သြဂုတ် (၁၀) ရက်နေ့အတွက် ရာသီခွင်တို့ရဲ့ ကံဇာတာ

ARIES

March 21 – April 20

ပတ်ဝန်းကျင်က လူတွေရဲ့ အထူးအာရုံစိုက် စိတ်ဝင်စားခြင်းကို ခံနေရမယ့် နေ့ပါ။ သင့်ရဲ့ ချစ်ခင်နှစ်လို ဖွယ် ကောင်းတဲ့ အပြုအမူ (သို့မဟုတ်) ပင်ကိုယ် အရည်အချင်းတွေကြောင့် အာရုံစိုက် ခံရမှာလည်း ဖြစ်ပါတယ်။ ဘ၀င်မြင့်တဲ့ ပုံစံမျိုးမဖြစ်အောင် နေပြဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် ထူးထူးခြားခြား အာရုံစိုက်ခံနေရ တာကို လုပ်ငန်းခွင့်မှာ အကျိုးရှိအောင် အသုံးချနိုင်ခဲ့ရင် အတိုင်းအထက်အလွန် အရာရာမှာ အဆင်ပြေသွား နိုင်ပါတယ်။ အဖြူရောင်က ကံကောင်းမယ့် အရောင်ဖြစ်ပြီး နေ့လည် (၂း၀၀)နာရီနဲ့ (၄း၀၀)နာရီကြားကာလ ကတော့ ကံဇာတာ အမြင့်ဆုံး အချိန်ပါ။

TAURUS

April 21 – May 21

ငွေရေးကြေးရေး ကိစ္စတွေမှာ အဆင်ပြေ ကံကောင်းမှုတွေ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ တကယ်လို့ သင်ကိုယ် တိုင်က အသုံးအဖြုန်းကြီးပြီး လက်ဖွာတတ်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သင်သုံးလေ့ရှိတာထက် ပို ပြီး ငွေဝင်ဖွယ်ရှိနေတဲ့ နေ့ပါ။ ဖြစ်နိုင်ရင် ရုတ်တရက် ၀င်လာတဲ့ငွေကြေး (သို့မဟုတ်) နဂိုတည်းက စုဆောင်း ထားတဲ့ ငွေကြေးတွေကို အသုံးချပြီး ရင်းနှီးမြှုပ်နှံမှု တစ်ခုခုလုပ်ဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဒီနေ့ဟာ သင့် အတွက် လာဘ်လာဘ ပေါကြွယ်ဝမယ့်နေ့ဖြစ်နေလို့ပါ။ အပြာရောင် ကံကောင်းမှုတွေ သယ်ဆောင်လာမယ့် အရောင်ဖြစ်ပြီး နံနက် (၉း၀၀)နာရီကနေ (၁၀း၀၀)နာရီအတွင်းကတော့ ကံဇာတာအမြင့်ဆုံး ရောက်နေမယ့်အ ချိန်ပါ။

GEMINI

May 22 – June 21

ဒီနေ့မှာ စိတ်ရှုပ်ထွေးပြီး စိတ်မကြည်လင်တာမျိုးတွေ ခံစားနေရပါလိမ့်မယ်။ ဖြစ်နိုင်ရင်တော့ အလုပ်ကိစ္စကော ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာပါ အရေးကြီးဆုံးတဲ့ ဆုံးဖြတ်ချက်တွေ မချသင့်တဲ့နေ့ပါ။ အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေကို ဆုံးဖြတ်ဖို့ ဆိုင်းငံ့ထားသင့်တိုင်အောင် ဖြေရှင်းရခက်တဲ့ ပြဿနာပေါင်းများစွာ ကြုံတွေ့နေရဦးမှာ ပါ။ မဖြစ်မနေ တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်ရတော့မယ်ဆိုရင်တော့ နေ့လည် (၁၁း၀၀)နာရီကနေ (၁၂း၃၀)နာရီ အတွင်း အပြီးသတ်နိုင်အောင် ကြိုးစားဖို့ အကြံပြုလိုပါတယ်။ ဒီနေ့အတွက် အညံ့တွေကို ပပျောက်သွားစေမယ့် အရောင်ကတော့ အဖြူရောင်ပါ။

CANCER

June 22 – July 22

ပရောဂျက်အသစ် (သို့မဟုတ်) လုပ်ငန်းအသစ် တစ်ခုခုကို စတင်ရဖို့ ရှိနေပါတယ်။ သူငယ်ချင်း တစ် ယောက်ယောက်ဆီက အကြံဥာဏ်တောင်းခံလိုက်ရင် ပိုအဆင်ပြေသွားပါလိမ့်မယ်။ ဘာလုပ်လုပ် အဆင်ပြေနေဖို့ များပေမယ့် မလောဖို့တော့ လိုအပ်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ အထူးကံကောင်းမှာပါ။ အ၀ါရောင်က ကံကောင်းစေမယ့် အရောင်ဖြစ်ပြီး ညနေ (၄း၀၀)နာရီနဲ့ (၅း၀၀)နာရီ ကြားက တစ်နေ့တာလုံးအတွက် ကံအကောင်းဆုံးဖြစ်မယ့် အချိန်ပါ။

READ
မေထုန်( gemini )ရာသီဖွားတွေကို ချစ်မိသူတိုင်း သိထားသင့်တဲ့အချက်များ

LEO

July 23 – August 23

အလုပ်သစ်တွေကို စမ်းသပ်လုပ်ကိုင်ဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ အခက်အခဲတွေ သေချာပေါက် ကြုံတွေရမှာ ဖြစ်ပေမယ့် စိတ်မပျက်ဖို့ အကြံပြုချင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီကို တောင်းခံပြီး ဆောင်ရွက်ရင် အောင်မြင်ဖို့ရှိနေပါတယ်။ ခရမ်းရောင်ကတော့ ဒီနေ့အတွက် သင့်ကို ကံကောင်းစေမယ့် အရောင်ဖြစ်ပြီး နံနက် (၁၀း၀၀)နာရီနဲ့ (၁၁း၀၀)နာရီကြား ကာလကတော့ သင့်ရဲ့ ကံဇာတာ အမြင့်ဆုံးကို ရောက်နေမယ့်အချိန်ပါ။

VIRGO

August 24 – September 22

မိသားစု၊ သူငယ်ချင်း၊ အသိမိတ်ဆွေ တစ်ယောက်ယောက်က ဆက်သွယ်လာပြီး အကူအညီ တောင်းခံခြင်းကို ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ မကူညီပေးရင် သေချာပေါက် မျက်နှာပျက်စရာ ကြုံတွေ့ရမယ့် လူမျိုးပါ။ အ ကောင်းဆုံး ကူညီပေးလိုက်ပါ။ သူတို့ဟာ သင့်ရဲ့ အဆုံးအဖြတ်နဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါ လိမ့်မယ်။ ဘာအကျိုးမှ မမျှော်ပဲ ကူညီပေးလိုက်ပါ။ သင်လုံးဝ မထင်မှတ်ထားတဲ့ အကူအညီတစ်ခု ပြန်ရပါလိမ့် မယ်။ ဒီနေ့အတွက် အဖြူရောင်က ကံကောင်းစေတဲ့ အရောင်ဖြစ်ပြီး နေ့လည် (၁၁း၀၀)နာရီနဲ့ (၁၂း၀၀)နာရီ ကြားကတော့ ဘာလုပ်လုပ် ချောမွေ့အဆင်ပြေစေမယ့် အချိန်ပါ။

LIBRA

September 23 – October 23

ပျော်ရွှင်ဖွယ် အခိုက်အတန့်တစ်ခုကို သင်ချစ်တဲ့ တစ်ယောက်ယောက်နဲ့ အတူတူ ဖြတ်သန်းရဖို့ ရှိနေပါ တယ်။ ဒါမှမဟုတ်ရင်လည်း ရင်းနှီးချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အတူတူ ခရီးတိုထွက်ရဖို့ ရှိနေပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်ချူချာနေမှာပါ။ စိတ်ပူပန်စရာတွေ လုံးဝကြုံတွေ့ရဖို့ မရှိတဲ့ နေ့တစ်နေ့ပါ။ အပြာရောင်ဟာ ကံကောင်းမွန်ခြင်းတွေကို သယ်ဆောင်လာမယ့် အရောင်ဖြစ်ပြီး ညနေ (၅း၀၀)နာရီနဲ့ (၆း၃၀)နာရီကတော့ သင့်အတွက် အထူးကံကောင်းစေမှာပါ။

SCORPIO

October 24 – November 22

မိသားစုအတွက် အချိန်ပိုပြီး ပေးမိနေပါလိမ့်မယ်။ ရန်ဖြစ်ပြီး စိတ်အခန့် မသင့်ဖြစ်ထားတဲ့ မိသားစုဝင်တွေ ရှိခဲ့ရင် ဒီနေ့ဟာ အချင်းချင်းပြန်ပြီး အဆင်ပြေဖို့အတွက် ဆောင်ရွက်သင့်တဲ့ နေ့ပါ။ အထူးသဖြင့် ဒီနေ့မှာ သင်ရဲ့ စည်းရုံးသိမ်းသွင်းနိုင်စွမ်းတွေဟာ မြင့်မားနေမှာ ဖြစ်လို့ လူမှုရေး၊ အလုပ်ရေးနဲ့ အချစ်ရေးတွေမှာ ပြောသမျှ လုပ်သမျှ အဆင်ပြေနေမှာပါ။ အနီရောင်ရင့်ရင့်က ကံကောင်းစေမယ့် အရောင်ဖြစ်ပြီး ဆောက်ရွက်စရာရှိသမျှ ကိစ္စတွေကို (၁၀း၄၅)ကနေ (၁၁း၃၀)အတွင်းမှာ ဆောင်ရွက်နိုင်ရင် အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။

READ
မကရရာသီဖွား(Dec 22-Jan 19 )များအကြောင်း

SAGITTARIUS

November 23 – December 21

မိသားစုဝင်အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်ဖြစ်ရဖို့ ရှိနေပါတယ်။ အထူးသဖြင့်တော့ သင့်အပေါ် ဝေဖန်ပြစ် တင်မှုတွေကို ကြုံတွေ့ရမှာကြောင့် စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာမှာပါ။ ကျန်းမာရေးလည်း ညံ့နေဖွယ်ရှိပြီး စိတ်ဖိစီးမှုဒဏ်တွေကို ခံရပါလိမ့်မယ်။ လိမ္မော်ရောင်ဟာ ဒီနေ့အတွက် ကံကောင်းစေမယ့် အရောင်ဖြစ်ပြီး ကံကောင်းစေမယ့် အချိန်ကတော့ နေ့လည် (၁း၀၀)နာရီနဲ့ (၂း၁၅)နာရီ  ကြား အချိန်ပါ။

CAPRICORN

December 22 – January 20

ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ရမယ့်နေ့ပါ။ သင့်ကို မနာလိုသူတွေ များနေမှာဖြစ်တာကြောင့် ဘာပဲလုပ်လုပ် သတိကြီးကြီးမားမား ထားသင့်ပါတယ်။ ဒါပေမယ့် သင်သာ ခေါင်းအေးအေးထားမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပြီး စိတ်လိုက်မာန်ပါ မဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ စကားနဲ့ ဝေဖန်တာတွေကို မဟုတ်မှန်ကြောင်း အလုပ်နဲ့ အကောင်းဆုံး သက်သေပြလိုက်ပါ။ ခရမ်းရင့်ရောင်ဟာ ဒီနေ့အတွက် ကံကောင်းစေမယ့် အရောင်ဖြစ်ပြီး နေ့လည် (၁၂း၄၅)နာရီနဲ့ (၂း၀၀)နာရီဟာ သင့်အတွက် ကံကောင်းစေမှာပါ။

AQUARIUS

January 21 – February 18

မမျှော်လင့်တဲ့ ထိခိုက်မှု ၊ ဆုံးရှုံးမှုတွေ ကြုံတွေ့ရဖွယ် ရှိနေလို့ သတိကြီးကြီးထားဖို့ လိုအပ်တဲ့ နေ့တစ်နေ့ ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်သွားအောင်ဖြစ်ဖို့တော့ မရှိပါဘူး။ ထိခိုက် ဆုံးရှုံးမှုတွေဟာ မကြုံတွေ့အောင် ရှောင်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ သင်လုပ်သမျှအတိုင်း အပြည့်အ၀ အကျိုးကျေးဇူးပြန်ပြီး ခံစားရမယ့်နေ့ပါ။ ပုလဲဖြူရောင်ဟာ ဒီနေ့အတွက် သင့်ကိုကံကောင်းစေ မှာဖြစ်ပါတယ်။ ညနေ (၄း၀၀)နာရီနဲ့ (၅း၀၀)နာရီကြားကတော့ ကံကောင်းစေမယ့် အချိန်ပါ။

PISCES

February 19 – March 20

ဝမ်းဗိုက်နဲ့ ပတ်သတ်ပြီး နာကျင်တဲ့ ဝေဒနာကို ခံစားနေရပါလိမ့်မယ်။ ဒီနေ့တစ်နေ့တာအတွက် ကျန်းမာ ရေးကို အထူးဂရုစိုက်ပြီး သတိထားဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ထဲက သကြားဓာတ် ပမာဏနဲ့ စားသုံးမယ့် အစားအစာတွေထဲက သကြားဓာတ်ပမာဏကို အထူးသတိထား စောင့်ကြည့်ဖို့ လို အပ်ပါလိမ့်မယ်။ ဒီနေ့အတွက် ကံကောင်းစေမယ့် အရောင်က ခရမ်းရောင်ရင့်ရင့်ဖြစ်ပြီး နေ့လည် (၃း၃၀)နဲ့ (၄း၄၅)ကြားက ကံကောင်းစေမယ့်အချိန်ပါ။

ဆက်ရွှေမွန် (ShweMOM)

SHARE