ဝမ်းသာလွန်းတဲ့ သူငယ်ချင်း အငိုမတိတ်နိုင်ဖြစ်စေခဲ့တဲ့ YouTuber ရဲ့လက်ဆောင်ကြီး

David Dobrik/YouTube

YouTube မှာ David Dobrik ဆိုတဲ့ YouTuber တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ channel မှာ ဂိမ်းအကြောင်းတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူပျော်ပါးနေတဲ့ ရယ်စရာဗီဒီယိုတွေနဲ့ ရသစုံဗီဒီယိုပေါင်းများစွာကို တင်ရင်း ထိပ်တန်း YouTuber တစ်ယောက်အဖြစ် နာမည်ကြီးနေခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေထဲကမှ လူကြည့်အများဆုံး ဗီဒီယိုတွေကို ပြောပါဆိုရင်တော့ သူငယ်ချင်းတွေကို ကားလက်ဆောင်ပေးတဲ့ဗီဒီယိုတွေပါ။ ကားတောင် နယ်နယ်ရရကားတွေမဟုတ်ဘူးနော်။

@DavidDobrik/Twitter
David Dobrik/YouTube

နောက်ဆုံးတစ်ခေါက်မှာဆိုရင် သူငယ်ချင်းဖြစ်သူ Health Hussar ကို ကားတစ်စီးလက်ဆောင်ပေးလိုက်တဲ့အချိန်မှာတော့ Health ဟာ ဝမ်းသာလွန်းလို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျပြီး အငိုမတိတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ကားကတော့ ဒေါ်လာ ၃ သိန်းနီးနီးတန်ကြေးရှိတဲ့ အသစ်ထွက် Lamborghini Huracán ရဲ့ Evo Spyder မော်ဒယ်ပါ။

ဒီကားကိုတော့ EA Sports ကနေပြီး David Dobrik ကို သူ့ရဲ့ YouTube channel မှာ ၃-၄ မိနစ်စာ ဗီဒီယိုတစ်ခုရိုက်ကူးကာ ကြော်ငြာပေးဖို့အတွက် လက်ဆောင်ပို့ခဲ့တာပါ။ EA Sports ဆိုတာ အားကစားဗီဒီယိုဂိမ်းတွေထုတ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး အသစ်ထွက်လာမယ့်ဂိမ်း Need For Speed Heat မှာ David Dobrik ကို official partner အဖြစ် သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

READ
ဇနီးသည်အိပ်ပျော်နေစဉ် ခေါင်းကို တူနဲ့အချက်ပေါင်းများထုပြီး သတ်ဖို့ကြိုးစားတဲ့ ခင်ပွန်း

လက်ဆောင်အနေနဲ့ပို့ခဲ့တဲ့ Lamborghini Huracán နောက်ဆုံးမော်ဒယ်ကြီးကို သူကိုယ်တိုင်ရလုက်တဲ့အခါ အရမ်းတွေရင်ခုန်စိတ်လှုပ်ရှားပြီး ကြိုက်လွန်းလို့မမောင်းရက်ဖြစ်ခဲ့ရပေမယ့်လို့ သူ့လိုပဲ ဒီကားကိုမြင်လိုက်တာနဲ့ သေအောင်ကြိုက်မယ့်သူတစ်ယောက်လည်း ရှိပါတယ်လို့ David Dobrik က ဗီဒီယိုထဲမှာပြောသွားခဲ့ပါတယ်။ သူရည်ညွှန်းတဲ့သူကတော့ သူငယ်ချင်း Health Hussar ပါ။ Health နဲ့သူဟာ LA မှာ ပထမဆုံးခင်ခဲ့တဲ့ ဘော်ဒါတွေဖြစ်ပြီး David Dobrik အခုလို YouTuber စလုပ်ခဲ့တဲ့ ပထမဆုံး vlog မှာ ပါခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Health ဘဝမှာ သိပ်လိုချင်နေခဲ့တဲ့ ကားကတော့ Lamborghini Huracán ပါတဲ့။ ဒါကြောင့် အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် သူ့လက်ထဲ ဒီကားကြီးရောက်လာတာကြောင့် Health ကို လက်ဆောင်ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတော့တယ်။

Health ကို လက်ဆောင်မပေးခင်မှာ David Dobrik ကနေပြီး ကျန်တဲ့တခြားမိတ်ဆွေတွေကိုပါ surprise လုပ်ကာ ပြလိုက်တဲ့အချိန်မှာတော့ အကုန်လုံးနီးပါးအရမ်းကိုအံ့သြကာ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပြီး Health ကိုတောင် မနာလိုဘူးဆိုပြီး ပြောတဲ့လူတွေတောင်ရှိခဲ့ပါတယ်။ နောက်မှာတော့ Health ကို surprise လုပ်ဖို့အတွက် David Dobrik တစ်ယောက် Health နဲ့ Health ကောင်မလေးတို့နဲ့အတူတူ ရှိနေခဲ့ပါပြီ။ အရင်ကလည်း ဗီဒီယိုကင်မရာကြီးကိုင်လာပြီဆိုရင် ဆေးထိုးဖူးတာတွေရှိနေပြီး တစ်ဖက်မှာလည်း သူငယ်ချင်းတွေကို ကားလက်ဆာင်ပေးထားတဲ့ အဖြစ်တွေကလည်းရှိနေသေးတော့ Health တစ်ယောက် David Dobrik ဘာလုပ်လို့လုပ်မယ်ဆိုတာ မဝေခွဲနိုင်အောင်ဖြစ်နေရှာပါတယ်။

READ
အသုဘမှာ မစ်ရှဲလ်အိုဘားမားလက်ထဲကို ချိုချဉ်ထည့်ပေးခဲ့တဲ့ ဂျော့ဂ်ျဘုရှ်

နောက်ဆုံးမှာတော့ ခြံတံခါးကြီးဖွင့်ကာ Health ကို ကားပြာလေးကို ပြလိုက်ပါတော့တယ်။ Lamborghini လည်းဖြစ် သူလိုချင်တဲ့ Huracán လည်းဖြစ်တာကြောင့် Health တစ်ယောက်အံ့သြသွားကာ ဘယ်သူ့ကားကြီးလဲလို့ ထမေးလိုက်တဲ့အချိန်မှာတော့ “မင်းဟာလေ” လို့ ပြန်ပြောလိုက်တဲ့အချိန်မှာတော့ စိတ်လှုပ်ရှားလာခဲ့ပြီး ရှိုက်ကြီးတငင်ငိုပါထငိုခဲ့ပါတယ်။

တခြားလူတွေကို ကားတွေပေးနေခဲ့တာ ဒါပထမဆုံးမဟုတ်တော့ပါဘူး။ အခင်ဆုံးသူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဖခင်တို့ကိုလည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်ကာ လက်ဆောင်ပေးနေခဲ့တာပါ။

Penny

SHARE