Music Video တစ်ပုဒ်ကြောင့် မလေးရှားနိုင်ငံမှာ လူကြိုက်များနေတဲ့ ဂျပန် အပြာမယ်လေး

[email protected]_mikami

မလေးရှားနိုင်ငံရဲ့ နာမည်ကျော် တေးရေးတေးဆိုတစ်ဦးဖြစ်တဲ့ Namewee ဟာ လွန်ခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က I shot you လို့ အမည်ရတဲ့ Music Video တစ်ပုဒ် ထွက်ရှိခဲ့ပါတယ်။  တင်ပြီးပြီးချင်း တစ်ရက်အတွင်း ကြည့်ရှုသူ(၁.၄)သန်း ရှိခဲ့ပြီး တော်တော်လေးကို မလေးရှားနိုင်ငံမှာ လူကြိုက်များတဲ့ Music Video တစ်ပုဒ်ဖြစ်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ MTV ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး အပြာမယ် Yua Mikami ပဲ ဖြစ်ပါတယ်။ အသက် (၂၆) နှစ် ရှိပြီဖြစ်တဲ့ Yua ဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းစားရင်းဝင် အပြာမယ်တစ်ယောက်ပါ။ ဂျပန် အမျိုးသမီးအဆိုတော်အဖွဲ့ SKE48 ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့ Yua Mikami ဟာ (၂၀၁၅)ခုနှစ်ကစပြီး ဒီလောကထဲကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

View this post on Instagram

にゃ

A post shared by 三上悠亜 (@yua_mikami) on

နဂိုက တစ်ကားတည်းရိုက်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပေမယ့် ဝန်းရံတဲ့ ပရိသတ်တွေ မထင်မှတ်လောက်အောင် အများအပြားရှိလာခဲ့တာကြောင့် Yua ဟာ လူကြီးကားရိုက်တဲ့ လောကထဲမှာ ကျင်လည်ခဲ့တာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်တုန်းကလည်း သူမကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး အမျိုးသမီး အဆိုတော်အဖွဲ့ Honey Popcorn ကို ဖွဲ့စည်းပြီး ကေပေါ့လောကကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်သေးပါဘူး။

READ
ဆော်ဒီနန်းတော်ကို တိုက်ရိုက်ထိမှန်နိုင်တဲ့ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့ရ

အခုလည်း မလေးရှားနိုင်ငံလို တင်းကြပ်တဲ့ ဘာသာရေး စည်းကမ်းတွေရှိတဲ့ နိုင်ငံမျိုးမှာတောင်မှ သူမပါဝင်တဲ့ MTV ဟာ Youtube မှာ အချိန်ခဏလေးအတွင်း လူအများအပြား ကြည့်ရှု့ခဲ့ကြတာပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B9L8SgYgjkt/

“ဒီ MTV ပုံစံလေးကတော့ အချစ်အကြောင်းပါပဲ။ ဒါပေမယ့် ဘာ့ကြောင့် အရင်ကထက် လူကြည့်များသလဲဆိုရင် Yua ကြောင့်လို့ ပဲ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သီချင်းထဲက စာသားလေးတွေအတိုင်း Yua ရဲ့ ပြုအမူ၊ ဟန်ပန်လေးတွေက တော်တော်ကို လိုက်ဖက်မှုရှိပြီး တော်တော်လေးကို ချစ်ဖို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ MTV ရိုက်ဖို့ Yua ကို ရွေးခဲ့တာ ကျွန်တော် မှန်တယ်လို့ ထင်ပါတယ်။ Yua က တစ်ကယ်လည်း တော်ပါတယ်” လို့ Namewee က ပြောကြားခဲ့ပါတယ်။

View this post on Instagram

Congratulations! A Million view in only 11 Hours! Thanks everyone who love this song! 恭喜新歌 [不小心] 打破了我個人在Youtube的紀錄, 11個小時破了一百萬觀看次數. 之前的紀錄是三年前的 [擊敗人], 共花了18小時破百萬. 我相信大家那麼愛這首歌肯定是因為我的歌聲造成的, 絕對跟三上小姐一點關係都沒有. 喔對了, 你們不要再羨慕了, 為了把MV拍到更好, 我跟三上小姐每晚都在彩排, 連續彩排了三個晚上一直到感覺對了才正式進入拍攝. 我們都是一群很專業的演員, 很累很辛苦的, 真的. 【不小心 I Shot You 】MV 高清版YouTube: https://bit.ly/2NCZjf6 「數位音樂服務 Digital Music Services」 KKBOX: https://bit.ly/384d3ct Spotify: https://spoti.fi/2YENQSW iTunes & Apple Music: https://apple.co/3g6ojYH JOOX: https://bit.ly/3dAu7aX friDay音樂: https://bit.ly/2CG9Dkl MyMusic: https://bit.ly/2NuGiM6 Tidal: https://bit.ly/385zvlg Amazon: https://amzn.to/385LjnD

A post shared by Namewee 黃明志 (@nameweephoto) on

Pyi Hein Kyaw

SHARE