သြဂုတ်လ (၁၄) ရက်နေ့အတွက် ရာသီခွင်အလိုက် ကံကြမ္မာ

သြဂုတ်လ (၁၄) ရက်နေ့အတွက် ရာသီခွင်အလိုက် ဟောစတမ်းများ

Aries (March 21 – April 20)

ဒီနေ့ မိတ်ဆွေဆက်ဆံရေးတွေမှာ ရုတ်တရက်ဆိုသလို နားလည်မှုလွဲတာတွေ၊ သဘောထားကွဲလွဲတာတွေနဲ့ ဖြစ်ပေါ်လာဖို့ရှိတယ်။ ပြဿနာတွေကို ရှည်ကြာနေလေလေ အပေါင်းအသင်းဆက်ဆံရေးတွေမှာရော၊ သင့်ရဲ့ ပတ်သက်ဆက်နွှယ်မှုတွေရော ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ စကားလုံးတွေကို ဂရုတစိုက်ရွေးချယ်ပါ၊ ပါးပါးနပ်နပ်နဲ့ ကိုယ့်ဘက်အနေအထားကို ကြည်လင်ပြတ်သားစွာ ရှင်းပြပါ။ ဒီလိုပုံစံနဲ့ သင့်အနေနဲ့ကလည်း ဘယ်အရာကိုမှ အဆုံးသတ်မသွားစေချင်ဘူးလေ။ ဒီနေ့မှာ ကံကောင်းခြင်းတွေ ရရှိဖို့အတွက် အစိမ်းရောင်ကို ၀တ်ဆင်ပါ။ ညနေ (၄) နာရီနဲ့ (၅) နာရီအတွင်း အချိန်အပိုင်းအခြားမှာ အထူးသတိရှိဖို့လိုပါတယ်။

Taurus (April 21 – May 21)

ဒီနေ့မှ သင့်အနေနဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို တလုံးတ၀ခံစားရမယ်။ ဒီ ခံစားမှုတွေကို ဘယ်အရာကမှ ဖျက်ဆီးလို့မရနိုင်ဘူး။ ဒီလို ကောင်းမွန်တဲ့ လက္ခဏာတွေက သင့်အလုပ်အပေါ်မှာ သက်ရောက်မှုတွေရှိစေပြီး လုပ်ဖော်ကိုင်ဖက်တွေအပေါ်ကိုပါ ကူးစက်စေလိမ့်မယ်။ ဒီလို ခံစားမှုနဲ့ အရာတိုင်းကို ဆောင်ရွက်ပါ၊ ရွှေ့ဆိုင်းထားတဲ့ ကိစ္စတွေကိုလည်း အပြီးသတ်ပါ။ အရေးကြီးတဲ့ လုပ်စရာ ကိစ္စတွေကို မနက် (၁၀) နာရီနဲ့ (၁၂) နာရီကြားမှာ လုပ်မယ်ဆို အခက်အခဲမရှိဆောင်ရွက်နိုင်မယ်။ အပြာရောင်ကို ၀တ်ဆင်ခြင်းဖြင့် ဒီနေ့မှာ ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

Gemini (May 22 – June 21)

ဒီနေ့မှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေနဲ့ စဖွင့်ရပြီး အခိုက်အတန့်အားဖြင့်တော့ သင့်အနေနဲ့ ဖိစီးနေရမယ်။ ဒီနေ့အချိန်ဟာ အသေးအဖွဲ ပြဿနာတွေဘက်ကို ဦးတည်နေလို့မရပါဘူး။ ဒီလိုသာဆို သင့်အနေနဲ့ နောက်ဆုံးမှာ တကယ်ဆိုးရွားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်စရာတွေရှိလာနိုင်တယ်။ တကယ်ကို ခက်ခဲမှုတွေ ရှိနေနိုင်ပြီး အားလုံးပြီးသွားတဲ့အခါမှာ ခံစားမှုအသစ်တွေး၊ တိုးပွားမှုအသစ်တွေနဲ့ ကျန်ရစ်ခဲ့ရလိမ့်မယ်။ မနက် (၁၀း၀၀) နာရီနဲ့ (၁၂း၃၀) ကြားအချိန် အပိုင်းအခြားက ကံကောင်းမှုတွေရှိနေတဲ့အချိန်ဖြစ်လို့ အရေးကြီးတဲ့ ကိစ္စမှန်သမျှကို ဆောင်ရွက်မယ်ဆို တကယ်ကောင်းမွန်ပါတယ်။ ခဲရောင်ကို ၀တ်ဆင်ခြင်းခြင့် ဒီနေ့မှာ ကံကောင်းမှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

Cancer (June 22 – July 22)

ဒီနေ့မှာ အလုပ်နဲ့ ဆက်နွှယ်နေတဲ့ ခရီးတစ်ချို့ထွက်နေရတာမျိုး၊ လမ်းပေါ်မှာသာ အချိန်တော်တော်များရှိနေပြီး ရှုခင်းတွေကို လည်ပတ်ကြည့်ရှုနေတာမျိုးနဲ့ပဲ ကုန်ဆုံးရမယ်။ ခရီးသွားခြင်းနဲ့ ပတ်သက်လို့ အကျိုးပေးနေတဲ့အချိန်ဖြစ်ပြီဒ ကိုယ်တိုင်လည်း ပျော်ရွှင်ကျေနပ်နေရမယ်။ တကယ်လို့များ ခရီးက တရားဝင် စီးပွားရေးလုပ်ငန်အတွက်ဆိုရင် သင့်ရဲ့ အားထုတ်မှုတွေကနေ အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်။ သမိုင်းဝင်နေရာတွေနဲ့ ရင်သပ်ရှုမောဖွယ်နေရာတွေအတွက် ကင်မရာကို အသင့်ပြင်ထားပြီး သူငယ်ချင်းတွေနဲ့ နောင်လာမယ့်နှစ်တွေအတွက် အောက်မေ့ဖွယ် အမှတ်တရတွေကို ဖန်တီးပါ။ အ၀ါရောင် ပန်းလေးတွေကို အနီးအနားမှာ ထားရှိပါ။ ညနေ (၂း၀၀) နဲ့ (၄း၀၀) နာရီက ဒီနေရဲ့ သင့်အတွက် ကံအကောင်းဆုံးအချိန်ဖြစ်ပါတယ်။

LEO (July 23 – August 23)

ဒီနေ့မှာ သင့်အနေနဲ့ သိပ်ကံကောင်းနေပြီး ဒါကို အနားကလူတွေက အများဆုံးခံစားရမယ်။ ဒီနေ့မှာ သင့်ဟာ အားလုံးရဲ့ ကံကောင်းခြင်း လာဘ်ကောင်းလေးအဖြစ် မိသားစုအတွက်ရော၊ လုပ်ငန်းခွင်အတွက်ပါ ဖြစ်နေလိမ့်မယ်။ ဒီတော့ ဒီလိုအနေအထာကို အသုံးချပြီး တခြားသူတွေ အကျိုးကိုဆောင်ရွက်ပေးပါ။ ဒီ့အတွက် သူတို့ကလည်း သင့်ကို အသိအမှတ်ပြု ကျေးဇူးတင်မှာပါပဲ။ ဒီနေ့မှာ သင့်ရဲ့ စိတ်ခံစားမှုတွေဟာလည်း လွတ်လပ်ပေါ့ပါးနေမယ်။ သင့်ရဲ့ ယုံကြည်မှုရှိခြင်းတွေဟာ သင့်ကို ရှေ့ဆက်ဖို့နဲ့ ဘာ အတားအဆီးပဲရှိရှိ ကျော်လွှားနိုင်စေပါလိမ့်မယ်။ အပြာရောင်ပါတဲ့ အ၀တ်အစားတစ်ခုခုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။ နေ့လယ် (၂း၀၀) နဲ့ (၄း၀၀) ကြား အချိန်အပိုင်းခြားက သင့်အတွက် ဒီနေ့ရဲ့ ကံအကောင်းဆုံးအချိန်အပိုင်းခြားပဲဖြစ်တယ်။

READ
ကရကဋ်ရာသီဖွား(Cancer) များအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း

Virgo (August 24 – September 22)

ဒီနေ့ မိသားစုအတွင်းမှာ အသေးအဖွဲကိစ္စလေးတွေနဲ့ စိတ်ခံစားမှုတွေ တစ်မျိုးဖြစ်နေမယ်။ ဒီနေ့မှာ ပူပန်ကြောင့်ကြမှုတွေ မြင့်တက်နေမယ်။ ဒီအချိန်မှာ သင့်ရဲ့ စိတ်ဝင်စားမှုတွေဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ကွဲလွဲနေတာကို တွေ့ရမယ်။ သင့်ရဲ့ တစ်ချို့သော ရွေးချယ်မှုတွေကြောင့် အိမ်ကလူကြီးတွေမျက်လုံးပြုး မျက်ဆံပြုး ဖြစ်နေရမယ်။ ဒီနေ့မှာ သင့်အနေနဲ့ သည်းခံစိတ်မွေးရမယ်၊ လူတိုင်းနဲ့ ကိစ္စတွေကို ဘာပဲဖြစ်ဖြစ် နားလည်း လက်ခံပေးတတ်ဖို့လိုပါတယ်။ အနီရောင်ပါတဲ့ အသုံးအဆောင်တစ်ချို့ကို ယနေ့မှာ ဆောင်ပါ။ အရေးကြီးတဲ့ ကိစ္စတွေကို မနက် (၉း၀၀) နဲ့ (၁၀း၀၀) ကြားမှာ ဆုံးဖြတ်ပါ။

Libra (September 23 – October 23)

ဒီနေ့မှာ အရေးပါတဲ့ ဆက်ဆံရေးအသစ်တွေ တိုးပွားလာဖို့ရှိတယ်။ ဒါပေမယ့် ဒီဆက်ဆံရေးတွေဟာ မိတ်ဆွေရေး၊ ဆရာတပည့်ဆက်ဆံရေး စတဲ့ ဆက်ဆံရေးကောင်းတွေဖြစ်တယ်။ ဒီနေ့မှာ သင့်ကို လမ်းညွှန်ပြသပေးမယ့် တစ်စုံတစ်ယောက်က အလွန်ကောင်းမွန်စွာနဲ့ ၀င်ရောက်လာတာကို တွေ့ကြုံရမှာပါ။ သူတို့နဲ့ ဆက်ဆံရေးက သင့်ကို ဘယ်အထိပို့ဆောင်ပေးမလဲဆိုတာကို အသေအချာတွေမြင်ရမယ်၊ သူတို့ လမ်းညွှန်ပြသမှုအတွက်လည်း ကျေးဇူးတရားကို ဖော်ပြတတ်ပါစေ။ ဒီနေ့မှာ စိတ်ခံစားမှုဆိုင်ရာတွေနဲ့ ကင်းရှင်းနေလိမ့်မယ်။ သက်တောင့်သက်သာနဲ့ပဲ ဒီနေ့ကို ကုန်ဆုံးရဖို့ရှိနေပါတယ်။ ဒီနေ့မှာ နေ့လယ် (၂း၀၀) နဲ့ (၃း၀၀) ကြား အချိန်အပိုင်းအခြားက ဒီနေ့အတွက် ကံကောင်းမှုတွေကြီးစိုးနေတဲ့အချိန်ဖြစ်ပြီး အရေးကြီးတဲ့ ကိစ္စတွေကို အဲ့ဒီအချိန်အတွင်းမှာ အလျင်အမြန်ဆောင်ရွက်နိုင်ပါစေ။ အစိမ်းရောင်က ဒီနေ့မှာ သင့်အတွက် ကံကောင်းမှုတွေရရှိပိုင်ဆိုင်စေမယ့် အရောင်ဖြစ်တယ်။

Scorpio (October 24 – November 22)

ဒီနေ့ကို အားမလိုအားမရ ဖြစ်မှုတွေနဲ့ စဖွင့်ရမယ်။ ဒါပေမယ့် ဒီခံစားမှုတွေဟာ ဒီနေ့ရဲ့ အဆုံးမှာတော့ ကျေနပ်မှုအကြီးအကျယ်ရရှိမှာဖြစ်ပါတယ်။ သင့်ရဲ့ သည်းခံမှုတွေ၊ လုံ့လ၀ီရိယကတော့ အရေးပါတဲ့ သက်ရောက်မှုအဖြစ် သင့်အနားက လူတွေအပေါ်မှာရှိနေမှာဖြစ်ပြီး အခက်အခဲတွေကလည်း ကြေပျက်လို့ ပျောက်ကွယ်သွားမယ်။ ဆက်သွားရမယ့် လမ်းဟာ အရှည်ကြီးကျန်သေးပြီး မကြာခင်မှာ အောင်မြင်မှုတွေရောက်ရှိလာတော့မှာပါ။ သင် လုပ်ရမယ့်အရာတွေအပေါ်မှာ စူးစိုက်ထားပြီး သည်းခံစိတ်တွေကိုမွေးမြူပါ။ မဲနယ်ရောင်ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းခြင်းတွေကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေ၊ တွေ့ဆုံမှုတွေကို မနက် (၁၁း၀၀) နာရီနဲ့ နေ့လယ် (၁း၃၀) အတွင်း လုပ်ဆောင်ပါ။

READ
Scorpio (ဗြိစ္ဆာရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

Sagittarius (November 23 – December 21)

ဒီနေ့မှာ အလောတိုက်လုပ်ဆောင် မိတာမှန်သမျှ နောင်တရဖို့ချည်းရှိနေပါတယ်။ ဒီနေ့မှာ လုပ်သမျှ ဆုံးဖြတ်ချက်တိုင်းကို အမြော်အမြင်ရှိရှိနဲ့ ပြတ်ပြတ်သားသားလုပ်ဖို့လိုပါတယ်။ ရွေးချယ်စရာရှိတဲ့ လမ်းတွေကို အလောတကြီး မရွေးချယ်ပါနဲ့ ရွေးချယ်မှုတွေက လွဲမှားနေတာမျိုးတွေကို ကြုံရကိန်းရှိနေပါတယ်။ သင့် စိတ်နှလုံးရဲ့ အကောင်းဆုံးရည်ရွယ်ချက်အတိုင်းသာ ဆုံးဖြစ်ချက်တွေကို ပြင်ဆင်ပါ။ သင့်ရဲ့ တိုးပွားမှုတွေကို ဆန်းစစ်ကြည့်ဖို့လည်း လိုတယ်၊ သင်ဟာ ဘာမှ မတတ်နိုင်ဘဲ လိုချင်တာတွေများနေသလိုလည်း ရှိနေနိုင်တယ်။ ဒီနေ့မနက် (၁၁း၃၀) နဲ့ နေ့လည်း (၁း၁၅) အချိန်အတွင်းမှာ အလုပ်ကိစ္စအသစ်ကို ဆောင်ရွက်မယ်ဆို အထူးကောင်းမွန်ပါတယ်။ အဖြူရောင်ကို ၀တ်ဆင်ခြင်းဖြင့် ဒီနေ့မှာ ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

Capricorn (December 22 – January 20)

ဒီနေ့မှာ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ခံစားမှုတွေကို ပေါ့ပေါ့ပါးပါးပြီး နည်းနည်လေး ဒေါသဖြစ်တာကို ရှောင်ကြဉ်ဖို့လိုအပ်တယ်။ ဒီနေ့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေနိုင်ပေမယ့် စိတ်ပူစရာတော့မရှိပါဘူး။ ဒီနေ့မှာ ကြုံတွေ့ရမယ့် အခက်အခဲ ပြဿနာတွေဟာ နောင်တစ်ချိန် သင့်အတွက် အခွင့်အလမ်းတွေဖြစ်လာစေမှာပါ။ စိတ်ကူးစိတ်သန်းကြီးကြီးအပေါ် အာရုံစူးစိုက်ထားပြီး တခြားသော ကောင်းမွန်တဲ့ ဘ၀ရဲ့ ကဏ္ဍတွေကို ကျေနပ်ခံစားတတ်ဖို့လိုတယ်။ ဒီနေ့မှာ အရေးကြီးတဲ့ ကိစ္စတွေကို နေ့လယ် (၂း၀၀) နဲ့ (၃း၃၀) ကြားအချိန်မှာ ပြီးမြောက်အောင် ဆောင်ရွက်မယ်ဆို ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ရမှာပါ။ ဒီနေ့မှာ အနီရောင်ကို ရှောင်ပါ။

Aquarius (January 21 – February 18)

ဒီနေ့မှာ သင့်နဲ့ မိသားစုကြားမှာ အသေးအဖွဲ စကားများရတာတွေနဲ့ စိတ်အနှောင့်အယှက်တွေဖြစ်နေရမယ်။ ဒီနေ့မှာ ထိပ်တိုက်ရင်ဆိုင်စရာတွေကို ဂရုတစိုက်နဲ့ ရှောင်ဖို့၊ ကိုယ့်စိတ်ကိုယ်ထိန်းဖို့လိုတယ်။ ကိုယ့်ရဲ့ ခံစားမှုတွေကို ပြောပြဖို့လည်း တုန်လှုပ်မနေပါနဲ့။ ဒါမှလည်း ဆက်ဆံရေးတွေဟာ ပုံမှန်အနေအထားကို ပြန်ရောက်မှာဖြစ်တယ်။ သည်းခံခြင်း၊ ပြောဆိုဆက်ဆံခြင်းတွေဟာ ဒီနေ့မှာ သင့်ကို ဘယ်လို အခက်အခဲမှ ရှိမနေစေဘူး။ မနက် (၁၀း၀၀) နဲ့ (၁၁း၀၀) နာရီ အတွင်းက အလွန်အရေးကြီးတဲ့ အလုပ်တွေကိုဆောင်ရွက်ဖို့ အကောင်းဆုံးပါပဲ။ အ၀ါဖျော့ကို ၀တ်ဆင်ခြင်ဖြင့် ဒီနေ့မှာ ကံကောင်းမှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။

Pisces (February 19 – March 20)

ဒီနေ့မှာ စိတ်ပိုင်ဆိုင်ရာ အကျင့်တွေကျင့်တာ၊ လမ်းစဉ်နောက်လိုက်တာ စတဲ့ အတွေ့အကြုံကောင်းတွေရရှိမယ်။ ဒီနေ့မှာ သင့်ရဲ့ အတွင်းစိတ်နဲ့ တသားတည်းရှိနေပြီး ပြုပြင်မွမ်းမံဖို့ လိုအပ်တဲ့ အပိုင်းတွေကို ဆန်းစစ်ဖို့လိုအပ်တယ်။ ဒီလို ရှာဖွေခြင်းအားဖြင့် သင့်အတွက် အကျိုးအမြတ်တွေ အများကြီးရရှိမယ်၊ စိတ်အေးချမ်းမှုတွေမှာ ရရှိမယ်။ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ခြင်းကြောင့် ကျန်းမာရေးအတွက်လည်း အကျိုးရှိတယ်။ ဒီနေ့မှာ အာရုံစိုက်စရာ၊ အရေးကြီးကိစ္စတွေကို  နေ့လယ် (၁း၀၀) နဲ့ (၃း၀၀) ကြားမှာ ဆောင်ရွက်မယ်ဆို ရလဒ်ကောင်းတွေကို ပိုင်ဆိုင်မယ်။ နီလာရောင်ကို ၀တ်ဆင်မယ်ဆို ကံကောင်းမှုတွေကို ရရှိစေနိုင်ပါတယ်။

ဆက်ရွှေမွန်

SHARE