Will Smith ရဲ့ သမီးငယ်လေးကို အွန်လိုင်းကနေ လိင်မှုကိစ္စပြောပြီး စော်ကားခဲ့တဲ့ YouTuber

Instagram- @willsmith, YouTube- shane

ဟောလိဝုဒ်လောကထဲမှာတော့ ပြဿနာတစ်ခုဖြစ်ပွားနေပါတယ်။ အဲဒါကတော့ YouTuber တစ်ဦးဟာ Will Smith ရဲ့သမီးလေးကို အွန်လိုင်းမှ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။

YouTube- shane

အသက် ၃၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ YouTuber Shane Dawson ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက YouTube မှာ ဗီဒီယိုတစ်ခုတင်လာခဲ့ပါတယ်။ ဗီဒီယိုထဲ လူမျိုးရေးခွဲခြားမှုတွေ၊ ကလေးသူငယ်အကြမ်းဖက်စော်ကားမှုတွေအကြောင်း ပျက်ရယ်ပြုနေခဲ့တာပဲဖြစ်ပါတယ်။ မိနစ် ၂၀ ခန့်ကြာမြင့်တဲ့ ဗီဒီယိုမှာတော့ Shane Dawson ဟာ လူမည်းမိန်းကလေးငယ်တစ်ဦးရဲ့ပုံကို ကြည့်ပြီး အာသာဖြေနေတဲ့ ဓာတ်ပုံကို ဗီဒီယို cover clip အနေနဲ့ တင်ထားခဲ့ပါတယ်။

အဲဒီကောင်မလေးဟာ ဝါရင့်သရုပ်ဆောင် Will Smith ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ အဲဒီပုံဟာ Willow Smith တစ်ယောက် အသက် ၁၁ နှစ်တုန်းက ပုံလေးပဲဖြစ်ပြီး အခုအချိန်မှာတော့ Willow Smith ဟာ ၁၉ နှစ်ရှိနေပြီး ဂီတလောကနဲ့ မော်ဒယ်လောကမှာလည်း ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

View this post on Instagram

<>

A post shared by ∴ WILLOW ∴ (@willowsmith) on

ဒါပေမဲ့လည်း အသက် ၁၁ နှစ်အရွယ်ကောင်မလေးရဲ့ပုံကိုကြည့်ပြီး အာသာဖြေနေသယောင်လုပ်တယ်ဆိုကတည်းက လူသိများတဲ့ YouTuber တစ်ယောက်အနေနဲ့ လုံးဝမလုပ်သင့်တဲ့အပြုအမူတစ်ရပ်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Will Smith ရဲ့ ဇနီး Willow ရဲ့ မိခင်ကတော့ အရင်ဆုံးပဲ Shane Dawson ကို Twitter မှာ သည်းမခံနိုင်တော့ဘူးလို့ တရားဝင်ပြောလာခဲ့ပါတယ်။

ထပ်ပြီး အစ်ကိုဖြစ်သူ Karate Kid သရုပ်ဆောင် Jaden Smith ကလည်း သူ့ညီမလေးကို ဒီလိုပြုမူခြင်းဟာ Shane Dawson အနေနဲ့သိပ်ကို ရွံရှာဖွယ်ကောင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး ဟာသဖြစ်ပေမယ့် ဒီကိစ္စဟာ ပျက်လုံးလုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ အတိအတင်းပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/B2XT7BPnko-/

READ
ကျွဲရိုင်းကြီးကို အဆင်ခြင်ကင်းစွာ ပွတ်သတ်ကျီစယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား

သူ့ညီမလေးတင်မဟုတ်ဘဲ လူမျိုးရေးခွဲခြားမှုတွေကိုလည်း ပျက်ရယ်ပြုခဲ့တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

View this post on Instagram

6 Sound Nice?

A post shared by Jaden Smith (@c.syresmith) on

YouTuber Shane Dawson ကတော့ သူ့ YouTube မှာပဲ တောင်းပန်တဲ့ဗီဒီယိုကို တင်ခဲ့ပါတယ်။

READ
စိန့်ပီတာစဘက် အသေခံဗုံးခွဲမှုမှာ သမီးဖြစ်သူကို ခန္ဓာကိုယ်နဲ့အုပ်မိုးပြီး အသက်စွန့်သွားတဲ့မိခင်

Penny

SHARE