သင့်ချစ်သူကောင်မလေး သင့်ကိုမစွဲလမ်းသေးပဲစိမ်းနေကြောင်း သိနိုင်မဲ့အချက်များ

shutterstock/By kiuikson

ဘယ်သူပဲဖြစ်ဖြစ် မလှည့်မစား၊ မနှိပ်မစက်၊ ပညာမပြတဲ့ မိန်းကလေးမျိုးကိုပဲ ရွေးချယ်ပြီး ချစ်ချင်ကြတယ်။
တစ်ချို့ကကျတော့ ရည်းစားရှိနေရက်နဲ့ လှည့်စားတတ်ကြသလို၊ တစ်ချို့ကကျတော့ သိပ်ကို ဒုက္ခတွေ
ပေးလွန်းလှပြီး နှိပ်စက်ကြတယ်၊ တစ်ချို့ကတော့ တွေ့တာနဲ့ ပညာပြပြီး နောက်လှည့်သွားအောင်လုပ်တာ
မျိုးလေးတွေလည်း ရှိပါတယ်။ ဟော တစ်ချို့ကျတော့ ချစ်လွန်းတော့ ကိုယ့်ကောင်မလေးက/ကောင်လေး
က အရူးလုပ်နေတာကိုတောင် မသိဘဲ ငပေါကြီးဖြစ်နေတတ်ပါတယ်။ ကဲ ဒီတော့ ဘယ်လို လက္ခဏာလေး
တွေက သင့်ကို အရူးလုပ်သလဲ၊ ဘယ်လို လက္ခဏာလေးတွေကြည့်ပြီး ကိုယ့်ကို မနှစ်သက်ဘူးဆိုတာ
ဆုံးဖြတ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

1. မသိဘူး/ဂရုမစိုက်ဘူး

shutterstock/By Spectral-Desig

ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် သင်က မေးတဲ့အခါမျိုးမှာ သူ့ဘက်က မသိဘူး၊ အဲဒါတွေကို ဂရုစိုက်
နေတာ မဟုတ်ဘူး၊ သတိမထားမိလိုက်ဘူး-စသည်ဖြင့် တုန့်ပြန်လာရင် သင် ကြိုက်နှစ်သက်နေတဲ့ ကောင်
မလေးဟာ/ကောင်လေးဟာ အမှန်တရားတစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ သေချာပါတယ်။ ဒါက
သင့်ကို လုံးဝ မရင်းနီးဘူး-ဆိုတဲ့ သဘောပေါ့။

2. သင့်အမည်အရင်းကိုသာ ခေါ်တယ်ဆိုရင်

လူတစ်ယောက် နာမည်လှလှပေးဖို့ မိန်းကလေးတွေမှာ မွေးရာပါ အတတ်ပညာတွေ ရှိပါတယ်။ သင့်အသက်
အရွယ်ကို ကြည့်ပြီး ဦး၊ကို၊မောင် တပ်ခေါ်တာထက် ပိုလှတဲ့နာမည်တွေ သူတို့စိတ်ကူးထဲမှာ အပြည့်ပါဘဲ။
သင့်ကိုသာ သူမက အမှန်တကယ်စွဲလန်းတယ်ဆိုရင် သင့်အတွက် နာမည်တစ်လုံးရွေးပြီးသား ဖြစ်ပါလိ့မ်
မယ်။ ချွဲချွဲနွဲ့နွဲ့ မခေါ်ချင်တဲ့ မိန်းမဆို သင့်နာမည်က ဇော်လင်းထွန်း-ဆိုရင် ကိုလင်း၊ ကိုထွန်း ဖြစ်နေရမယ့်
အချိန်မျိုးမှာ သူက သင့်နာမည်အရင်းကြီးကို တစ်လုံးတစ်ခဲတည်း ခေါ်နေသေးတယ်ဆိုရင် သူ့ရင်ထဲမှာ
သင် မရှိသေးပါဘူး။ ကောင်မလေးတွေဆိုလည်း သဲရေ … ချစ်တုံး … ဘာဘာသာရကာ မဖြစ်သေးဘူး
ဆိုရင် … ပျော်ရွှင်ရမယ့်အချိန် မဟုတ်သေးဘူးလို့ မှတ်ပါ။

READ
ဆိုင်ကယ်ကို သန့်ရှင်းရေးနေစဉ် မီးကူးစက်လောင်ကျွမ်းပြီး 13 နှစ်အရွယ် ကောင်လေးသေဆုံး

3. အသေးအဖွဲ့ကိစ္စရပ်ကလေးတွေ အကျယ်ချဲ့ရင်

သင်နဲ့ပတ်သက်လာရင် တော်ရုံတန်ရုံ သည်းခံရမယ့် ကိစ္စ သည်းမခံဘဲ ပေါက်ကွဲပြတာမျိုး၊ သင့်ရဲ့ လူမှုရေး
ပြဿနာလေးကို လူတွေသိအောင် အကျယ်ချဲ့ပြောတာမျိုးတွေ လုပ်တယ်ဆိုရင်လည်း သင် သဘောပေါက်
သင့်ပါပြီ။

4. သင့်လုပ်ဆောင်မှုတွေကို ဂရုစိုက်မှုမပြဘူးဆိုရင်

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကောင်မလေးဆီက တစ်ခုခု လုပ်ဆောင် ပြီးမြောက်တဲ့အခါမျိုးမှာ အသိအမှတ်ပြုခံ
ချင်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူ့ဘက်က အသိအမှတ်ပြုဖို့ ပျက်ကွက်တယ်၊ ပျက်ကွက်မြဲ၊ ပျက်
ကွက်ဆဲဆိုရင်တော့ သူဟာ သင့်ကို လုံးဝ မစဉ်းစားဘူးဆိုတဲ့ သဘောပါ။

5. သင့်ကို မသနားဘူး။

အချစ်တစ်ခုမှာ သနားကြင်နာခြင်း မပါဘဲ အချစ်စစ်ရယ်လို့ မဖြစ်နိုင်ပါဘူး။ အချစ်စစ်ရဲ့ အခြေခံအကျဆုံး
အချက်ကလည်း သနားကြင်နာခြင်းကသာ စရပါတယ်။ သည်တော့ သင်ရဲ့ ကောင်မလေးက သင့်ကို
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သနားကြင်နာခြင်း အလျဉ်းမရှိဘူးဆိုရင် သူ သင့်ကို လုံးဝ စိတ်မ၀င်စား
ဘူးဆိုတာ သေချာပါတယ်။

READ
ဒုက္ခိတဖြစ်နေပေမယ့် ကလေးလေးကို တောထဲမှာ တစ်ညလုံး စောင့်ရှောက်ပေးခဲ့တဲ့ခွေးလေး

6. စကားဆက်မပြောလိုတဲ့ အရိပ်အယောင်ပြမယ်

ဒါကလည်း သာမာန်လူများချင်းမှာတောင် သိနိုင်တဲ့အရာပါ။ ကိုယ်နဲ့ စကားပြောနေရင်း ထပြန်လိုတဲ့ အရိပ်
အယောင်ပြတာတို့၊ မကြားယောင်ပြုတာတို့၊ ဂရုမစိုက်တာ-တို့ ပြလာခဲ့ရင် ကိုယ်ပြောမယ့်စကားကို သူတို့
နားမထောင်ချင်သလို၊ သူတို့ကလည်း ကိုယ့်ကို ပြောစရာမရှိဘူး-ဆိုတဲ့ သဘောပါဘဲ။ ဒီလိုပုံစံမျိုးကို သင်
နှစ်သက်သူက လုပ်လာခဲ့ရင် သင့်ကို မနှစ်သက်ဘူးလို့ မှတ်ယူပါ။

7. စကားလုံးတွေက တိုတောင်းတယ်။

shutterstock/By BlueSkyImage

တိုတောင်းတာရဲ့ တစ်ခြားအဓိပ္ပါယ်က ပျက်သားတာပေါ့။ ကိုယ့်ကို တစ်ကယ်ချစ်ရင် စကားလေးပြောရတုန်း
အချိန်ဆွဲပြီး တငြိမ့်ငြိမ့် ပြောချင်ကြတာပါဘဲ။ ဒါပေမယ့် သူက စကားတုန့်ပြန်ပုံက တိုတောင်းလွန်းလှရင်
သင့်ကို သူ စိတ်ထဲမှာ နေရာမပေးသေးဘူးဆိုတာ အမှန်အကန်ပါဘဲ။

နတ်စည်တော် (Shwemom)

SHARE