(၆)လပြည့်သားလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုခဲ့တဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ ခေးလေးကတော့ ဟိုးအရင် ကလေးဘ၀ တည်းက ပရိသတ်တွေက ချစ်ခင်အားပေးလာခဲ့တာ ဒီနေ့ အထိပါ။ ယွန်းဝတီလွင်မိုးကတော့ အခုဆိုရင်တော့ ချစ်စရာ သားလေးတစ်ယော က်ရဲ့ မေမေဖြစ်နေပါပြီ။ သားလေးရဲ့ နာမည်ကိုတော့ Liam လို့ ချစ်စနိုးနဲ့ အမည်ပေးထားပါ တယ်။ Liam လေးကိုတော့ သြစတြေးလျနိုင်ငံ Melbourne မြို့မှာ သြဂုတ်လ (၇)ရက်နေ့က မွေးဖွားခဲ့ပါတယ်။

Yun Waddy Lwin Moe’s IG
Yun Waddy Lwin Moe’s IG

ဖေဖော်ဝါရီ (၇)ရက်နေ့ကတော့ Liam လေးရဲ့ (၆)လပြည့်မွေးနေ့လေးပါ။ သားဖြစ်သူရဲ့ (၆)လပြည့်မွေးနေ့လေးမှာတော့ ယွန်းဝတီလွင်မိုးက မိသားစုဓါတ်ပုံလေးကို တင်ရင်းနဲ့ သားလေးအပေါ် သူမဘယ်လောက်ထိ ချစ်တဲ့ အကြောင်းတွေကို အခုလို ရင်ဖွင့်ခဲ့ပါတယ်။

Yun Waddy Lwin Moe’s IG
Yun Waddy Lwin Moe’s IG

“happy 6 months to our little precious baby💓 you make me a better person, and you’ve given our family more happiness than we can ask for. You are young but wise and so so kind. I love you my cuddlebug ♥️ I will give you my everything….”

READ
မျက်နှာပြောင်လေးနဲ့လည်း သိပ်လှနေတဲ့ ကမ္ဘာကျော် Miss Universe မမများ
Yun Waddy Lwin Moe’s IG
Yun Waddy Lwin Moe’s IG

Liam လေးကိုတော့ သြစတြေးလျမှာ မွေးဖွားခဲ့ပြီး Liam လေး ကိုယ်ဝန်(၆)လလောက်အထိ ကျောင်းဆက် တတ်ဖြစ်ခဲ့တယ်လို့လည်း ယွန်းဝတီလွင်မိုးကပြောခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ သူမရဲ့ ခင်ပွန်းထက်ဦးလှိုင်လည်း မြန်မာပြည်ကို ခဏပြန်ရောက်နေပါတယ်။ လက်တလောမှာတော့ ယွန်းလေးက သားလေးအတွက် အချိန်ပေးနေသလို တစ်ဖက်မှာလည်း ကြော်ငြာရိုက်တာ၊ပွဲတက်တာတွေ လုပ်နေပါတယ်။ ဒါပေမယ့်  ကျောင်းတွေ ပြန်ဖွင့်မှာမို့ (၂)လပိုင်းကျရင် သြစတြေးလျကို ပြန်မယ်လို့ အင်တာဗျူးတွေမှာ ဖြေထားပါတယ်။

Yun Waddy Lwin Moe’s IG
Yun Waddy Lwin Moe’s IG

Source ယွန်းဝတီလွင်မိုး

SHARE