တလောတုန်းက Shwemom မှာ ကင်မ်ချီနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနဲ့ တရုတ်မှ လူမှုကွန်ယက်သုံးစွဲသူတွေ အငြင်းပွားခဲ့တဲ့သတင်း တင်ခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ နောက် တစ်ဆက်တည်းမှာပဲ တရုတ်မှ YouTuber တစ်ဦးဟာ ကင်မ်ချီကို ကိုယ်တိုင်စိမ်ပြီး ချက်ပြခဲ့တာကြောင့် ပွဲဟာ ပိုပြီးတော့ အရှိန်မြင့်တက်လာခဲ့ပါတယ်။
အခု အဲဒီ YouTuber ဖြစ်တဲ့ Li Ziqi ဟာ ကြားထဲကနေပြီးတော့ အမြတ်ထွက်သွားခဲ့ပါပြီတဲ့။ အမြတ်ကတော့ ဂင်းနစ်စံချိန်ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ တရုတ်နိုင်ငံရဲ့ Weibo မှာ ပြီးခဲ့တဲ့ (၂.၂.၂၀၂၁)တုန်းက သူမကိုယ်တိုင်ဒီကိစ္စကိုတင်လာခဲ့တာပါလို့ Asia One မှာ ဖော်ပြခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်လတုန်းက Li Ziqi ရဲ့ YouTube channel ဟာ subscriber ပေါင်း ၁၁.၄ သန်းသာရှိခဲ့ပေမယ့်လို့ အခု ၂၀၂၁ ဇန်နဝါရီမှာတော့ ၁၄.၁ သန်းအဖြစ်သို့ ပြောင်းသွားခဲ့တာပါ။ သူမရဲ့ channel ဟာ သာမန် ဟင်းချက်ပြုတ်ပြတဲ့ channel ပဲဖြစ်ပေမယ့်လို့ အဲဒီ ကင်မ်ချီတိုက်ပွဲကြောင့် လူတွေပိုသိလာခဲ့ကြပြီး subscriber တွေ အချိန်တိုတွင်း တိုးလာခဲ့တာပါ။
ဂင်းနစ်စံချိန်ကတော့ အချိန်တိုတွင်း subscribe လုပ်တဲ့လူ အများဆုံး channel အဖြစ် စံချိန်တင်သွားခဲ့တာပါတဲ့။

penny