နှစ်ယောက်ပေါင်းပြီး အမိုက်စား Tik Tok ဖန်တီးခဲ့တဲ့ ခင်လေးနွယ်နဲ့ ယုသန္တာတင်

ကိုမောင်မောင်အေးနဲ့ မမြင့်မြင့် တို့ရဲ့မင်္ဂလာပွဲကိုတော့ (၅.၁၂.၂၀၁၈)နေ့က သုဝဏ္ဏဘူမိ Event part မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အနုပညာရှင်ဆယ်လီအသိုင်းအ၀ိုင်းက လူတွေ အများကြီး တက်ရောက်ပေးခဲ့ပါတယ်။ ဆယ်လီလောကရဲ့ ချစ်စရာကောင်းတဲ့ အပျိုကြီးမမ နှစ်ယောက်ကတော့ ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ သူတို့နှစ်ယောက်က အရောင်ကွဲ ဆင်တူဝတ်စုံလေးကို ၀တ်ဆင်လာခဲ့ပါတယ်။

ခင်လေးနွယ်ကတော့ အနီရောင်အပွင့်ပါ ကတ္တီပါ ဂါဝန်ရှည်ကို ၀တ်ဆင်ထားပါတယ်။ လက်ရှည် ဂါဝန်ရှည် ဖြစ်ပြီး ပေါင် အထိ ခွဲကြောင်း ခွဲထားတာကို တွေ့ရပါတယ်။အရမ်းကို မိုက်ပြီး Sexy ကျကျ လှပနေတာကို တွေ့ရပါတယ်။ ခင်လေးနွယ် ကတော့…

“ပျော်စရာကောင်း တဲ့ မင်္ဂလာဆောင်ပွဲလေးမှာ
ဒီနေ့တစ်ရက်ကတော့ အားကျသွားပြီ…
နောက်ဆက်တွဲ အားကျဖို့ကတော့ သူတို့ ဇနီးမောင်နှံပေါ်မှာပဲမူတည်တယ်😜😜
ကိုမောင်မောင်အေး+ မမြင့်မြင့် တို့ ထာဝရ လက်တွဲသွားနိုင်ပါစေရှင့် 💏💏
ခလေးတွေလဲ အများကြီးမွေးနိုင်ကြပါစေ…..” ဆိုပြီး ကိုမောင်မောင်အေးတို့ မင်္ဂလာဇနီးမောင်နှံ အတွက် ဆုတောင်းပေးထားတာကိုလဲ တွေ့ရပါတယ်။

READ
စင်ကာပူမဂ္ဂဇင်းတစ်ခုရဲ့ မျက်နှာဖုံးမှာ ပါခဲ့တဲ့Girls' Generation မှ Tiffany

ယုသန္တာတင်ကလည်း ငွေရောင်အပွင့်ပါ ကတ္တီပါ ဂါဝန်ရှည်  ကို ၀တ်ဆင်ထားပါတယ်။ သူမရဲ့ body နဲ့ အတော်လေး ကို လိုက် ဖက်လှပတာကို တွေ့ရပါတယ်။ လက်ရှည်ဂါဝန်ရှည်ဖြစ်ပြီး ပေါင်အထိ ခွဲကြောင်းခွဲထားပါတယ်။ တကယ့်ကို အရမ်း မိုက်ပြီး လှပနေတာကိုတွေ့ရပါတယ်။

“Beautiful wedding with lovely fri s❤️❤️❤️

အားကျခြင်း များစွာဖြင့်………………” ဆိုပြီး ယုသန္တာတင်ကတော့ ပြောထားပါတယ်။

ပရိသတ်အချစ်တော် အပျိုကြီးမမ ကတော့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေး တစ်ခုကိုလည်း ဖန်တီး ခဲ့ပါတယ်။

Wedding season ❤️❤️❤️❤️❤️❤️❤️

Posted by Yu Thandar Tin on Wednesday, December 5, 2018

Source ခင်လေးနွယ်၊ယုသန္တာတင်

SHARE