သြဂုတ်လ (၁၆) ရက်နေ့အတွက် ရာသီခွင်တို့ရဲ့ ကံဇာတာ

သြဂုတ်လ (၁၆) ရက်နေ့အတွက် ရာသီခွင်တို့ရဲ့ တစ်နေ့တာ ကံဇာတာ ဟောစတမ်း ထွက်ရှိလာပါပြီ။

Aries
March 21 – April 20

သင့်ရာသီခွင်ကို ကိုယ်စားပြုတဲ့ အင်္ဂါဂြိုဟ်က ဒီနေ့မှာ အားကောင်းနေတာကြောင့် သင့်ရည်ရွယ်ချက်တွေ ပြီးမြောက်အောင် ဆောင်ရွက်သင့်တဲ့ နေ့ပါ။ သင်လုပ်ရမယ့် အလုပ်တစ်ခုက သင်လုပ်နေကျ သမာရိုးကျထဲက ခွဲထွက်မှာဖြစ်ပြီး ဒါဟာလည်း သင့်အတွက် ကောင်းပါတယ်။ အချစ်ရေးမှာတော့ သင့်အဆက်ဟောင်းနဲ့ ဆင်နဲ့ လက်တွဲဖော်အသစ်နဲ့ တွေ့ရနိုင်ချေ ရှိနေပါတယ်။

Taurus
April 21 – May 21

သင့်ရဲ့ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မှုတွေက ဒီနေ့မှာ အားကောင်းနေပါတယ်။ သင်စိတ်ကူးထားခဲ့တဲ့ အိုင်ဒီယာတွေကို အကောင်အထည်ဖော်နိုင်တော့မှာပါ။ တွေးထားသမျှကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိုက်ပါ။ အချစ်ရေးမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဥာဏ်ကောင်းတဲ့ သူတစ်ဦးက သင့်ကို သူ စိတ်ဝင်စားနေကြောင့် အရိပ်အမြွက်ပြပါလိမ့်မယ်။

Gemini
May 22 – June 21

မေထုန်ရာသီဖွားတွေအနေနဲ့ကတော့ အချစ်ကို မျက်စိနဲ့ မမြင်ရခင် အသံကို အရင်ကြားရမယ့် ကံရှိနေပါတယ်။ အသံတစ်သံက သင်အာရုံတွေကို ဖမ်းစားလိုက်မှာဖြစ်ပြီး လှည့်ကြည့်လိုက်ချိန်မှာတော့ သင်ဘယ်လိုမှ မခုခံနိုင်မယ့် ဆွဲဆောင်သူတစ်ဦးကို တွေ့လိုက်ရမှာပါ။ သင့်ချစ်သူနဲ့ ချစ်သူသက်တမ်း ကြာနေပြီဆိုရင်လည်း အချစ်သစ်တွေ တစ်ဖန် ဆန်းသစ်လာမယ့် အနေအထားရှိနေပါတယ်။ သင့်ရဲ့ နေထိုင်စားသောက်ပုံကိုလည်း ပိုကျန်းမာလာအောင် ပြုပြင်သင့်နေပါတယ်။

Cancer
June 22 – July 22

ဒီနေ့ဟာ သင့်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ သင့်တော်တဲ့ နေ့တစ်နေ့ပါ။ အချစ်ရေးအတွက်မှာပါ ဆုံးဖြတ်ချက်ကောင်းတွေ ချနေနိုင်ပါလိမ့်မယ်။ မိသားစုအရေးအတွက်ဆိုရင်တော့ ငွေကြေးသုံးစွဲမှုကို သေချာတွက်ချက်ပြီး စည်းကမ်းချထားဖို့လိုပါတယ်။ အားကစားပွဲတစ်ခုခုနဲ့ ပတ်သက်ပြီးလည်း သင်ကံကောင်းနေပါလိမ့်မယ်။

READ
မိဿရာသီဖွား တွေရဲ့ သြဂုတ်လ ဟောစတမ်း
LEO
July 23 – August 23

ဒီနေ့မှာ သင့်နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး အိုင်ဒီယာအသစ်တွေကို ပိုင်ဆိုင်နေလိမ့်မယ်။ မိသားစုအတွင်းမှာလည်း ဒီနေ့မှာ ရောက်လာမယ့် ဧည့်သည်ကြောင့် ပျော်ရွှင်မှုတွေ၊ ဆက်ဆံရေးတွေ ထူးခြားကောင်းမွန်နေမယ်။ အလုပ်မှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိခြင်းဖြင့် တခြားသူတွေကလည်း သင့်ကို ယုံကြည်စိတ်ချမှုတွေရှိနေမယ်။

VIRGO
August 24 – September 22

ဒီနေ့မှာ အချစ်ရေး၊ စီးပွားရေးမှာ အကောင်းမြင်စိတ်၊ အပြုသဘောဆောင်မှုတွေက ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေ ရရှိစေမယ်။ Single တစ်ယောက်ဆို သင့်အတွက် အချစ်စစ်တစ်ခုကို ပိုင်ဆိုင်ဖို့ သင့်အနေနဲ့ ဘယ်လောက် ပြတ်သားနေလဲဆိုတာကို ထူးခြားစွာတွေ့ရမယ်။ တစ်ယောက်ရဲ့ ရည်မှန်းချက်တွေကို တစ်ယောက်က အားပေးခြင်းဖြင့် အသင်းဖွဲစိတ်ဓာတ်ကောင်းတွေကို တည်ဆောက်နိုင်ပါလိမ့်မယ်။

LIBRA
September 23 – October 23

သင်ဟာ အချစ်စွဲဆောင်မှု အပြင်ဆုံး ရာသီခွင်ဖွားဖြစ်တယ်။ ဉာဏ်ရှိတယ်၊ အချစ်ရေးကို ခွဲခြားပိုင်းခြားတတ်တာကြောင့် ဘယ်အရာက သင်တို့ကြားမှာ အလုပ်ဖြစ်မလဲ၊ ဘာတွေကို ပြောင်းလဲ သင့်လဲ သိသူပါ။ Single ဆိုရင် အားကစားပွဲတွေတူတူကြည့်တာ၊ ပွဲတွေတူတူသွားတဲ့အခါမှာ အချစ်သစ်အတွက် ရွေးချယ်စရာတွေကို မြင်ရမယ်။ အလုပ်မှာတော့ ကိုယ့်စိတ်ကူးထဲ အလုပ်အတွက် မိတ်ဆွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိတယ်။

SCORPIO
October 24 – November 22

ဒီနေ့မှာ သင့်ရဲ့ အကြံဉာဏ်စိတ်ကူးတွေ၊ တောင်းဆိုမှုတွေကို တုံ့ပြန်မှုကောင်းကောင်းပေးနေကြလိမ့်မယ်။ ဒီနေ့မှာ အကူအညီကောင်းတွေကို ရရှိမယ်။ အချစ်ရေးအတွက်ဆိုရင် လက်ရှိအနေအထားကိုပဲ တန်ဖိုးထားသင့်ပြီး သင့်ရဲ့ အတိတ်က အဆက်ဟောင်းနဲ့ ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ဖို့ မသင့်ပါဘူး။

SAGITTARIUS
November 23 – December 21

ဒီနေ့မှာ လေ့လာ သင်ကြားခြင်း၊ ခရီးထွက်ခြင်း၊ အလုပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်နေမယ့် ရှင်းလင်းတဲ့ စိတ်ကူးတွေကို ရရှိနေမယ်။ တစ်ယောက်ထဲကို အချိန်ပေးပြီး ချစ်နေရတာအမြဲ စွန့်စားနေသလိုဖြစ်နေပေမယ့် အမြဲတမ်းတော့ ကောင်းကောင်းမွန်မွန် ကျော်လွှားနိုင်နေကြပါ။ တစ်ကိုယ်တည်းသမားတွေ အနေနဲ့လည်း ကိုယ် မကြိုက်တဲ့ နာမည်မျိုးရှိတဲ့ ချစ်သူသစ်နဲ့ ဆုံစည်းရဖို့ရှိတယ်။

READ
မေးခွန်း(၅)ခုကို ဖြေရုံနဲ့ သင့်စိတ်ကို ဖတ်ပြမယ့် (Psycho test)
CAPRICORN
December 22 – January 20

ငွေရေးကြေးရေးကိစ္စတွေမှာ ဆွေးနွှေးတဲ့အခါ လိုရင်ကို တည့်တည့်ရောက်အောင် ပြောဆို ညှိနှိုင်းပြီး အတိကျဖြစ်နေဖို့လိုပါတယ်။ မိသားစုအတွင်းရော၊ အလုပ်မှာရော တိုးတက်မှုတွေကို ဒီနေ့မှာ ပြုလုပ်နေနိုင်မယ်။ အချစ်ရေးကတော့ ရှုပ်ထွေးနေလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးတွေမှာတော့ ထူးခြားမှုတွေရှိနေမှာပါ။

AQUARIUS
January 21 – February 18

ဒီနေ့မှာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုတွေရှိနိုင်မယ့် လုပ်ငန်းကိစ္စ၊ အရောင်းအ၀ယ်ကိစ္စတွေ ထူးခြားကောင်းမွန်နေပါတယ်။ မေတ္တာထားတဲ့ အလုပ်က ဘာတွေကို ဆောင်ကျဉ်းပေးမလဲဆိုတာကိုလည်း ဒီနေ့မှာ ကောင်းကောင်းနားလည်း သဘောပေါက်မယ်။ ရုပ်ပိုင်ဆိုင်ရာရော၊ စိတ်ပိုင်ဆိုင်ရာပါ ဒီနေ့မှာ ထူးခြားကောင်းမွန်နေပါတယ်။ ဒီနေ့မှာ ရင်ခုန်ဖွယ် ချစ်လက်ဆောင်တွေ ပေးတဲ့သူအတွက် ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။

PISCES
February 19 – March 20

ဒီနေ့မှာ သင့်ရဲ့ သြဇာတွေဟာ သက်ရောက်မှုကြီးကြီးရှိနေတယ်။ ကိုယ်ပြောတာကို အရေးတယူနားထောင်နေကြရမယ်၊ နားလည်နိုင်ကြမယ်၊ သင့်အနေနဲ့လည်း ကျေနပ်မှုတွေရရှိနေမယ် နေ့ဖြစ်တယ်။ အိမ်အသစ်၊ နေရာအသစ် အတွက် ရှာဖွေလိုစိတ်တွေ ဖြစ်ပေါ်နေမယ်။ ကိုယ့်ကိုကိုယ်လည်း မွမ်းမံဖို့ စိတ်ပိုင်းပြတ်နေမယ်။ အချစ်သစ်ကို ရှာဖွေနေသူဆိုရင်တော့ Virgo ရာသီခွင် အိမ်နီးချင်က သင့် ကမ္ဘာထဲကို ရောက်ရှိလာပါလိမ့်မယ်။

ဆက်ရွှေမွန်

 

 

SHARE