ကမ္ဘာ့အသက်ငယ်ဆုံး ပြိုင်စံရှား ဘီလျံနာ ၅ ယောက်အကြောင်း

ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ ယခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ စာရင်းကို ထုတ်ပြန်လိုက်ပါပြီ။ ထူးဆန်းတာကတော့ အသက်တော်တော်ငယ်သေးတဲ့ လူငယ်တွေက ဘီလျံနာအဖြစ် စာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။ လူငယ် ဘီလျံနာ ၅ ဦးရှိတဲ့အနက်မှ ၃ ဦးဆိုရင် နော်ဝေနိုင်ငံသားတွေချည်းဖြစ်ပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာတွေကို အကြီးဆုံးကနေ အငယ်ဆုံး အစဉ်လိုက် ဖော်ပြပေးထားပါတယ်။

(၅) John Collison (အသက် ၂၇ နှစ်)

independent.co.uk

Collison ဟာ အိုင်ယာလန်နိုင်ငံသားဖြစ်ပြီး ဟားဗတ်တက္ကသိုလ် ကျောင်းထွက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစ်ကိုဖြစ်သူနဲ့ ပူးပေါင်းပြီး အွန်လိုင်းငွေပေးချေမှု ကုမ္ပဏီ Stripe ကို တည်ထောင်ခဲ့ပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ လက်ရှိမှာသူတို့ကုမ္ပဏီတည်ရှိရာ ဆန်ဖရန်စ္စကိုမှာပဲ နေထိုင်နေကြပါတယ်။ Stripe ကုမ္ပဏီဟာ ၂၀၁၆ တုန်းကစလို့ ဒေါ်လာ ၉.၂ ဘီလီယံတန်ဖိုးရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁ ဘီလီယံဖြစ်ပါတယ်။

(၄) Evan Spiegel (အသက် ၂၇ နှစ်)

independent.co.uk

သူကတော့ လူသုံးများလှတဲ့ Snapchat app ကို ဖန်တီးခဲ့တဲ့ သူဌေးလေးပါ။ Evan ဟာ ၂၀၁၁ မှာ ညီအစ်ကိုရင်းလို ခင်မင်ရတဲ့ အတန်းဖော် Bobby Murphy နဲ့အတူ Snapchat app ကို ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ ယခုအခါ Snapchat ကို နေ့စဉ် အသုံးပြုသူပေါင်း သန်း ၁၇၀ ရှိတာကြောင့် အလွန်အောင်မြင်တဲ့ ကုမ္ပဏီဖြစ်နေပါပြီ။ Evan ရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၄.၁ ဘီလီယံဖြစ်ပါတယ်။

READ
သွေးအမျိုးအစားက ပြောပြနေတဲ့ သင့်ရဲ့စိတ်နေသဘောထား

(၃) Gustav Magnar Witzøe (အသက် ၂၄ နှစ်)

Instagram

Magnar ကတော့ ကမ္ဘာ့အကြီးဆုံး ဆယ်လမွန်ငါးထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေအခြေစိုက် Salmar ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဝက်နီးပါးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ဖခင် Gustav Witzøe က ကုမ္ပဏီကို အုပ်ချုပ်နေဆဲဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်တုန်းက Magnar ကို ကုမ္ပဏီရဲ့ ရှယ်ယာတွေကို လွှဲပြောင်းပေးခဲ့တာပါ။ ဖခင်ရဲ့ ဆယ်လမွန်ထုတ်လုပ်ရေး ကုမ္ပဏီကြီးအပြင် အခုဆို Magnar တစ်ယောက် မြေနေရာနဲ့ အဆောက်အအုံစီမံခန့်ခွဲမှုလုပ်ငန်းတွေ၊ နည်းပညာလုပ်ငန်းတွေကိုပါ တိုးချဲ့နေကြောင်း သိရပါတယ်။ သူရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁.၉ ဘီလီယံဖြစ်ပါတယ်။

(၂) Katharina Andresen (အသက် ၂၂ နှစ်)

Instagram

၂၀၁၇ တုန်းက နော်ဝေနိုင်ငံသူတစ်ယောက် အရပ်မူးပြီး ကားမောင်းရာမှ ခရိုနာ ၂ သိန်းခွဲလောက် ဒဏ်ရိုက်ခံလိုက်ရတယ်ဆိုတဲ့ သတင်း နာမည်ကြီးခဲ့ပါတယ်။ အဲ့မိန်းကလေးကတော့ Katharina ပါ။ ကမ္ဘာပေါ်မှာ ဒုတိယ အသက်ငယ်ဆုံး ဘီလျံနာဖြစ်ပြီး မိသားစုက ပိုင်တဲ့ Ferd အမည်ရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ရှယ်ယာ ၄၂ % က သူမ လက်ထဲမှာ ဖြစ်ပါတယ်။ သူမရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ ၁.၄ ဘီလီယံဖြစ်ပါတယ်။

READ
ကြက်ဥအခွံတွေကို လွှင့်မပစ်ဘဲ ကောင်းမွန်စွာ အသုံးချနည်းများ

(၁) Alexandra Andresen (အသက် ၂၁ နှစ်)

Instagram

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ Alexandra ဟာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာ စံချိန်ဝင်သွားခဲ့ပါတယ်။ နံပါတ် ၂ နေရာမှာ ဖော်ပြခဲ့တဲ့ Katharina ရဲ့ ညီမဖြစ်ပါတယ်။ အစ်မဖြစ်သူနဲ့အတူ Ferd ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတဲ့အပြင် Nordic စတော့အိတ်ချိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်း ဖြစ်ပါတယ်။

Ref: Forbes, Independent UK

SHARE