တစ်နေ့တာလုပ်ငန်းစဉ်ကို မှတ်တမ်းတင်ပေးဖို့ သင့်ကို YouTube မှ ဖိတ်ခေါ်နေပါတယ်

YouTube

၂၀၂၀ ခုနှစ်ဟာ ကျွန်တော်တို့အတွက်တော့ ဆိုးရွားလှတဲ့ ခုနှစ်တစ်ခုလို့ဆိုရမှာပါပဲ။ ဟိုးအရင်တုန်းကလည်း စစ်ဘေး၊ ကပ်ရောဂါဘေးတွေေ၊ စီးပွားရေးကြပ်တည်းမှုတွေ စတဲ့ ပြဿနာပေါင်းများစွာကြောင့် လူသားတွေ အလဲလဲအပြိုပြိုဖြစ်ခဲ့ရပေမယ့်လို့ ဒါတွေကို မကြုံခဲ့ဖူးတဲ့ ကျွန်တော်တို့အတွက်တော့ အဆိုးရွားဆုံးနှစ်လို့ ဆိုနိုင်ပါတယ်။

“Life in a Day 2020” ၂၀၂၀ ရဲ့ တစ်နေ့တာဆိုတဲ့ ခေါင်းစဉ်နဲ့ YouTube ဟာ သူတို့ရဲ့အစီအစဉ်မှာ ပါဝင်ပေးဖို့အတွက် လူတိုင်းကို ဖိတ်ခေါ်လျက်ရှိနေပါတယ်။ အဲဒီအစီအစဉ်ကတော့ သင်ကိုယ်တိုင် သင့်ရဲ့တစ်နေ့တာကို ဗီဒီယိုရိုက်ကူးရမှာပါ။ ဆိုလိုတာ documentary film ပုံစံမျိုးပေါ့။

YouTube

ဒီလိုပုံစံမျိုး ၂၀၁၁ ခုနှစ်မှာလည်း Ridley Scott နဲ့ Kevin MacDonald ဆိုတဲ့ filmmakers နှစ်ဦးနဲ့ YouTube တို့ပူးပေါင်းကာ ၉၅ မိနစ်ကြာတဲ့ “Life in a Day” နာမည်နဲ့ပဲ Documentary ဗီဒီယိုတစ်ခု ထုတ်ခဲ့ပါသေးတယ်။ အခု ၁၀ နှစ်ကြာတော့ နောက်တစ်ကျော့ ထပ်လုပ်တာမျိုးပေါ့။ ၂၀၂၀ နဲ့လည်း တိုက်ဆိုင်သွားခဲ့တာပါ။

READ
ခရစ်စမတ်သစ်ပင်မှာ မီးအလှဆင်နေစဉ် လူ(၅)ဦး ဓာတ်လိုက်သေဆုံးခဲ့

ရိုက်ကူးချင်တဲ့လူတွေကတော့ မူရင်းရိုက်ကူးခဲ့တဲ့ Ridley နဲ့ Kevin တို့နှစ်ဦးဆီကိုပဲ website ကနေတစ်ဆင့် လျှောက်ထားရမှာဖြစ်ပြီး သူတို့နှစ်ဦးကပဲ ရွေးချယ်ပေးသွားမှာပါ။ ဇူလိုင်လ ၂၅ ရက်နေ့မှာပဲ စတင်ရိုက်ကူးသွားရမှာဖြစ်ပြီး ပေးပို့လာတဲ့ ဗီဒီယိုတွေထဲကမှ ရွေးချယ်ပြီးတော့ ၂၀၂၁ မှာ ပြုလုပ်မ့် Sundance Festival နဲ့ YouTube channel တို့မှာ တင်ပေးသွားမှာဖြစ်ပါတယ်။ ထေင်ပိတ်ရက်တော့ သြဂုတ်လ ၂၅ ရက်နေ့ပဲဖြစ်ပါတယ်။

penny

SHARE