ကလေးတွေဂိမ်းစွဲမှာစိုးလို့ ဂိမ်းဆော့ချိန်ကို တားမြစ်အမိန့်ထုတ်ခဲ့တဲ့ တရုတ်

unsplash/Tim Gouw

တရုတ်နိုင်ငံမှာ ကလေးငယ်တွေအတွက် အွန်လိုင်းဂိမ်းဆော့ချိန်ကို တစ်နေ့(၁) နာရီခွဲထက် မပိုရန်နဲ့ ည(၁၀) နာရီနောက်ပိုင်း ဂိမ်းဆော့ခွင့်ပိတ်ပင်ထားကြောင်း dailymail အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။ ပိုက်ဆံပေးဖို့လိုတဲ့ အွန်လိုင်းဂိမ်းတွေကိုလည်း အသက်(၈) နှစ်အောက်ကလေးတွေ လုံးဝမဆော့ရဖူးလို့ ကန့်သတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒီစည်းမျဉ်းကို ဘေကျင်းမှာ ယခုရက်သတ္တပတ်ကမှ စတင်ပြီး အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ နိုင်ငံတွင်းမှာရှိတဲ့ ကလေးတွေဟာ အိမ်စာမပြီးရင်တောင်မှ ည(၁၀) နာရီထိုးတာနဲ့ အိပ်ရာဝင်ရမယ်ဆိုတဲ့ အစီအစဉ်ကြေညာပြီးနောက်ပိုင်းမှ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ကလေးငယ်ပေါင်း (၁၄) ရာခို်င်နှုန်းကျော်နဲ့ အသက်(၁၆) နှစ်အောက် ကလေး(၃၃) မီလီယံတို့ဟာ အင်တာနက်ကို အလွန်အကျွံအသုံးပြုနေကြမှန်း တာဝန်ရှိသူတွေက လေ့လာတွေ့ရှိခဲ့တာပါ။

unsplash/Kelly Sikkema

အင်္ဂါနေ့က အစိုးရထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ အသက်(၁၆) နှစ်အောက် လူငယ်တွေဟာ ကြားရက်တွေမှာ တစ်နေ့ကို (၁) နာရီခွဲထက် ပိုပြီး ဂိမ်းမဆော့ရ၊ စနေ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ တစ်နေ့(၃) နာရီထက် ပိုပြီးဂိမ်းမဆော့ရလို့ တားမြစ်ထားကြောင်း သိရပါတယ်။ ည(၁၀) နာရီကနေ မနက် (၈) နာရီကြားအချိန်တွေကိုတော့ ကလေးတွေ လုံးဝ အွန်လိုင်းဂိမ်းဆော့လို့မရတဲ့ အချိန်တွေအဖြစ် တင်းကြပ်စွာ တားမြစ်ထားပါတယ်။

READ
ရည်းစားစာဟောင်းတွေကိုမီးရှို့ရာမှ ပတ်ဝန်းကျင်ပါကိုယ်ကျိုးနည်းသွားခဲ့တဲ့အဖြစ်

အွန်လိုင်းဂိမ်းဆော့သူတွေအနေနဲ့လည်း သူတို့ရဲ့ service provider နဲ့အတူ ID အသေးစိတ်ကို အရင်မှတ်ပုံတင်ပြီးမှ ဆော့ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းဖျော်ဖြေရေးကုမ္ပဏီတွေအနေနဲ့ ပိုက်ဆံပေးမှ ဆော့လို့ရတဲ့ အွန်လိုင်းဂိမ်းတွေအတွက် အသက်(၈) နှစ်အောက် ကလေးတွေကို ကစားခွင့်မပြုဖို့ အစိုးရက စည်းကမ်းထုတ်ပြန်ခဲ့ပါသေးတယ်။

unsplash/Jelleke Vanooteghem

အစိုးရရဲ့ လုပ်ငန်းစဉ်ဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကြား လတ်တလော ဖြစ်ပွားနေတဲ့ အွန်လိုင်းဂိမ်းစွဲတဲ့ရောဂါကို ဖယ်ရှားဖို့ဖြစ်ပါတယ်။ ကျောင်းသားအရွယ် လူငယ်လေးတွေဟာ အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ပြီး ဂိမ်းဆော့ပါများတဲ့အတွက် ကျောင်းစာတွေမှာစိတ်မ၀င်စားတော့တဲ့အပြင် ၄င်းတို့ရဲ့လူမှုဘ၀နဲ့ မိသားစုကိုပါ လျစ်လျူရှုတာတွေ ပိုပိုပြီး ဖြစ်လာတဲ့အတွက် အခုလို စီမံချက်ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE