Skin Care Brand တစ်ခုကို လိမ်လည်ကြော်ငြာခဲ့လို့ တောင်းပန်နေရတဲ့ YouTuber

Instagram- @susanyara, YouTube- Mixed Makeup

Susan Yara ကိုတော့ အလှအပရေးရာတွေကို YouTube မှာ ကြည့်နေကျသူဆိုရင်တော့ရင်းနှီးပြီးသားဖြစ်နေမှာပါ။ “Mixed Makeup” ဆိုတဲ့နာမည်နဲ့ YouTube မှာ subscriber ပေါင်း ၁.၂၅ သန်းကျော်တောင်ရှိနေခဲ့တဲ့ Susan Yara ဟာ အောင်မြင်ကျော်ကြားတဲ့ YouTuber တစ်ဦးအဖြစ် ရပ်တည်လာခဲ့တာ တော်တော်လေး ကြာနေခဲ့ပါပြီ။ ဒီအပြင် တခြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဗီဒီယိုတွေကိုလည်း တင်လေ့ရှိတဲ့ channel တစ်ခုမှာလည်း subscriber ပေါင်း ၂ သိန်းခွဲကျော်တောင် ရှိနေခဲ့တာပါ။

မိန်းကလေးတော်တော်များများကဆိုရင် skin care ဝယ်ဖို့ Susan Yara ရဲ့ အကြံဥာဏ်တောင်းတာမျိုး၊ Susan Yara review ပေးတဲ့ brand တွေကိုပဲ လိုက်သုံးတာမျိုးတွေအထိ သူမဟာ တော်တော်လေးပေါက်ရောက်နေခဲ့တာပါ။

View this post on Instagram

Let’s get 2020 started! #newyear

A post shared by Susan Yara (@susanyara) on

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တုန်းက Susan Yara ဟာ သူမရဲ့ Mixed Makeup channel မှာ “I’m Sorry” ဆိုတဲ့ဗီဒီယိုတစ်ခုကို တင်လာခဲ့ပါတယ်။ ပရိတ်သတ်တွေဆီ skin care brand တစ်ခုကို လိမ်လည်ပြီးမိတ်ဆက်ပေးသလိုဖြစ်ခဲ့တာကြောင့် တောင်းပန်ခဲ့တာပါတဲ့။ ပြဿနာကတော့ “Naturium” ဆိုတဲ့ skin care brand တစ်ခုကစတာပါပဲ။

၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တုန်းက Susan Yara ဟာ Naturium ဆိုတဲ့ brand တစ်ခုကို သူမရဲ့ Mixed Makeup channel မှာ ပထမဆုံးအနေနဲ့ မိတ်ဆက်လာခဲ့ပါတယ်။ ဒီမတိုင်ခင် ဧပြီလ ၁၅ ရက်နေ့ကတည်းက Facebook မှာရှိနေတဲ့ သူမနဲ့သူမ fan တွေသီးသန့်ရှိနေတဲ့ group တစ်ခုမှာ Naturium ကို တခြား skin care brand တစ်ခုနဲ့ နှိုင်းယှဉ်ပြီး ပိုကောင်းတယ်လို့ fan တွေကို ပြောထားခဲ့ပါသေးတယ်။ ဒီလို brand ချင်းယှဉ်ပြီးပြောတဲ့ မှတ်ချက်လိုမျိုးဟာ YouTuber တစ်ဦးအနေနဲ့တော့ ပြောခွင့်ရှိတာမှန်ပေမယ့်လို့ တကယ်တမ်း သူမဟာ Naturuim ရဲ့ Co-Founder တစ်ဦးဖြစ်နေတာကြောင့် စည်းကျော်ဘောင်ကျော်သဘောမျိုးဖြစ်သွားခဲ့ပါတော့တယ်။

READ
(၅)ပေမြင့်တဲ့နံရံကိုကျော်ပြီး သရက်သီးခိုးစားခဲ့တဲ့ ဆင်ကြီး

ဒါပေမဲ့ fan တွေကတော့ အဲဒီအချိန်မထိ မသိသေးဘဲ Susan Yara အနေနဲ့ review ကို ရိုးရိုးသားသားပဲပြောပြနေတာဆိုပြီး ထင်နေကြတာပါ။ မကြာခင်တုန်းကပဲ Susan Yara ဟာ Naturuim အကြောင်း သူမရဲ့ YouTube ဗီဒီယိုထဲမှာ ထပ်ပြောပြခဲ့တဲ့အချိန်မှာတော့ “my brand” (ကျွန်မထုတ်တဲ့ပစ္စည်း) ဆိုပြီး အမှတ်မထင်ပြောပြလိုက်မိခဲ့တဲ့အတွက်ကြောင့် fan တွေအနေနဲ့ တော်တော်လေးကို အံ့သြသွားခဲ့ကြတာပါ။

https://www.instagram.com/p/CBt-ddAHioQ/

အံ့သြတာထက်စာရင် နောက်ကျောကို ဓားနဲ့ထိုးသလိုမျိုးခံစားသွားရတာပါတဲ့။ ဟုတ်လည်းဟုတ်တယ်လေ။ အစကတော့ Naturium ကို fan တစ်ယောက်က ဘယ်လိုသိတာလဲလို့ Susan Yara ကို မေးတာကို Susan Yara က “PR Gift” (လက်ဆောင်ရတာ) ဆိုပြီး ပြန်ဖြေခဲ့တာပါ။ သူတည်ထောင်ထားတဲ့ brand ကို သူပြန်ကြေငြာသလိုဖြစ်နေမှာဆိုးလို့ လက်ဆောင်ရပြီးသုံးကြည့်တာနဲ့ အရမ်းကြိုက်သွားတဲ့ပုံစံမျိုး fan တွေကို လိမ်လည်ထားတာမျိုး။

လွန်ခဲ့တဲ့ ၆ ရက်က တင်ထားခဲ့တဲ့ တောင်းပန်တဲ့ဗီဒီယိုမှာတော့ Susan Yara ဟာ ဒီလိုဖုံးကွယ်ခဲ့တာဟာ စီးပွားရေးလှည့်ကွက်တစ်ခုကြောင့်ဖြစ်ပြီး သူမအနေနဲ့လည်း Naturium ကို influencer တစ်ဦးတည်ထောင်ထားတဲ့ brand ဆိုပြီး မဖြစ်စေချင်တာကြောင့် ဒီလိုလပ်ခဲ့ရတာပါလို့ ပြောလာခဲ့ပါတယ်။ ဒါပေမဲ့လည်း fan တွေကတော့ Susan Yara အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားကြပါပြီ။

READ
အရွယ်နဲ့မလိုက်အောင် တစ်ဖက်ကမ်းခတ် ပါရမီထူးကဲလှတဲ့ (၆)နှစ်သားကလေးလေး

Penny

SHARE