ဗီဒီယိုရိုက်နေတုန်း သိသိသာသာကြီးသရဲအခြောက်ခံလိုက်ရတဲ့ YouTuber တစ်ဦး

Twitter- @daisymarquez_

Daisy Marquez ဟာ အလှကုန်ပစ္စည်းတွေဘာတွေကို review ပေးတဲ့ YouTuber တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ Insider မှ ဖော်ပြချက်အရ သူမဟာ နိုဝင်ဘာလ ၂၆ ရက်နေ့တုန်းက သရဲအခြောက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

သူမရဲ့ ကိုယ်ပိုင် Twitter account မှာ “ဗီဒီယိုရိုက်နေတုန်း ဒီလိုဖြစ်တာပါပဲ..” ဆိုတဲ့ caption နဲ့ ဗီဒီယိုတစ်ခုကို ပူးတင်ခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုမှာဆိုရင် Daisy ဟာ သူ့ဟာသူ အလှကုန်ပစ္စည်းတစ်ခုကို ကြော်ငြာနေတာကို ဗီဒီယိုရိုက်ကူးနေခဲ့တာပါ။

စစချင်းတော့ ဘာမှမဖြစ်သေးပါဘူး။ ပုံမှန်ပါပဲ။ သူမကျောပေးထားခဲ့တာက တံခါးဆိုတာ အားလုံးတွေ့ကြမှာပါ။ အဲဒီတံခါးကြီးဟာ ရုတ်တရက်ဆိုသလိုပဲ ဖြေးဖြေးချင်းဟလာခဲ့ပြီးနောက် သူမရဲ့နောက်ကျောကို လာထိကာ ရပ်သွားခဲ့ပါတယ်။ ဗီဒီယိုအစကတည်းက တံခါးဟာ စေ့စေ့ပိတ်ထားခဲ့တယ်ဆိုတာ ဗီဒီယိုကြည့်ရင်သတိထားမိကြမှာပါ။

အဲဒီလိုတံခါးတွေက လေတိုက်တာနဲ့ပွင့်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဒါကို တံခါးပွင့်ပြီးသူမရဲ့နောက်ကျောနဲ့လာထိတယ်ဆိုတော့ စဉ်းတော့စဉ်းစားစရာပါပဲ။ အဖြစ်အပျက်ဟာ ထူးဆန်းလွန်းလို့ဆိုပြီး Twitter ပေါ်ကို တင်ခဲ့တာပဲဖြစ်ပါတယ်။

READ
ဓာတ်ပုံရိုက်နေစဉ် လှိုင်းလုံးနဲ့အတူ ပင်လယ်ထဲကို ဆွဲယူခြင်းခံခဲ့ရတဲ့ ခရီးသွားသုံးဦး
Twitter- @daisymarquez_

သူမရဲ့ tweet အောက်မှာတော့ တချို့သောသူတွေဟာလည်း အလားတူထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုပြီးပြောလာတာတွေရှိနေပါတယ်။ ဥပမာ ဒီအမျိုးသမီးလိုပေါ့။ သူမဟာလည်း ပြီးခဲ့တဲ့အပတ်တုန်းမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကို ကြုံခဲ့ရတာပါတဲ့။ Mirely ဟာလည်း YouTube အတွက် ဗီဒီယိုရိုက်နေခဲ့ပါတယ်။ အခန်းထဲ ဘယ်သူမှမရှိ၊ အဲကွန်းလည်းဖွင့်မထားဘဲနဲ့ စာအုပ်စင်ပေါ်က စာအုပ်နှစ်အုပ်ဟာ ဘလိုင်းကြီးလဲသွားခဲ့တာပါ။ သူမလည်း စာအုပ်စင်ကိုမထိဘဲနဲ့လေ။

 

ဒါပေမဲ့ တချို့တွေကျတော့လည်း Daisy Marquez အနေနဲ့ တံခါးဖွင့်ဖို့ ကြိုးနဲ့ဆွဲတာတို့၊ တစ်ယောက်ယောက်ကို ဖွင့်ခိုင်းပြီး အမြန်ပြန်ဆင်းသွားခိုင်းတာတို့လိုမျိုး ဇာတ်တိုက်ပြီး လုပ်ခိုင်းခဲ့တာ၊ ကုန်ပစ္စည်းကို လူတွေပို စိတ်ဝင်စားစေချင်လို့ တမင်အကွက်ချလုပ်ထားတာတို့၊ နာမည်ကြီးအောင် လျှောက်လုပ်တာတို့လိုမျိုးလည်း ဝိုင်းပြီးဝေဖန်နေခဲ့ကြပါတယ်။

READ
အိမ်နီးနားချင်းရဲ့ ဆယ်ကျော်သက်ဇနီးနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရကာမှ တွင်းထဲကိုတွန်းချခဲ့သူ

ပရိတ်သတ်ကြီးရော ဘယ်လိုထင်မိပါသလဲ။

Penny

SHARE