‘How Do I Play’ အစီအစဉ်မှာ အတူတူ မြင်တွေ့ကြရမယ့် Yu Jae Seok, Lee Hyo-ri နဲ့ Rain

ig/@jaesooniee

အစီအစဉ်မှူးကြီး Yu Jae Seok, အဆိုတော် မင်းသမီးချောလေး Lee Hyo-ri နဲ့ အဆိုတော်၊ သရုပ်ဆောင် Rain တို့သုံးယောက်ကနေပြီးတော့ ဒီနှစ်နွေရာသီမှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ MBC variety show တစ်ခုဖြစ်တဲ့ ‘How Do I Play’ ဆိုတဲ့ အစီအစဉ်မှာ ခုလိုမျိုး သူတို့သုံးယောက်ပါဝင်တဲ့ အစီအစဉ်သစ်ကို ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/CArhrjlBL66/

Production team အဖွဲ့ရဲ့ ကြေညာချက်အရ သူတို့သုံးယောက်လုံးက လိုအပ်တဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ခုချိန်မှာ အဲဒီ့အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး တစ်ခြားသော အဖွဲ့ဝင်တွေကိုလည်း ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

https://www.instagram.com/p/CAkEQHvjRqk/?utm_source=ig_embed&utm_campaign=loading

READ
"ဥပါယ်တံမျဉ်"ဇာတ်ကား အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေမှုကြောင့် ပေါက်ကွဲနေတဲ့ ဇာဏ်ခီ

ပထမဆုံးမှာ ‘How DO I Play’ ရဲ့ အဓိက အစီအစဉ်မှူး Yu Jae Seok ကနေပြီးတော့ Lee Hyo-ri နဲ့ Rain တို့ကိုတွေ့ဆုံပြီး သူ့ရဲ့ ခုပြုလုပ်မယ့် အဖွဲ့အတွက် ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။ Yu Jae Seok က အဆိုဘက်မှာရော အကဘက်မှာပါ ထူးချွန်တဲ့ သူတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဆိုတော် မင်းသမီးချောလေး Lee Hyo-ri ကတော့ နဂိုကတည်းက အဆိုရော အကဘက်မှာပါ တော်တဲ့သူတစ်ယောက်ဖြစ်ပြီး Rain ကိုတည်း ထိုနည်းတူပဲ အကရော အဆိုပါ ကောင်းတဲ့အတွက် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီနှစ်နွေရာသီမှာတော့ တကယ့်ကို ထူးခြားတဲ့ ပွဲလေးဖြစ်တဲ့ အမိုက်စားတွေ စုစည်းတင်ဆက်မှုကို ပရိတ်သတ်တွေ တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်နော်။

READ
မိတ်ကပ်ဆရာပြောင်းလိုက်တဲ့နောက်မှာ အရင်ကထက်ပိုနုပျိုပြီးလှသွားတဲ့မြတ်ကေသီအောင်

Khin

SHARE