ထူးထူးခြားခြား နည်းလမ်းကို အသုံးပြုပြီး မထင်မှတ်တဲ့အရာဖမ်းပြခဲ့တဲ့ YouTuber

YouTube/FMAXTV

ငါးမျှားတယ်ဆိုတာ ကျွန်တော်တို့သိထားတာကတော့ တီကောင်လေးတွေ၊ အညှီနံ့ရစေမယ့် အသားစ ငါးစလေးတွေကို ငါးမျှားချိတ်မှာတပ်ပြီး ငါးမျှားတာပဲ သိထားတာပါ။ ဒါပေမဲ့ အခု ဂျပန် YouTuber ကတော့ အဲဒါတွေ ဘာမှမသုံးဘဲ ငါးမြှားတာနဲ့ လားလားမှမသက်ဆိုင်တဲ့ အရာတစ်ခုကို သုံးပြီး ငါးမြှားသွားခဲ့တာပါ။

FAMXTV ဆိုတဲ့ YouTube channel ဟာ အရင်ကတည်းက ငါးဖမ်းနည်းနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကို တင်ပေးနေကျပါ။ အခုတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်းအနေနဲ့ ဗီဒီယိုတစ်ခုတင်ပေးပါတယ်။ အဲဒါကတော့ အရုပ်ကိုအသုံးပြုပြီးတော့ ငါးဖမ်းပြတာပါ။

YouTube/FMAXTV

ဂျပန်မှာ anime ဇာတ်ကောင်တွေရဲ့ figure ရုပ်လေးတွေ ဈေးကွက်ဟာ တော်တော်လေးကို ကမ္ဘာကျော်လျက်ရှိနေပါတယ်။ အရုပ်တစ်ရုပ်ကို မြန်မာငွေ သိန်းဆယ်နဲ့ချီပြီးတောင် ပေးဝယ်တဲ့လူတွေတောင်ရှိနေတာပါ။ အခုလည်း ငါးမြှားတာနဲ့ figure ရုပ်တွေနဲ့ လားလားမှမသက်ဆိုင်ပေမယ့်လို့ ဒီ YouTuber ကတော့ figure ရုပ်တစ်ခုတည်းကိုသာ အသုံးပြုပြီး အံ့သြစရာကောင်းတဲ့ရလဒ်ကို ရသွားခဲ့ပါတယ်။

READ
မုန်တိုင်းဒဲနစ်ကို ဂရုမစိုက်ဘဲ၊ အေးဆေးကျောပေးပြီး အသောက်မပျက်တဲ့ ကိုကိုယမကာအဖွဲ့

အရင်ဆုံး figure ရုပ်လေးကို ငါးမြှားချိတ်မှာ ချိတ်ပြီး ရေထဲကို ပစ်ချလိုက်ခဲ့ပါတယ်။ ခဏကြာတော့ ငါးမြှားတံလှုပ်လာတဲ့အတွက် figure ရုပ်လေးကို ပြန်ဆွဲတင်လိုက်တဲ့အခါ နီနီရဲရဲအကောင်တစ်ကောင် ပါလာခဲ့ပါတယ်။ ရေဘဝဲကြီးပါ။

YouTube/FMAXTV

ဒီလိုနဲ့ပျော်ရွှင်ပြီး နောက်တစ်ခေါက် ထပ်ပစ်ချလိုက်ခဲ့တယ်။ ဒုတိယတစ်ခေါက်မှာလည်း အဲလိုပဲ အကောင်ခပ်ကြီးကြီး ရေဘဝဲတစ်ကောင် ထပ်ပါလာခဲ့ပါသေးတယ်။ သုံးကြိမ်မြောက်အထိ ရေဘဝဲတွေ တစ်ကေင်ံပြီးတစ်ကောင် ပါလာခဲ့တဲ့အတွက် တော်တော်လေးတော့ အံ့သြဖို့ကောင်းနေပါတော့တယ်။

YouTube/FMAXTV

ဒါပေမဲ့ အဲဒီကောင်မလေးရုပ်နဲ့မဟုတ်ဘဲ တခြား အရုပ်ခေါင်းနဲ့ စမ်းမြှားတာကျ တစ်ကောင်မှ မမိဘူးနော်။

YouTube/FMAXTV

Figure ရုပ်လေးနဲ့ ရေဘဝဲဖမ်းတဲ့ဗီဒီယိုကို ကြည့်လိုက်ပါဦး။

penny

SHARE