အရှေ့တောင်အာရှမှာ Youtube follower အများဆုံးဖြစ်လာတဲ့ အင်ဒိုဆယ်လီ

၂၄ နှစ်အရွယ် အင်ဒိုနီးရှား Youtube စတားတစ်ဦးဟာ သူ့ရဲ့ Youtube ချယ်နယ်မှာ ဖျော်ဖြေရေးဗီဒီယိုတွေ၊ prank တွေ တင်လေ့ရှိပြီး ယခု ဖေဖော်ဝါရီလထဲမှာတော့ စံချိန်တစ်ခုကို ချိုးသွားနိုင်ခဲ့ပါတယ်။

“Atta” လို့ သူ့ပရိသတ်တွေ အခေါ်များတဲ့ Muhammad Attamimi Halilintar ဟာ သူ့ရဲ့ ချယ်နယ်မှာ subscriber (follower) ပေါင်း ၁၀ သန်းပြည့်သွားခဲ့တဲ့ အကြောင်းကို တင်ခဲ့တာပါ။ အရှေ့တောင်အာရှမှာတော့ follower အများဆုံး Youtuber စတားအဖြစ် စံချိန်တင်သွားခဲ့တာပါ။ Atta က သူ့ရဲ့ Youtube ချယ်နယ်ကို လွန်ခဲ့တဲ့ ၅ နှစ်ခန့်က စဖွင့်ခဲ့တာဖြစ်ပါတယ်။ သူ့ကိုယ်သူ “အလုပ်ကြိုးစားသူ၊ ခရီးသွားနဲ့ influencer” ဆိုပြီး စတင်မိတ်ဆက်ခဲ့တာပါ။

READ
အင်ဒိုနီးရှားလမ်းမထက်က ကျွဲချိုနဲ့ ရောဂါလိုက်ကုတဲ့ ကုထုံးဆန်း
Instagram

သူတင်တဲ့ ဗီဒီယို အမျိုးအစားတွေကတော့ စုံပါတယ်။ ဟာသဗီဒီယို၊ prank ဗီဒီယိုတွေ ပါသလို၊ ကား review လိုမျိုးတွေ၊ ဆယ်လီတွေနဲ့ အင်တာသွားဗျူးတာတွေ အစုံပါပဲ။ ဖျော်ဖြေရေးသမားတစ်ယောက် ဖြစ်တဲ့အပြင် ရီပိုတာ တစ်ယောက်လိုပါ ဗီဒီယိုတွေ တင်တတ်တဲ့ Atta ဟာ လူငယ်တွေကို လမ်းပြအားပေးတဲ့ မက်ဆေ့ခ်ျတွေ ပေးတဲ့ ဗီဒီယိုမျိုးတွေပါ တင်တဲ့သူပါ။်

Instagram

အင်္ဂါနေ့က follower ၁၀ သန်းပြည့်သွားခဲ့တဲ့ Atta ရဲ့ ချယ်နယ်ဟာ ဒီသတင်းကို ရေးနေတဲ့အချိန်မှာတော့ 10,276,782 အထိ ရှိနေခဲ့ပါပြီ။ အာရှပစိဖိတ်ဒေသရဲ့ Youtube တာဝန်ခံ Tu Nguyen ကတော့ အခုလို ပြောခဲ့ပါတယ်။ “အရှေ့တောင်အာရှမှာ subscriber ၁၀ သန်း ရှိတဲ့ ချယ်နယ်တွေ ရှိတာမှန်ပါတယ်။ ဒါပေမယ့် အဲ့လိုလိုင်းတွေက မီဒီယာကုမ္ပဏီက ထောင်ထားတဲ့ လိုင်းတွေချည်းပါပဲ။ ဆယ်လီတစ်ဦးချင်းစီ သုံးတဲ့ ချယ်နယ်တွေထဲမှာတော့ follower ၁၀ သန်းပြည့်တာ ဒါပထမဆုံးပါ။”

READ
ကျားဟိန်းသံကြောင့်အကြောက်လွန်ပြီး နှလုံးခုန်ရပ်သေဆုံးခဲ့သည့်မျောက်(၁၂)ကောင်
Instagram

အခုဆို အင်ဒိုနီးရှားနဲ့ အရှေ့တောင် အာရှတို့မှာ အအောင်မြင်ဆုံး Youtube စတားဖြစ်လာတဲ့ Atta ကတော့ ဝင်ငွေအနေနဲ့ တစ်လကို အမေရိကန် ဒေါ်လာ ၂၆,၀၀၀ မှ ၄၁၉,၀၀၀ အတွင်း ရနေတယ်လို့ သိရပါတယ်။

Ref: South China Morning Post

SHARE