကို တီထွင်ခဲ့ပါတယ်။ ၁၇ နှစ်မှာ Facebook မှာ အလုပ်သင်အနေနဲ့ ဝင်လုပ်ခွင့်ရခဲ့ပြီး သူ့ရဲ့ ဂိမ်းဝင်ငွေကနေလည်း မိသားစုအတွက် ထောက်ပံ့မှုတွေတောင် လုပ်ပေးနိုင်ခဲ့သူပါ။

2. Ethan Duggan (Age 14)

Las Vegas Review-Journal

Ethan ဟာ တစ်ရက်မှာ သူ့အမေက ဝတ်စုံပေါင်း များစွာဝတ်ကြည့်ပြီး သူ့သားကို ဘယ်လိုနေလဲ ဆက်တိုက်မေးခဲ့ရာမှ ဖြေရတာမောလာတဲ့ ၁၂ နှစ်သားလေးခမျာ အိုင်ဒီယာတစ်ခု ရသွားခဲ့ပါတယ်။ ဇနီးသည်တွေရဲ့ မေးခွန်းပေါင်းများစွာကို ခင်ပွန်းတို့ အလွယ်တကူဖြေနိုင်မယ့် app တစ်ခု ထုတ်ဖို့ပါ။ JavaScript ကို ဖခင်ဆီက သင်ယူထားပြီးဖြစ်တဲ့ Ethan ဟာ ဇနီးတို့ရဲ့ မေးခွန်းတွေအတွက် အဖြေတွေ စုစည်းထားတဲ့ app ကို LazyHusband ဆိုတဲ့ နာမည်နဲ့ ဖန်တီးခဲ့ပါတယ်။ အောင်မြင်သွားတဲ့အတွက် နောက်ပိုင်းမှာ LazyWife ၊ LazyKid စတဲ့ app တွေကိုပါ ထပ်ထုတ်ခဲ့ပါတယ်။

READ
ကမ္ဘာနဲ့ အရွယ်အစားတူပြီးနေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်(၇)လုံးကို NASA မှ တွေ့ရှိကြောင်းကြေငြာ

3. Maximillian Polhill (Age 16)

GamesFiends.com

ရူပဗေဒကို စိတ်ဝင်စားတဲ့ Maximillian ကတော့ သူ ၁၅ နှစ်အရွယ်မှာ အာကာသတွေ၊ ဂြိုဟ်သားတွေနဲ့ ဆိုင်တဲ့ Stellar Alien ဆိုတဲ့ ဂိမ်းကို တီထွင်ခဲ့ပါတယ်။ HTML5 နဲ့ ရေးတာဖြစ်တဲ့အတွက် Android မှာတော့ ကစားလို့မရပေမယ့် Chrome Web နဲ့ Firefox မှာတော့ ကစားလို့ရပါတယ်။

4. Arjun Kumar (Age 15)

Twitter

Arjun ဟာ ၂၀၁၂ တုန်းက ကျင်းပတဲ့ MIT App Inventor Contest ဆိုတဲ့ app တီထွင်မှုပြိုင်ပွဲမှာ ပထမဆုရခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ app ကတော့ ကျောင်းသားမိဘတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ကိုယ့်ကလေးရဲ့ ကျောင်းကားရဲ့ တည်နေရာ၊ အိမ်ကို ကျောင်းကားက ဘယ်အချိန်ဆိုက်မလဲ စတာတွေကို ခြေရာခံနိုင်တဲ့ app မျိုးဖြစ်ပါတယ်။

5. Ryan Orbuch and Michael Hansen (Age 18)

Times Union

လုပ်စရာရှိတာတွေကို မှတ်တဲ့ scheduling app ကို Ryan က အရင်ဖန်တီးနေခဲ့တာဖြစ်ပေမယ့် ထိုစဉ်က သူ့အတွက် စာမေးပွဲတွင်းလည်း ဖြစ်နေခဲ့တဲ့အတွက် သူငယ်ချင်း Michael ကို လွှဲပေးခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ၂ ယောက်အတူ ဆက်လက်ပူးပေါင်းပြီး app ကို ဖန်တီးခဲ့ကြပါတယ်။ ထိုစဉ်တုန်းက ၂ ယောက်လုံးက အသက် ၁၅ နှစ်ပဲ ရှိခဲ့ကြသေးပြီး ၂၀၁၃ ခုနှစ်တုန်းက သူတို့ရဲ့ app ထွက်ရှိလာခဲ့ပါတယ်။

READ
Window 10 အတွက်Facebook နှင့် Messenger Application

6. Nick D’Aloisio (Age 19)

NDTV.com

Nick ကတော့ သူ ၁၆ နှစ်အရွယ်တုန်းက သတင်း app တစ်ခု ဖန်တီးခဲ့တာပါ။ နာမည်ကြီးဝက်ဘက်ဆိုဒ်က သတင်းတွေကို မိုဘိုင်းဖုန်းထဲမှာ တစ်စုတစ်စည်းထဲ ဖတ်နိုင်အောင် ရည်ရွယ်ထုတ်ခဲ့တာပါ။ App နာမည်က Summly ဖြစ်ပါတယ်။ App စထွက်ထွက်ချင်းမှာပဲ ဒေါင်းလုပ်အရေအတွက် ၁ သန်းနီးပါး ရှိခဲ့ပြီး Yahoo ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၃၀ တောင် ရခဲ့ပါတယ်။ အခုဆို ၁၉ နှစ်ရှိပြီဖြစ်တဲ့ Nick ဟာ Yahoo ကုမ္ပဏီဝန်ထမ်းတစ်ယောက်အနေနဲ့လည်း အလုပ်လုပ်နေပါတယ်။

Ref: HONGKIAT

SHARE