Helicopter စီးနေတဲ့ ဗီဒီယိုဖိုင်ကို ဝေမျှလိုက်တဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ IG မှာ ပုံအသစ်လေးတွေနဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှထားပါတယ်။ခင်ပွန်းဖြစ်သူနဲ့ အတူ Helicopter ရှေ့မှာ ရိုက်ထားတဲ့ ပုံလေးကို အရင်ဝေမျှခဲ့တာပါ။အဲ့ဒီပုံပြီးမှ ဗီဒီယိုဖိုင်တစ်ခုကို ဝေမျှ ထားတာပါ။ ဗီဒီိယိုထဲမှာတော့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ အတူ Helicopter အတူစီးပြီး ပျော်နေတဲ့ ယွန်းဝတီလွင်မိုးကို တွေ့ ရမှာပါ။

ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ သားလေး Liam လေး ကို သြစတြေးလျနိုင်ငံ Melbourne မြို့မှာ သြဂုတ်လ (၆)ရက်နေ့က မွေးဖွားခဲ့တာပါ။မြေးဦး ယောက်ျား လေး မို့ ဖိုးဖိုး၊ဖွားဖွားတွေကလည်း Liam လေးကို အရမ်းကို ချစ်ကြတာကိုတွေ့ရပါတယ်။ Liam ဆိုတဲ့ နာမည်လေး ကေ တာ့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်း ထက်ဦးလှိုင် ပေးထားတဲ့ နာမည်လေးပါ။မြန်မာနာမည်ကတော့ လွင်ထက်ပါ။

READ
Kai ရဲ့ ရင်ကိုလှုပ်ခတ်နိုင်ခဲ့တဲ့ မြန်မာမိန်းကလေးပရိသတ်တစ်ယောက်ရဲ့ အားပေးမှု

သားလေးမွေးပြီး သိပ်မကြာခင်မှာတော့ ယွန်းဝတီလွင်မိုးတစ်ယောက် မြန်မာပြည်ကို ခဏ ပြန်လာခဲ့ပါတယ်။ သူမပြန်လာပြီး လအနည်းငယ်အကြာမှာတော့ သူမရဲ့ ခင်ပွန်းလည်း ခဏ ပြန်လာခဲ့ပါတယ်။ဒါပေမယ့် ကျောင်းတတ်ဖို့ ကိစ္စတွေ ရှိနေသေးတဲ့ သူမဟာ Liam လေးရဲ့ အနားမှာ ကြာကြာဆက်မရှိနိုင်တော့ပဲ ပညာရေးအတွက် သြစတြေးလျ ကို ပြန်သွားခဲ့ရတာပါ။လက်ရှိမှာတော့ Liam လေးက ဖိုးဖိုးဖွားဖွားနဲ့ အတူ မြန်မာပြည်မှာ ကျန်နေ ခဲ့ပါတယ်။

 

View this post on Instagram

 

🚁🏙

A post shared by khay (@yunwaddy) on

Source ယွန်းဝတီလွင်မိုး

SHARE