မျက်နှာပုံ ယာယီတက်တူးလေးတွေ စုံတွဲ တွေ ကြားမှာ ရေပန်းစားနေ

Image:IG/Grossmann

တက်တူးလည်း ထိုးချင်တယ်၊အသားနာမှာလဲ ကြောက်တယ်၊ပြန်ဖျက်ချင်တဲ့ အချိန်ကျရင် အလွယ် တကူ ဖျက် လို့ မရမှာကို စိတ်ပူတဲ့ လူတွေ အတွက် အခုနောက်ပိုင်းမှာတော့ ယာယီ တက်တူးလေးတွေ ပေါ် နေပါပြီ။ဒီတစ်ခါ ပေါ် လာတဲ့ ယာယီတက်တူး လေးကတော့ တခြားတက်တူးတွေနဲ့ မတူပါဘူး။မျက်နှာပုံယာယီတက်တူး လေးတွေ ပါ။ကိုယ် ချစ်တဲ့ လူရဲ့ ပုံကို ယာယီ တက်တူး အဖြစ် ထိုးချင် သူတွေ အတွက် ပြင်သစ် Artist တစ်ယောက် ဖြစ်တဲ့ Lise Grossmann က ဖန်တီးပေးလိုက်တာပါ။

Image:IG/Grossmann

Grossmann  ကတော့ သူမရဲ့ ဖောက်သည်တွေ အတွက် ပုံတူဖန်တီး ပေးတာတွေကို (၂၀၀၈) တည်းက  ဖန်တီးေ ပးလာခဲ့တာပါ။နောက်ပိုင်းမှာ သူမရဲ့ ဖန်တီးမှုတွေ ကို လူကြိုက်များလာတဲ့ အတွက် ဒီအလုပ်ဟာ စီးပွား ရေး တစ်ခု ဖြစ်လာခဲ့ပါတယ်။ပုံတူပေါင်း (၁၀၈၀၀) အထိ လုပိုင်ခဲ့ပါတယ်။” လူတွေ ရဲ့ မျက်နှာ ပုံကို ကြည့်ပြီး ဖန်တီး ရေးဆွဲ ရတာကို ကျ မ သဘော ကျတယ်။ကျ မတို့မှာ မျက်လုံးနှစ်လုံး၊နှာ ခေါင်း နဲ့ ပါးစပ် တစ်ခု၊ဆံပင်ရှိတယ်။ဒါပေမယ့် မျက်နှာ တစ်ခု ချင်းစီ ကျ တော့ တစ်ယောက်နဲ့ တစ်ယောက် မတူ ကြဘူး။ဒီလို မျက်နှာ ပုံ တွေကို အ သေးစိတ် ပုံ ဖော်ရတာ ကျမ အတွက် တော့ စိန်ခေါ်မှု တစ်ခုပဲ..” ဆိုပြီး သူမရဲ့ အလုပ်ကို နှစ်သက် သ ဘောကျ ကြောင်း ထုတ် ပြောခဲ့ပါတယ်။

READ
သင် မြင်လိုက်တာနဲ့ ဒဲ့ကြွေသွားမယ့် တက်တူးဒီဇိုင် အပြင်းစားများ
Image:IG/Grossmann

စုံတွဲတွေ ရှိတဲ့ လူတွေ က တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်သက် သေ ထူတဲ့ အ နေနဲ့ ယာယီတက်တူး လေးေ တွ  ဖန်တီးလို့ ရသလို FA တွေ အ နေနဲ့ လည်း ကိုယ့်ရဲ့ အိမ် မွေး အ ကောင်လေးတွေရဲ့ ပုံ ကို ဖန်တီး  လို့ ရပါ တယ်။Grossmann  က လူပုံတွေ တင်မဟုတ်ပဲ အကောင်ပုံလေးတွေကိုပါ အခုလို မျိုး ဖန်တီးပေးနိုင်ပါတယ်။သူမ ဆီမှာ ယာယီတက်တူး အပ်ချင်ရင်တော့ အရင်ဆုံး ဓါတ်ပုံ ပို့ ပေးဖို့ လိုပါတယ်။

Image:IG/Grossmann

အဲ့ဒီ ဓါတ်ပုံကို  Grossmann က ပုံ ဆွဲမှာပါ။ပြီးရင် တော့ ပုံကို ကြိုက် မကြိုက် Customer ဆီကို ပြန် ပို့ ပေးမှာပါ။နောက်ဆုံး ကြိုက်တယ်ဆိုရင် တော့ သူမက အဲ့ဒီ ပုံကို ယာယီတက်တူး အဖြစ် ပြောင်းလဲ ပေးမှာပါ။Customer တွေ အနေနဲ့ နာမည်၊Date နဲ့ တခြား စာသား လေးတွေ ထည့်ချင်ရင်လည်း ထည့်ပေးပါတယ်။

 

View this post on Instagram

 

#weddingideas

A post shared by lilimandrill – Lise Grossmann (@lilimandrill) on

 

READ
(၂၀၁၈) ခုနှစ်ရဲ့ အကောင်းတကာ့ အကောင်းဆုံး မင်္ဂလာပွဲဓာတ်ပုံများ

Source:mymodernmet

SHARE