ကိုယ့်နိုင်ငံသားတွေကို နွေးထွေးစွာကြိုဆိုဖို့ ယွန်းဝတီလွင်မိုး တိုက်တွန်း

Image:IG/Yun Waddy Lwin Moe

ယွန်းဝတီလွင်မိုး ကတော့ တစ်ခေတ် တခါက အရမ်းကို  နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသားကြီး လွင်မိုးရဲ့ သမီးချော လေးပါ။ငယ်ငယ်တည်းက ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ သူမဟာ အခု  သားလေး မွေးပြီးတဲ့ အချိန် ထိ ပရိသတ် တွေရဲ့ အချစ်ကိုရ နေစဲပါ။လွင်မိုးရဲ့ သမီးနှစ်ယောက်ထဲမှာမှ ယွန်းဝတီ လွင်မိုးက အကြီးဆုံးပါ။ယွန်းဝတီနဲ့ ယွန်းနဒီ ဆိုပြီး ချစ်စရာ သမီးလေးနှစ်ယောက်ရှိပါတယ်။ယွန်းဝတီလွင်မိုးမှာ တော့ သားလေးတစ်ယောက်ရှိပြီး လွင်ထက် လို့ နာမည် ပေးထားပါတယ်။

Image:IG/Yun Waddy Lwin Moe

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီး သူမရဲ့ အမြင် လေးကို ထုတ် ပြော ခဲ့ပါတယ်။မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ပြည်ပ ရောက် မြန်မာတွေကို ဆဲဆိုပြစ်တင် နေတဲ့ Post  တွေ ကို တွေ့ မြင် နေရ ကြောင်း ဒါ့အပြင် ဈေးတွေ အဆ မတန် တင်ရောင်းနေတဲ့ သူတွေကိုပါ မြင် နေရတယ်လို့ ဆိုပါတယ်။ပြန်လာ ကြ တဲ့  မြန်မာတွေ ကလည်း ကိုယ့်နိုင်ငံသားတွေ ပဲ မို့ နွေးထွေးစွာ ကြိုဆို ကြဖို့ နဲ့ သူတို့ တွေ စည်းကမ်း တကျ နေတတ်အောင် ၀ိုင်းဝန်း တိုက်တွန်း ပေး ကြ ပါလို့ ပြောခဲ့ပါတယ်။

READ
သမင်လည်ပြန် ငေးကြည့်ရလောက်အောင် လှနေတဲ့ ဝတ်မှုန်ရွှေရည်
Image:IG/Yun Waddy Lwin Moe

“သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ ။ ပြင်ဆင်နေကြချိန်၊ volunteer အတွက်စာရင်းပေးထားကြချိန်။ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ။ဟိုလူတွေပြန်လာလို့ ၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော ၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာတွေ့တယ်။ ဈေးတွေမတန်တဆတင်ရောင်းနေတဲ့ online shop တွေတွေ့တယ် ။ ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာကြိုဆိုရမှာပါ ။သာမာန်အလုပ်သမားတွေ ပြန်လာတာလဲ ကိုယ့်နိုင်ငံသားတွေပဲလေနော် ။သူတို့စည်းကမ်းတကျနေဖို့ကိုတော့အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော်။ ကလေးတွေအားလုံးလဲ ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ ။ ပြန်မလာနိုင်တဲ့ ကလေးတွေ ရော ပြန်လာကြတဲ့ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံးကိုယ်ချင်းစာစိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ။…” ဆိုပြီး ယွန်းဝတီလွင်မိုးက သူမရဲ့ Fb မှာ တင်ထားပါတယ်။

Image:IG/Yun Waddy Lwin Moe

ပြည်ပ  ကနေ ပြန်လာတဲ့ မြန်မာတွေ ကို 14- day quarantine နေကြဖို့ အစိုးရက တိုက်တွန်းထားပေမယ့်လည်း ဒါကို လက်မခံပဲ ငြင်းဆိုနေကြတဲ့ ပြည်ပ ပြန် မြန်မာတစ်ချို့ ရှိနေပါတယ်။14- day quarantine ကာလမှာ နေထိုင် စားသောက်ဖို့ အစိုးရ က ပေးလာတဲ့  နေထိုင်စရာ နေရာ တွေ အပေါ် နေရတာ အဆင်မပြေ တဲ့ အကြောင်း ပြော နေကြတဲ့ ပြည်ပက ပြန်လာတဲ့  မြန်မာတစ်ချို့လည်းရှိနေပါတယ်။ဒီလို ကိစ္စ တွေ ကြောင့် လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ စည်းကမ်းမ လိုက် နာ တဲ့ ပြည်ပ က ပြန်လာတဲ့ မြန်မာတွေ ကို ပြစ်တင် ဝေဖန် ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

READ
ကမ်းခြေမှာ အရမ်းတွေ Ro နေတဲ့ နန်းဆုနဲ့ G Fatt
Image:IG/Yun Waddy Lwin Moe

Source:Fb/Yun Waddy Lwin Moe

SHARE