သြဂုတ်လ (၈) ရက်နေ့အတွက် ကံကြမ္မာအခြေအနေဘယ်လိုရှိ?

Aries


ဒီနေ့မှာ မိသားစု စည်းစည်းလုံးလုံးရှိပြီး အချိန်ကောင်းတွေပိုင်ဆိုင်ရဖို့ရှိနေတယ်။ ပတ်သက်ဆက်နွှယ်မှုတိုင်းက ဒီအတောအတွင်း တိုးတက်မှုတွေရှိနေပြီး ဒီနေ့မှာတော့ အနားမှာရှိတဲ့သူတွေကြောင့် ပျော်ရွှင်မှုတွေ ပိုတိုးလို့ခံစားရမယ်။ သင် စဉ်းစားလက်စရှိနေတဲ့ ပိုင်ဆိုင်မှုတစ်ခုခုအတွက်နဲ့ ရင်နှီးမြှုပ်နှံဖို့နဲ့ ပတ်သက်ပြီးလည်း နီးစပ်တဲ့ ဆွေမျိုး မိတ်ဆွေထံမှာ အကြုံပြုချက်တွေရရှိမယ်။ သင် ကောင်းဖို့ ရည်ရွယ်ချက်သာရှိလို့ လက်ခံသင့်ပါတယ်။ ဒီလို အမှတ်ရစရာတွေအတွက်လည်း ကြည်နူးခံစားပါ။ အနီရောင်ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းခြင်းတွေရရှိစေနိုင်သလို အရေးကြီးတဲ့ ကိစ္စတွေကိုလည်း ညနေ (၅း၁၅)နဲ့ (၆း၁၅) ကြားမှာ ဆောင်ရွက်မယ်ဆို ရလဒ်ကောင်တွေကို ပိုင်ဆိုင်ရမှာပါ။

Taurus


ဒီနေ့မှာ အရေးပါစေမယ့် ဆက်ဆံရေးအသစ်တစ်ခု ဘ၀ထဲမှာ တိုးလာမယ်။ ဒါက ချစ်မှုရေးရာတွေမပါတဲ့ ဆက်ဆံရေးတစ်ခုပါ။ ဒါပေမယ့် မိတ်ဆွေဆက်ဆံရေးလို၊ ဆရာတပည့် ဆက်ဆံရေးလိုမျိုးဖြစ်တယ်။ တစ်စုံ တစ်ယောက်က ဘ၀အတွက် လမ်းညွှန်ပြသမှုတွေကို ဒီနေ့မှာ ရရှိခံစားရမယ်။ ဒီလို လမ်းညွှန်ပြသမှုတွေအတွက် လည်း ကျေးဇူးကို ချီးမွှမ်းပါ။ ပန်းရောင်ပါတဲ့ အသုံးဆောင်တစ်ခုခုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ရရှိစေနိုင်တယ်။ အရေးကြီးတဲ့ ဆောင်ရွက်ရန်တွေကို ရလဒ်ကောင်းတွေရှိစေဖို နေ့လယ် (၁း၃၀) ကနေ (၂း၂၀) အတွင်းလုပ်ဆောင်ပါ။

Gemini


ဒီနေ့မှာ ချစ်ခင်ရင်နှီးသူတွေရဲ့ အဖော်ပြုမှုတွေနဲ့ နေတာကို ကုန်ဆုံးရမယ်။ သူတို့ရဲ့ သင့်အပေါ်မှာရှိတဲ့ ချစ်ခြင်းက သင့်ကို ပျော်ရွှင်မှုများစွာ ခံစားရစေမယ်။ သူတို့ရဲ့ လေးစားမှု၊ ကြင်နာမှုတွေကို ဖော်ပြနေကြတာကိုလည်း တွေ့ကြုံ ရဖို့ရှိတယ်။ ဒီနေ့မှာ အချစ်ဆုံးကို ဘယ်လောက် ဂရုစိုက်လည်းဆိုတာကိုလည်း အလေးထားဖို့နဲ့ အတူရှိမယ့် အခိုက်အတန့်လေးကိုလည်း အပြည့်အ၀ခံစားဖို့ မမေ့ပါနဲ့။ အလုပ်က အခက်အခဲတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်စရာတွေနဲ့ စိတ်အိုက်နေပြီဆို ကိုယ့်ရဲ့ ကြင်နာသူဆီက အကြံဉာဏ်ယူကြည့်ပါ။ ဒီနေ့မှာ အပြာရောင် ၀တ်ဆင်ခြင်းနဲ့ ကံကောင်းမှုတွေကို ရရှိစေနိုင်ပါတယ်။ မွန်းလွဲ (၂း၀၀) နဲ့ (၃း၅၅) ကတော့ သင့်ရဲ့ ဒီနေ့အတွက် အကောင်းဆုံး အချိန်အပိုင်းခြားတစ်ခုပဲဖြစ်ပါတယ်။

Cancer


ဒီနေ့မှာ သင်ဟာ မမျှော်လင့်ဘဲ အလုပ်တွေပုံနေပြီး နည်းနည်းလေးလည်း စိတ်ထိခိုက်နေရနိုင်တယ်။ အပြောင်းလဲတွေရှိနေတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ရှုပ်နေရမယ်။ အဲ့ဒီကြားထဲကမှ သင့်ရဲ့ အသိအမြင်နယ်ပယ်တွေကို ချဲ့ထွင်းနိုင်မယ့် အခွင့်အလမ်းကောင်းတွေရှိနေမယ်။ ဒီနေ့မှာ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ စီးပွားရေးမှာ ချက်ချင်းဆိုသလိုပဲ အကျိုးခံစားခွင့်တွေကို ရရှိလာမယ်။ အမွေ၊ ဒါမှမဟုတ် ငွေရေးကြေးရေး တိုးတက်မှုတွေကို တွေ့ကြုံရလာဖို့ရှိနေတယ်။ ဒီနေ့မှာ အစိမ်းနုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်ပြီး မနက် (၉း၀၀) နဲ့ (၁၁း၀၀) အတွင်းက သင့်အတွက် အကောင်းဆုံးအချိန်တွေပဲ ဖြစ်တယ်။

READ
Leo (သိဟ်ရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

Leo


ဒီနေ့မှာ လေးစားမှု၊ အသိမှတ်ပြုမှု၊ ငွေရေးကြေးရေး တိုးတက်မှုကောင်းတွေရှိနေမယ့် နေ့တစ်နေ့ဖြစ်တယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ချပြဖို့အတွက် နေရာကောင်းတစ်ခုမှာ ရောက်နေမယ်။ ဆွေနီးမျိုးစပ်ထဲကဖြစ်ဖြစ် အိမ်က အငယ်ဆုံးတွေရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဂုဏ်ယူရတာမျိုးတွေလည်း ရှိနေမယ်။ အခုလိုအဘက်ဘက်က တိုးတက်နေချိန်မှာ ကိုယ့်အနေနဲ့လည်း သိပ်ကျေနပ်သင့်ပါတယ်။ မလိုလားအပ်တဲ့ မာနတွေကိုလည်း မဆောင်မီဖို့ သတိရှိပါ။ စိမ်းပြာရောင်ကို ၀တ်ဆင်ပြီး ဒီနေ့မှာ ကံကောင်းခြင်းတွေကို ဆွဲငင်နိုင်ပါတယ်။ အရေးကြီးတဲ့ ဆောင်ရွက်စရာတွေကို မွန်းလွဲ (၂း၀၀) နဲ့ (၃း၀၀) ကြားမှာ ဆောင်ရွက်မယ်ဆို ရလဒ်ကောင်းတွေ ပိုင်ဆိုင်ရမှာဖြစ်တယ်။

Virgo


ကိုယ့်ရဲ့ ယုံကြည်မှုတွေပြည့်ဝနေတာကို ဒီနေ့မှာ ကြုံတွေ့ရမယ်။ ဒီလိုအနေအထားကို အသုံးချမယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုတွေကို ခံစားရမှာဖြစ်တယ်။ ဥစ္စာပိုင်ဆိုင်မှုကိစ္စတစ်ခုခုကို စိတ်ပါနေတယ်ဆိုရင် ဆက်လက်ဖော်ဆောင်ပါ။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုအဖြစ် ရှိလာနိုင်တယ်။ ဒီနေ့မှာ ဆုံတွေ့ရမယ့် တစ်စုံတစ်ယောက်ဆီက လက်မလွှတ်သင့်တဲ့ အခွင့်အရေးကို ကမ်းလှမ်းလာတာမျိုးတွေရှိနာတယ်။ အ၀ါရောင်ကို ၀တ်ဆင်ပြီး ဒီနေ့မှာ ကံကောင်းခြင်းတွေကို ရရှိစေနိုင်တယ်။ မွန်းလွဲ (၁း၁၅) နဲ့ (၂း၀၀) ကြားက သင့်ရဲ့ ဒီနေ့အတွက် တိုးတက်မှုအရှိဆုံးအချိန်ဖြစ်တယ်။

Libra


အရာအားလုံးက ဒီနေ့မှာ ကိုယ့်အားမစိုက်ရပေမယ့် ကိုယ့်လမ်းကြောင်းအတိုင်းပဲ ရှိနေတယ်။ ကိုယ်စွမ်း ဉာဏ်စွမ်းတွေပြည့်ဝနေမယ်။ ဒီလိုရှိနေတဲ့ အချိန်တွေကို အကောင်းဆုံးအသုံးချပါ။ တာဝန်ယူထားတဲ့ ပရောဂျက်တွေလည်း အကောင်းဆုံးရလဒ်တွေရှိနေမယ်။ ရင်းနှီးမြှုပ်နှံမှုပြုမယ်အတွက်လည်း မင်္ဂလာရှိသောနေ့ဖြစ်တယ်။ အ၀ါဖျော့ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ရရှိမယ်။ ဦးစားပေးကိစ္စတွေကို ဆောင်ရွက်မယ်ဆို မနက် (၁၀း၀၀) နဲ့ (၁၁း၀၀) ကြားမှာဆောင်ရွက်ပါ။

Scorpio


ဒီနေ့မှာ လူမှုရေး စီးပွားရေးကိစ္စတွေ တိုးတက်နေပြီး ကိုယ့်အတွက် ကောင်းစေမယ့် အရာတွေကို ပြုလုပ်ပေးတဲ့သူနဲ့ ဆုံစည်းရမယ်။ ဒီလို ပြုစုစောင့်ရှောက်တဲ့ ဆက်ဆံရေးတွေကို တန်ဖိုးထားပါ။ ဒါကပဲ ဘ၀မှာ မမျှော်လင့်ထားပေမယ့် ပျော်ရွှင်ရမယ့် အပြောင်းအလဲတွေကို ဖန်တီးပေးမှာဖြစ်တယ်။ ဒီလိုရရှိတဲ့ အားပေးထောက်ကူမှုတွေအတွက်လည်း ကျေးဇူးသိတတ်ဖို့လိုတယ်။ အကောင်းမြင် သဘောထားတွေကိုလည်း ဆောင်ထားဖို့လိုတယ်။ သင့်ရဲ့ ကြိုးစားမှုတွေကြောင့် ငွေရေးကြေးရေးဘက်မှာ သိသိသာသာ တိုးပွားလာတာကို တွေ့ကြုံရမယ်။ အနီရင့်ကို ၀တ်ဆင်ပြီး အပျက်သဘောတွေကို ဖယ်ရှားနိုင်တယ်။ ညနေ (၄း၀၀) နဲ့ (၅း၀၀) ကြားက သင့်ရဲ့ ဒီနေ့အတွက် အကောင်းဆုံး အချိန်အပိုင်းအခြားပဲဖြစ်တယ်။

READ
မိဿရာသီ(Aries) ဖွားများအတွက် 2017 ဇွန်လ အထွေထွေဟောစာတမ်း

Sagittarius


ဒီနေ့မှာ နိုင်ငံရပ်ခြားက သတင်းကောင်းတွေကို ကြားရဖို့ရှိနေတယ်။ နိုင်ငံရပ်ခြားကို ခေတ္တခဏရောက်ရှိနေတဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေရှိရင် ဒီနေ့မှာ စိတ်လှုပ်ရှာစရားသတင်းတွေနဲ့ ဆက်သွယ်လာဖို့တွေရှိတယ်။ သင့် ဘ၀မှာ အမှတ်ရစရာဖြစ်စေမယ့် အရိပ်လက္ခဏာ ပေါ်လွင်နေတယ်။ အသက်မွေးဝမ်းကြောင်းအတွက် အခွင့်အလမ်းရှိတဲ့ ပရောဂျက်တွေရှိလာခဲ့ရင် ကိုယ့်ရဲ့ စိတ်ခံစားမှုအတိုင်းသားလုပ်ပါ။ သင်လိုအပ်နေတဲ့ အားပေးမှုတွေ နားလည်မှုတွေကိုလည်း ပါတနာဆီကနေ ရရှိလာမယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ရလဒ်ကောင်းတွေပိုင်ဆိုင်ဖို့ မွန်းလွဲ (၂း၃၀) နဲ့ (၃း၁၅) အတွင်းမှာ ဆောင်ရွက်ပါ။ ခရမ်းရောင် အဖျော့ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းခြင်းတွေကို ရရှိခံစားနိုင်ပါတယ်။

Capricorn


ဒီနေ့မှ မိတ်သစ်ဆွေသစ်တွေနဲ့ ဆုံစည်းရမယ့်နေဖြစ်တယ်။ လူမှုရေး၊ အသက်မွေးအလုပ်အကိုင်နဲ့ ပတ်သက်ပြီး အဆက်အသွယ်အသစ်တွေကို ရရှိမယ်။ ပတ်ဝန်ကျင်းနဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ပူပေါင်းပါဝင်ပြီးတော့ ကိုယ်ရဲ့ ဂုဏ်ကို မြှင်တင်နိုင်တယ်။ ဒီနေမှာတော့ သိပ်အလောတိုက်လုပ်ဆောင်တာမျိုးတွေကို မလုပ်သင့်ဘူး။ ဘယ်လို ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို ဒီနေ့မှာ ရှောင်ရှားပါ။ ပန်းရောင်ပါတဲ့ တစ်စုံတစ်ခုကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ရရှိနိုင်တယ်။ မနက် (၁၁း၀၀) နဲ့ (၁၂း၁၅) အချိန်တွေက သင့်အတွက် ရလဒ်တွေ ရှိနေတဲ့ အချိန်အပိုင်းအခြားဖြစ်တယ်။

Aquarius


ဒီနေ့မှာ အသိအမှတ်ပြုခံရတဲ့ ကိစ္စလေးတွေရှိလာနိုင်တယ်။ ဒါကြောင့် တခြားကိစ္စတွေကို တွေးပူနေမယ့် အစား အောင်မြင်မှုရဲ့ ကျက်သရေမှာ ခိုလှုံပါ။ သင့်ရဲ့ အောင်မြင်မှုတွေက တခြားသော လုပ်ဖော်ကိုင်ဖက်တွေကို မနာလိုဝန်တိုမှုတွေဖြစ်စေနိုင်တယ်။ သင့် စိတ်ခံစားမှုတွေကို ထိခိုက်နိုင်တဲ့ ဘယ်လိုမနာလိုမှုတွေကို မ
ဆို ခါချထားပြီး စိတ်အေးအေးနေနိုင်ပါတယ်။ အပြာနုရောင်ကို ၀တ်ဆင်ခြင်းဖြင့် ဒီနေ့မှာ ကံကောင်းမှုတွေကို ရရှိစေနိုင်တယ်။ မွန်းလွဲ (၁း၅၀) နဲ့ (၂း၃၀) အချိန်က သင့်ရဲ့ ဒီနေ့အတွက် အလွန်ကောင်းမွန်တဲ့ အ ချိန်ဖြစ်တယ်။

Pisces


ဒီနေ့မှာ မိသားစုကိစ္စတွေ အလွန်ထူးခြားနေမယ်။ ချစ်ရသူတိုင်းနဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ရဖို့ရှိနေတယ်။ ဒီနေ့မှာ မိသားစု ကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ခြင်းဖြင့် စိတ်ကျေနပ်မှုတွေရရှိနိုင်တယ်။ ဒီလို အနေအထားတွေ ရှိနေပေမယ့် နားလည်မှုကွဲလွဲစရာတွေ၊ စိတ်ကသိကအောက်ဖြစ်စရာတွေနဲ့ ကြုံတွေရနိုင်ချေရှိတယ်။ ဒါကြောင့် သင် သိမ်းဆည်းထားတဲ့ အရာတွေကို မတော်တဆထိခိုက်မှုတွေမဖြစ်စေရန် အမှတ်အသားတွေထား၊ ဂရုတစိုက်ရှိဖို့လိုတယ်။ အဖြူရောင်ကို ၀တ်ဆင်ခြင်းဖြင့် ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်တယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ပြည့်စုံပြီးမြောက်စေရန် မွန်းလွဲ (၃း၀၀) နာရီ ကနေ (၃း၄၀) အချိန်တွင်းမှာ ဆောင်ရွက်မယ်ဆို ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ရမှာပါ။

Matthew (ShweMOM)

SHARE