Jamie Chua ဟာ စင်္ကာပူနိုင်ငံက influencer တွေထဲမှာ ထင်ရှားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အသက် ၄၆နှစ် ကလေး၂ယောက်မိခင် သူမမှာတော့ အင်စတာဂရမ်မှာ follower ၁.၂ သန်းရှိပါတယ်။ YouTube မှာတော့ သန်းတစ်ဝက်လောက်ရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတော့ Chua ထင်ရှားရတဲ့အကြောင်းရင်းက သူမစုဆောင်းထားတဲ့ နာမည်ကျော်တန်ဖိုးကြီးပစ္စည်းတွေကို ထုတ်ပြလို့ရယ်၊ branded အိတ်တွေဝယ်နေတာ၊ အဖိုးတန်လက်ဝတ်ရတနာတွေကိုထုတ်ဝတ်ပြတာတွေစတဲ့ ဗီဒီယိုတွေကြောင့် ဖြစ်ပါတယ်။
View this post on Instagram
Chua ဟာ အရာတော်တော်များများအပေါ် စိတ်ဖိစီးမှုရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဥပမာပြောရရင် ဒေါ်လာ ၃သောင်းတန် limited edition Cartier နားဆွဲပျောက်လို့ ၄နာရီလောက် ငိုခဲ့ရတာမျိုးပါ။ Chua ဟာ သူမရဲ့ဗီဒီယိုတွေထဲမှာတော့ သူမပိုင်ဆိုင်တဲ့နာမည်ကျော် branded ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေကို ထုတ်ပြထားတာဖြစ်ပါတယ်။ အောက်မှာတော့ JC Wardrobe Tour မှာ Chua ရဲ့ ခမ်းနားလှတဲ့ ဖက်ရှင်ပစ္စည်းတွေသိမ်းဆည်းထားပုံတွေကို အခုလိုတွေ့မြင်ရမှာပါ။
အံဆွဲတွေထဲမှာတော့ Cartier ရတနာပစ္စည်းတွေနဲ့ ပြည့်နေပြီး စိန်စီထားတဲ့ Richard Mille နာရီတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ကြမ်းပြင်ကနေ မျက်နှာကြက်ထိရှိတဲ့ မှန်ဗီရိုတစ်လုံးထဲမှာတော့ Hermès အိတ်အလုံး၂၀၀ကျော်ကို သေချာစီရီပြထားတာ တွေ့ရမှာပါ။
Chua ရဲ့ ဗီဒီိယိုတွေထဲမှာတော့ travel vlogs တွေနဲ့ beauty tutorial တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ သူမ channel နဲ့ပတ်သက်ပြီး အထင်ရှားဆုံးက Chua ရဲ့တန်ဖိုးကြီးဖက်ရှင်ပစ္စည်းတွေကို ဝယ်ယူတတ်တဲ့အလေ့အထကြောင့်ပါ။
၂၀၂၀ခုနှစ် စင်္ကာပူလော့ဒေါင်းအတွင်းမှာတော့ Chua ဟာ သာမန်လူတွေလိုပဲ အိမ်မှာနေရင်း ငြီးငွေ့လာတာနဲ့ သူမရဲ့ ဒေါ်လာ ၆၃သန်းတန်အိမ်ကြီးထဲမှာ ဥယျာဉ်စိုက်ပျိုးခဲ့ကြောင်း asiaone သတင်းစာမျက်နှာအရ သိရပါတယ်။
View this post on Instagram
ShweMom