သြဂုတ်လ (၇) ရက်နေ့အတွက် သင့် ကံကြမ္မာဘယ်လိုရှိမလဲ?

ဒီနေ့ သြဂုတ်လ (၇) ရက်နေ့အတွက် ရာသီခွင်အလိုက် ကံဇာတာဟောစတမ်းတွေ ထွက်ရှိလာပါပြီ။ ဒီနေ့အတွက် သင့်ရဲ့ ကံကြမ္မာက ဘယ်လိုရှိမလဲဆိုတာ အဖြေရှာကြည့်လိုက်ပါဦး…..

Aries (မတ် ၂၁ ~ ဧပြီ ၁၉)


ဒီနေ့မှာတော့ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ်တွေ ခံစားရဖို့ရှိနေတယ်။ အိမ်ခြံ မြေရင်နှီးမြုပ်နှံမှုတွေ လုပ်မယ်ဆို အကျိုးအမြတ်အများကြီးရရှိနိုင်တယ်။ လက်ရှိမှာ သင်ဟာ ပညာသင်ကြားနေသူဆိုရင် ပျော်ချင်ပါးချင်တဲ့ စိတ်လေးကို နည်းနည်းလေး သည်းခံဖို့လိုတဲ့ အချိန်ဖြစ်တယ်။ ဒီနေ့မှာ သင်ဟာ အလုပ်ရှုပ်၊ ပင်ပန်းနေသလို ခံစားနေရမယ်။ ဒီအချိန်မှာ အားစိုက်မယ်ဆိုရင် ပညာရေးမှာ အလင်းတွေပွင့်လင်းလာမယ်။ အနီရောင်ကို ၀တ်ဆင်ခြင်းဖြင့် ဒီနေ့မှာ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်ပြီး အရေးကြီးတဲ့ ကိစ္စတွေကို ညနေ (၅း၃၀) နာရီနဲ့ (၆း၃၀) နာရီကြား အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်မယ်ဆို အကောင်းဆုံးဖြစ်တယ်။

 

Taurus (ဧပြီ ၂၀ ~ မေ ၂၀)


ဒီနေ့မှာ အသေးစိတ်အချက်လေးတွေကို အရေးတယူရှိမှဖြစ်မှာပါ။ ဘာကိုမှ အလောတကြီးနဲ့ ဆုံးဖြတ်ချက်မချပါနဲ့။ အလောကြီးတာကြောင့်နဲ့ မမျှော်လင့်ထားတဲ့အရာတွေကို ခံစားရနိုင်တယ်။ ကိုယ့်လုပ်မယ့် အရာအတွက် အချိန်ပေးပြီး စဉ်းစားပါ။ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ မြင့်တက်နေမယ့် အချိန်ဖြစ်တယ်။ ဒီလိုပူလောင်မှုတွေကနေ ခဏလောက် ရှောင်ထွက်လို့ရနိုင်မယ့် အခြေအနေလေးတွေ ဖြစ်ပေါ်လာဖို့ရှိတယ်။ ပန်းရောင်ကို ၀တ်ဆင်၊ သုံးဆောင်ခြင်းဖြင့် ဒီနေ့မှာကံကောင်းမှုတွေ ရရှိနိုင်တယ်။ ဘယ်လိုကိစ္စမျိုးမဆို ညနေ (၁း၄၅) နာရီနဲ့ (၂း၃၀) နာရီအတွင်းဆောင်ရွက်မယ် ကောင်းမွန်တဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်ပါတယ်။
Gemini (မေ ၂၁ ~ ဇွန် ၂၀)


ဒီနေ့မှာ ဘယ်အရာမှာမဆို မပြတ်မသားပဲဖြစ်နေမယ်။ မိတ်ဆွေ အသစ်တစ်ယောက်နဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို အယုံကြည်ကင်းမဲ့သလိုဖြစ်နေတယ်။ ဒါပေမယ့် ဒီနေ့မှာ နှစ်ယောက်ကြားက နားလည်မှုအဆင့်တွေ တိုးမြှင့်နိုင်မယ်။ ဒီဆက်ဆံရေးတွေကို ပိုခိုင်မာအောင်ထားပြီး ကောင်းမွန်တဲ့ အချိန်တွေ မျှော့်လင့်နိုင်တယ်။ ဒီလို မိတ်ဆွေနဲ့ နေ့လည်စာ စားတာ၊ ဈေးဝယ်ထွက်တာ စတာတွေ အတူတကွလုပ်မယ်ဆိုလည်း ကောင်းပါတယ်။ အပြာရင့်ရောင်က ဒီနေ့မှာ ကံကောင်းခြင်းတွေ ပေးစွမ်းနိုင်ပြီး ညနေ (၃) နာရီနဲ့ (၄) နာရီကြားအချိန်က သင့်အတွက် အကောင်းဆုံးဖြစ်တယ်။

Cancer (ဇွန် ၂၁ ~ ဇူလိုင် ၂၂)


ဒီနေ့မှာ သင့်ရဲ့ စီးပွားရေးပတ်သက်တဲ့ ကိစ္စတွေ တိုးတက်မှုရှိနေတယ်။ သင် ဒီနေ့မှာ တခြားသူတွေအပေါ်ထားခဲ့ စေတနာတွေရဲ့ ရောင်ပြန်ဟပ်တာကိုလည်း ခံစားနေရမယ်။ သူတို့ရဲ့ အချစ်တွေနဲ့ ၀န်းရံခြင်းခံရပြီး အချိန်ကောင်းတွေကို ပိုင်ဆိုင်နိုင်တယ်။ မဆုံးစည်းရတဲ့ ကြာပြီဖြစ်တဲ့ ဆွေမျိုးတွေနဲ့လည်း ပြန်လည်ဆုံစည်းရဖို့ ရှိတယ်။ ဒီလိုတွေ့ဆုံမှုတွေကနေ မိသားစုဝင်တွေလည်း ခိုင်မာတဲ့ ဆက်ဆံရေးတွေရှိလာနိုင်တယ်။ ဒီနေ့က မိသားစုနဲ့ ဝေမျှခံစားပြီး ဘ၀ရဲ့ ကောင်းမွန်အရာကိစ္စတွေအတွက် ကျေနပ်မှုတွေရှိနေမယ်။ အစိမ်းနုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေ ပိုင်ဆိုင်နိုင်တယ်။ မနက် (၉း၁၀) နာရီနဲ့ (၁၀း၁၀) နာရီကြားအချိန်က သင့်အတွက် ကံအကောင်းဆုံးအချိန်ဖြစ်တယ်။

READ
Sagittarius (ဓနုရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

Leo (ဇူလိုင် ၂၃ ~ သြဂုတ် ၂၂)


ဒီနေ့မှာ အငြင်းအခုံဖြစ်စရာ နည်းနည်းလေး ဗျာများစရာတွေနဲ့ ကြုံရတတ်တယ်။ ကိစ္စ၊ ပြဿနာတစ်ခုက တဖြည်းဖြည်း သိပ်ကို ပူလောင်စရာတွေရှိနေပြီးဆိုရင် မိသားစုကိုပါ ထိခိုက်မလာအောင် နေရမယ်။ သင် မမျှော်လင့်ထားတဲ့ အငြင်းပွားမှုတွေ ဖြစ်လာဖို့ရှိပြီး ဖြည်းဖြည်း စိတ်ပျက်ဖို့ကောင်းလာနိုင်တယ်။ ဒီလို ကိစ္စတွေကို ဒီနေ့မှာ ရှောင်နိုင်မယ်ဆို သင့်အတွက် သိပ်ကို ၀မ်းမြောက်ဂုဏ်ယူစရာရှိနေမှာပါ။ ခရမ်းရောင်က သင့်အတွက် ဒီနေ့မှာ ကံကောင်းမှုတွေ ပေးစွမ်းနိုင်တဲ့ အရောင်ဖြစ်ပြီး နေ့လည် (၂) နာရီနဲ့ (၃) နာရီကြား အချိန်အတွင်းမှာ အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်မယ် ကောင်းမွန်တဲ့ရလဒ်တွေကို ပိုင်ဆိုင်နိုင်ပါတယ်။

Virgo (သြဂုတ် ၂၃ ~ စက်တင်ဘာ ၂၂)


ဒီနေ့မှာ ရေရှည်အတွက် စီးပွားရေးမြှုပ်နှံမှုတွေကို ပြုလုပ်ဖို့အတွက် သိပ်ကောင်းပါတယ်။ အိမ်၊ ခြံမြေပိုင်ဆိုင်မှုတွေကို စုဆောင်းမယ်လို့တွေးထားရင် ဒီနေ့မှာ လုပ်ကိုင်မယ်ဆို အဆင်ပြေတယ်။ အသေးစိတ်အချက်တွေလေးကိုတော့ ဂရုတစိုက်လေးရှိနေမှဖြစ်တယ်။ ချွတ်ချော်မှုတွေမဖြစ်လာဖို့အတွက် စာရွက်စာတမ်းကိစ္စတွေကို အလွန်ဂရုတစိုက်နဲ့ သတိထားလုပ်ပါ။ ချစ်ခင်သူတွေရဲ့ ခံစားမှုတွေကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ ဒီနေ့မှာ အနီရောင်ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။ နေ့လယ် (၁) နာရီနဲ့ (၂) နာရီကြားအချိန်တွေက သင့်အတွက် တိုးတက်မှုတွေ ရှိနေတဲ့ အချိန်ဖြစ်တယ်။

Libra (စက်တင်ဘာ ၂၃ ~ အောက်တိုဘာ ၂၂)


ဒီနေ့မှာ သင့်ရဲ့ ကံတွေ ထူးထူးခြားခြား ပွင့်လန်းနေမယ်။ ဒီနေ့မှာ လုပ်စရာရှိတဲ့ အရာတိုင်းမှာ အကျိုးအမြတ်တွေရရှိအောင် လုပ်သင့်တယ်။ အလုပ်မှာလည်း ချီးကျူးထောမနာပြုတာတွေ၊ ထူးထူးခြားခြား ချီးမြှောက်မှုတွေကို ရှိလာနိုင်တဲ့နေ့ဖြစ်တယ်။ ရာထူး၊ ဆုလက်ဆောင် စတာတွေကို လက်ခံရရှိမယ့် အခြေအနေကောင်းတွေနဲ့ ကြုံတွေရဖို့ရှိတယ်။ ဒီလို သတင်းကောင်းတွေနဲ့ ဘ၀ရဲ့ အဆိုးတွေ၊ အပျက်သဘောဆောင်တဲ့ အရာတွေကနေ ရုန်းထွက်လာနိုင်မှာဖြစ်တယ်။ လိမ္မော်ရောင်အနုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်တယ်။ လုပ်စရာရှိတဲ့ ကိစ္စတွေကို အောင်မြင်မှုရှိဖို့ မနက် (၁၀) နာရီနဲ့ (၁၁) နာရီကြားမှာ လုပ်ဆောင်ပါ။

Scorpio (အောက်တိုဘာ ၂၃ ~ နိုဝင်ဘာ ၂၁)


ဒီနေ့မှာ ရည်မှန်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်တွေထက်သန်နေမယ်။ ဘာကမှ သင့်ကို တားဆီလို့မရအောင်ဖြစ်နေတယ်။ ဒီလို ကောင်းမွန်တဲ့ သဘောထားတွေနဲ့ ဆက်သွားပြီး သင့် စိတ်ထဲက ပြင်းပြမှုတွေကို တကယ်ဖြစ်လာအောင် ဆောင်ရွက်ပါ။ ဒီလို ကောင်းမွန်တဲ့ သဘောထားတွေက သင့်ရဲ့ အလုပ်ပေါ် သက်ရောက်မှုရှိပြီး လုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာတောင် ကူးစက်စေနိုင်တယ်။ အခု မြင့်တက်နေတဲ့ ခံစားမှုတွေနဲ့အတူ အရာကိစ္စတွေ၊ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ပြီးပြတ်အောင်ဆောင်ရွက်ပါ။ အနီရင့်ကို ၀တ်ဆင်ပြီး ဒီနေ့မှာ ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်တယ်။ ညနေ (၄) နာရီနဲ့ (၅) နာရီကြား အချိန်က တိုးတက်မှုအရှိဆုံး သင့်အတွက် တိုးတက်မှုကောင်းတွေရှိနေမယ့် အချိန်ဖြစ်တယ်။
Sagittarius (နိုဝင်ဘာ ၂၂ ~ ဒီဇင်ဘာ ၂၁)

READ
မိဿရာသီဖွား(Aries)ရဲ့ချစ်သူဖြစ်လိုသူတွေ သိထားသင့်သည့်အရာများ


ဒီနေ့မှာ ကိုယ့်လက်တွဲဖော်ရဲ့ နွေးထွေးမှုတွေကို ထပ်တူထပ်မျှ ခံစားရဖို့ရှိတယ်။ အချစ်ရေးကိစ္စတွေ သိပ်ကောင်းနေပြီး ဒီလိုအခြေအနေကို အပြည့်ဝဆုံး အသုံးချနိုင်တဲ့ နေ့ဖြစ်တယ်။ အချိန်ကြာကြီး လက်တွဲလာသူတွေ အနေနဲ့ ခိုင်မာတဲ့ သံယောဇဉ်အတွက် ကျေနပ်အားရမှုတွေရှိနိုင်ပြီး တစ်ကိုယ်တည်း သမားတွေအတွက်လည်း အလားလာကောင်းတွေရှိနေတယ်။ နေ့လည် (၁) နာရီနဲ့ (၃) နာရီကြားမှာ အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်မယ်ဆိုရင် ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ရမယ်။ ခရမ်းရောင် အဖျော့ကို ၀တ်ဆင်ပြီး ကံကောင်းမှုတွေကို ဆွဲဆောင်နိုင်ပါတယ်။
Capricorn (ဒီဇင်ဘာ ၂၂ ~ ဇန်နဝါရီ ၁၉)


ဒီနေ့ မိတ်သစ်၊ ဆွေသစ် တစ်ချို့နဲ့ ဆုံတွေ့ရဖို့ ရှိပြီး ရေရှည်စီးပွားရေးမှာ အကျိုးအမြတ်တွေရရှိဖို့ အကူအညီပေးလာတာတွေရှိနေမယ်။ ဒီနေ့မှာ အလုပ်နဲ့ ပတ်သက်ပြီး အရေးပါတဲ့ လူတွေနဲ့ ဆက်သွယ်ရတာတွေလည်း ရှိနေမယ်။ အထင်ကြီးလေးစားမှုတွေ ရရှိဖို့ ဒီနေ့မှာ လုပ်ရမယ့် ကိစ္စတွေမှာ အားစိုက်ထားဖို့လိုတယ်။ တစ်စုံတစ်ယောက်ရဲ့ သြဇာက သင့်ရဲ့ အလုပ်နဲ့ ဘ၀ရဲ့ အခြားသောကဏ္ဍတွေမှာ တိုးတက်မှုတွေရှိဖို့ အကူအညီပေးလာနိုင်တယ်။ မဲနယ်ရောင်ပါတဲ့ အ၀တ်အစား၊ အသုံးဆောင်တွေကို ဆောင်ပြီး ဒီနေ့မှာ ကံကောင်းမှုတွေကို ရရှိပိုင်ဆိုင်နိုင်တယ်။ အရေးကြီးတဲ့ ကိစ္စတွေအတွက် ရလဒ်ကောင်းတွေရှိဖို့ မနက် (၁၁) နာရီနဲ့ နေ့လယ် (၁၂း၁၅) ကြားမှာ ဆောင်ရွက်ပါ။

Aquarius (ဇန်နဝါရီ ၂၀ ~ ဖေဖေါ်ဝါရီ ၁၈)


ဒီနေ့မှာ စိတ်စေတနာ အားတွေက အရာတိုင်းအပေါ် လွှမ်းခြုံထားသလိုရှိနေမယ်။ အကြင်နာတရား၊ ချစ်ခြင်းမေတ္တာနဲ့ စာနာမှုတွေကို သင့်အတွက် ခွန်အားလိုဖြစ်နေမယ်။ ဒီလို အပြူအမူကောင်းတွေကို လက်ခံလိုခြင်းမရှိတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့်လည်း သင့်ကို ဘာမှထိခိုက်အောင်မလုပ်နိုင်ဘူး။ ဒီလို အပျက်သဘောဆောင်တဲ့ ကိစ္စတွေနဲ့ စိတ်ဆင်းရဲမနေဖို့ကြိုးစားပါ။ ကောင်းမွန်တဲ့ အလုပ်တွေကို ဆက်လက်ထိန်းသိမ်း လုပ်ကိုင်ပြီး ကိုယ့်အတွက်ကို ဂုဏ်ယူခြင်းရှိပါ။ ကံကောင်းမှုတွေ ရရှိဖို့ အ၀ါရောင်ကို ၀တ်ဆင်ပါ။ နေ့လယ် (၂) နာရီကနေ (၃) နာရီကြားက ဒီနေ့ရဲ့ တိုးတက်မှုအရှိဆုံး အချိန်ဖြစ်တယ်။

Pisces (ဖေဖေါ်ဝါရီ ၁၉ ~ မတ် ၂၀)


ဒီနေ့မှာ သင့်ရဲ့ အနီးကပ်ဆုံးသူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ပျော်ရွှင်ဖွယ် အခိုက်အတန့်တွေကို ရရှိခံစားရမယ်။ သူတို့အတွက် ချီးမြှောက်ရမယ့် ကိစ္စတွေရှိလာရင်လည်း တုံ့ဆိုင်းမနေပါနဲ့။ ကိုယ် ဂရုစိုက်တဲ့ တစ်စုံတစ်ယောက် အတွက် ဂုဏ်ပြုစရာရှိရင် အသေအချာလေးလုပ်ပေးပါ။ သင့်ရဲ့ တန်ဖိုးထားမှုတွေကို ဖော်ပြပါ။ အားပေးစကားတွေပြောပါ။ သင့်တို့အတွက် ပျော်ရွှင်မှုတွေကိုလည်း ဖော်ပြပါ။ ပုလဲရတနာကို ဆောင်ခြင်းဖြင့် ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်တယ်။ ညနေ (၆) နာရီနဲ့ (၆း၄၅) အချိန်က သင့်အတွက် အကောင်းဆုံးအချိန်ဖြစ်တယ်။

Matthew (ShweMOM)

SHARE