မွေးနေ့မှာ ခင်ပွန်းဆီက ရိုမန်တစ်ဆန်တဲ့ လက်ဆောင်ရရှိခဲ့လို့ ပျော်နေခဲ့တဲ့ ယွန်းဝတီလွင်မိုး

နာမည်ကျော် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ လွင်မိုးရဲ့ သမီးချောလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ ချစ်ရတဲ့ သူနဲ့ ဘဝတစ်ခုကို အတူထူထောင်ပြီး သူမရဲ့ ချစ်သားလေးနဲ့ အတူ ပော်ျရွှင်တဲ့ မိသားစုဘဝလေးကို ကြိုးစားဖန်တီးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။ ယွန်းဝတီကတော့ အသက် ၂၀ တိတိပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးကလည်း ယွန်းဝတီအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အနုပညာအလုပ်တွေကို လုပ်နေတဲ့ ယွန်းဝတီလွင်မိုးကိုကတော့ နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ သူမရဲ့ ခင်ပွန်းက မွေးနေ့လက်ဆောင်ပို့ပေးခဲ့ပါသေးတယ်။ ယွန်းဝတီကတော့ ခင်ပွန်းဆီကနေ လက်ဆောင်ရရှိတဲ့ ပန်းစည်း အကြီးကြီးနဲ့ အတူ ဓါတ်ပုံတင်ထားပြီး သူမရဲ့ခင်ပွန်းကို ကျေးဇူးတင်ကြောင်းပြောထားတာဖြစ်ပါတယ်။

READ
ဝေဖန်ခံနေရတဲ့ ဓါတ်ပုံနဲ့ပတ်သက်ပြီး တိုင်ရွန်(အဝင်း) ရှင်းပြ

ကလေးမွေးပြီးနောက်မှာ အနုပညာအလုပ်တွေကို ပြန်ပြီး လုပ်ကိုင်နေပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း ဆက်လက်ပြီး ရရှိနေဆဲဖြစ်ပါတယ်။

Source: Yun Waddy

SHARE