သာမန်အနီကွက်လို့ ထင်ခဲ့ပေမယ့် စစ်ဆေးကြည့်မှ ကင်ဆာရောဂါဖြစ်နေခဲ့

အသက်(၂၁)နှစ်အရွယ် Rhiannon Douglas ဟာသူမရဲ့ခြေထောက်မှာ အနီကွက်တွေထလာတာကို သတိထားမိခဲ့ပေမယ့် အမှုမဲ့အမှတ်မဲ့နေခဲ့မိရာ ကနေ နောက်ဆုံးမှာတော့ ကင်ဆာရောဂါဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အနီကွက်တွေတဖြည်းဖြည်းပျံ့လာခဲ့ပြီး နောက်ကျောမှာပါပျံ့နှံ့ကုန်ခဲ့ကာ၊စစ်ဆေးမှုတွေပြုလုပ်ကြည့်တဲ့အခါမှာတော့ သူမရင်ဘတ်မှာ(၈.၅)စင်တီမီတာရှိတဲ့ အကြိတ်တစ်ခုတွေ့ခဲ့ပါတယ်။တကယ်တော့ Rhiannon ဟာ lymphoma ရှားပါးတဲ့ (Hodgkin lymphoma)ဆို တဲ့ သွေးဖြူဥနဲ့ဆိုင်တဲ့ ကင်ဆာကို ခံစားနေရတာပါ။

featured-6

ဖြစ်ခါစမှာ ဆရာဝန်ဆီသွားပြတော့ ဆရာဝန်ကဒါဟာ Henoch schonlein purpura (HSP)  သွေးကြောရောင်ရမ်းတာ လို့ပြောခဲ့ပါတယ်။ဒါပေမယ့်   ရောဂါက သက်သာမလာပဲ ပိုဆိုးလာခဲ့ပါတယ်။ အနီကွက်တွေက နာကျင် လာကာ၊ခြေထောက်တွေဖောင်းလာပြီး၊အဆစ်တွေပါနာလာခဲ့ပါတယ်။တစ်မ နက်မှာတော့ ကျောတွေပါနာကျင်လာခဲ့ပြီး ဆရာဝန်ဆီဖုန်း ဆက်ပြီး ရောဂါ လက္ခ ဏာအကြောင်း အသေးစိတ်ရှင်းပြတဲ့အခါမှာတော့ ဆေးရုံသွားဖို့ပြော ခဲ့ပါတယ်။သွေးစစ်၊x-rays ရိုက် စစ်ဆေးမှုအားလုံး လုပ်ပြီးချိန်မှာတော့ ကင်ဆာဆိုတာ ကို သိခဲ့ရပါတယ်။ရောဂါလက္ခဏာတွေကတော့ (၂၀၁၆)နိုဝင် ဘာတည်း က ပြနေခဲ့တာပါ။အခုကတော့ အနီကွက်တွေတော့ နည်းသွားပေ မယ့် တစ်လမှာ တစ်ကြိမ်လောက်တော့ ပုံမှန် scans ရိုက်တာတွေတော့ လုပ်နေရပါတယ်။လာမယ့်နွေရာသီလောက်မှာတော့ သက်သာဖို့ မျှော် လင့်နေပါတယ်။

READ
အပူဒဏ်ကိုအံတုနေကြရတဲ့ ရေကန်ထဲက တရုတ်လူအုပ်ကြီး

်ျ်ျ်ျ

“ကျမခြေထောက်က အနီကွက်တွေက ရှားပါးကင်ဆာရောဂါ လက္ခဏာေ တွဖြစ်နေလိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး။ကျမရဲ့ဝမ်းကွဲမောင်နှမင်္ဂလာ ပွဲမ တိုင်ခင် မှာ ပွဲတတ်ဝတ်စုံဝတ်ဖို့ လိုတာကြောင့် ခြေထောက်အမွေးရိတ်ခဲ့မိ တယ်။အစကတော့ ဒါတွေဟာ အမွှေး ရိတ်တာကြောင့် ဖြစ်တာလို့ ထင် ခဲ့တယ်။နောက်ပိုင်းတဖြည်းဖြည်းပျံ့လာတော့မှ ဆရာဝန်ဆီသွားပြခဲ့တာလို့ ” သူမကဆိုပါတယ်။ကင်ဆာလို့ ကြားလိုက်ရချိန်မှာ အရမ်းကို တုန်လှုပ်ခဲ့ရပေ မယ့် အကောင်း ဆုံးကြိုးစား ခုခံမယ်လို့ ဆုံးဖြတ်ခဲ့ကာ နေထိုင်မှုlifestyle ကို ပါပြောင်းပစ်ခဲ့ ပါတယ်။ဒုတိယအကြိမ် scan ဖတ်တဲ့အခါမှာတော့ (၇.၅)စင် တီမီတာသာရှိတော့ပြီး အရင်ကထက်သေး သွားခဲ့ပါတယ်။တတိယအကြိမ် မှာတော့ ဒီ့ထက် ပိုကြုံသွားဖို့ မျှော်လင့်တယ်လို့ သူမကပြောခဲ့ပါတယ်။

လိတ်

Ref;mirror

SHARE