အသက် ၃၇ နှစ်အရွယ်ချစ်သူကို အဖွားလို့ပဲအထင်ခံနေခဲ့ရတဲ့ Youtube မလေးရဲ့အဖြစ်

YouTube/Barcroft TV/

အချစ်ဆိုတဲ့အရာဟာ အသက်အရွယ်၊ အခြေအနေအဆင့်အတန်းအပြင် လိင်ကွဲ၊ လိင်တူစတဲ့ခွဲခြားခြင်းတွေ စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာဖို့ဆိုတာ ဒီခေတ်မှာ တော်တော်လေးကို ရှားနေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်နဲ့သာ အချစ်စစ်အချစ်မှန်နဲ့ချစ်ကြမယ်ဆိုရင် တခြားအပြင်ကပရောဂတွေ ဘာတစ်ခုကိုမှ ဂရုစိုက်စရာမလိုတာပါ။

YouTube/Barcroft TV
YouTube/Barcroft TV

အသက် ၂၄ နှစ်အရွယ် YouTuber မလေး Julia Zelg နဲ့ သူမရဲ့ချစ်သူကလည်း ဒီလိုပါပဲ။ ဘရာဇီးသူလေး Julia ဟာ လန်ဒန်မှာနေထိုင်ပြီး သူမရဲ့ နေ့စဉ်ဘဝတွေ၊ မိတ်ကပ်၊ ဆံပင်နဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ lifestyle ကဏ္ဍတွေကို YouTube မှာ ဗီဒီယိုရိုက်ကူးကာ တစ်ဆင့်ပြန်လည်မျှဝေနေတဲ့ blogger မလေးတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ သူမရဲ့ vlog တွေမှာ ထပ်တိုးလာတဲ့ ကဏ္ဍတစ်ခုရှိပါတယ်။ အဲဒါကတော့ သူမရဲ့လက်ထပ်ထာတဲ့ချစ်သူနဲ့ပတ်သက်တဲ့ ကြုံဆုံရတဲ့အခက်အခဲတွေ၊ သူမတို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာတွေ စတာတွေပဲဖြစ်ပါတယ်။

READ
(၅၅)နှစ်အရွယ်သူဌေးနဲ့လက်ထပ်လိုက်တဲ့ (၁၈)နှစ်အရွယ်ရုရှမော်ဒယ်မလေး
YouTube/Barcroft TV
YouTube/Barcroft TV
YouTube/Barcroft TV
YouTube/Barcroft TV

Julia ရဲ့ ချစ်သူကတော့ တခြားမဟုတ်ဘဲ အသက် ၆၁ နှစ်အရွယ် Eilleen De Ferrst ဆိုတဲ့ ပရော်ဖက်ရှင်နယ်နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ပါ။ Insider မှာ ဖော်ပြထားတာတော့ နှစ်ယောက်သားဟာ Tinder ဆိုတဲ့ dating app မှတစ်ဆင့် တွေ့ခဲ့ကြတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမျာတင် ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်တဲ့။ အသက် ၃၇ နှစ်လောက်ကွာပေမယ့်လည်း နှစ်ယောက်သား အခုအချိန်မှာတော့ လက်ထပ်ထားခဲ့ကြပြီဖြစ်ပြီး ဘဝကြီးကိုပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်တဲ့။

YouTube/Barcroft TV
YouTube/Barcroft TV

Julia ရဲ့ မိခင်အရင်းဟာဆိုရင် Eilleen ထက်တောင်မှ ငယ်ပါသေးတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း သူတို့နှစ်ယောက်ကို သားအမိလား၊ မြေးအဖွားလားလို့ ထင်ကြသူတွေတောင် ရှိပါတယ်တဲ့။ Julia ရဲ့ မိခင်ဟာလည်း Eilleen နဲ့ ကြည်ဖြူစွာ သဘောတူခဲ့ပြီး မင်္ဂလာပွဲလုပ်တုန်းကဆိုရင် လျှောက်လမ်းကိုတောင် တွဲထွက်လျှောက်ပေးခဲ့တာပါ။ တချို့တွေက Julia ဟာ Eilleen ရဲ့ ငွေတွေကြောင့် လက်ထပ်တယ်လို့ ထင်ကြပေမယ့်လို့ ကုန်ကျစရိတ်အားလုံးကို နှစ်ယောက်သား တစ်ဝက်ဆီခွဲဝေပေးခဲ့ကြတာ ဘယ်သူမှ မသိဘူးလို့လည်း ရင်ဖွင့်ခဲ့ပါတယ်။

READ
အမူးလွန်နေလို့၊ စက်လှေကားကို ပြောင်းပြန်တက်ရင်း တိုင်ပတ်နေတဲ့ ယစ်ထုတ်ကြီး

Penny

SHARE