အစ်မဖြစ်သူကို ဆေးအကြီးကြီး ထိုးလိုက်တဲ့ ယွန်းနန္ဒီလွင်မိုး

ယွန်းဝတီလွင်မိုးနဲ့ ယွန်းနန္ဒီလွင်မိုးတို့ကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ ချစ်စရာ သမီးချောလေးပါ။ပ ရိသ တ်တွေ ချစ်တဲ့ ဆယ်လီတွေရဲ့ သားသမီးတွေထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ပါတယ်။အစ် မဖြစ် တဲ့ ယွန်းဝတီ လွင်မိုးကတော့ အခုဆိုရင် အိမ်ထောင်ကျလို့ ချစ်စရာသားလေးကိုတောင် ရနေပါပြီ။ယွန်းဝတီလွင်မိုးကတော့ သရုပ်ဆောင် အလုပ်ကိုတော့ မလုပ်ပေမယ့် ကြော်ငြာတွေကိုတော့ လက်ခံရိုက်ကူးပေးနေတာ၊ပွဲတွေ တက်ရောက် ပေးနေတာကို တွေ့ရပါတယ်။

ညီမဖြစ်တဲ့ ယွန်းနန္ဒီလွင်မိုးကတော့ သူမရဲ့ အစ်မကို အတော်လေးကို ချစ်တာကိုတွေ့ရပါတယ်။အစ်မဖြစ်သူ သြစတြေး လျမှာ မီးဖွားတုန်းကလည်း မိခင်ဖြစ်သူနဲ့ အတူ အစ်မဖြစ်သူကို လိုက်ပါစောင့်ရှောက်ပေးခဲ့ပြီး Liam လေးအတွက် ဒေါ်လေး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ယွန်းနန္ဒီလွင်မိုးကတော့ နိုဝင်ဘာ(၂၉)ရက်နေ့တုန်းက သူမရဲ့ IG မှာ ပုံ အသစ်တင်ထားပါတယ်။မိခင်ဖြစ်သူရယ်၊သူတို့ညီအစ်မနှစ်ယောက်ရယ် အတူတွဲရိုက်ထားတဲ့ ပုံလေးပါ။ပုံထဲမှာတော့ သားအမိတွေ အတော်လေးကို ပျော်နေတာတွေ့ရပါတယ်။

READ
မထွက်ခင်တည်းက ပရိသတ်တွေစိတ်ဝင်စားနေတဲ့ “မဟာ့မဟာလှယဉ်ကျေးမယ်

ယွန်းနန္ဒီလေးက သူမရဲ့ IG Story မှာတော့ အစ်မဖြစ်သူကို ဆေးအကြီးကြီးထိုးထားပါတယ်။ဓါတ်ပုံရိုက်ပြီး Pose ပေး ကြမ်းနေတဲ့ အစ်မရဲ့ ပုံကို စနောက်ပြီးတင်ထားတာပါ။ယွန်းနန္ဒီတစ်ယောက် အမ ဖြစ်သူကို ဘယ်လိုတွေ ဆေး ထိုးကြမ်းခဲ့သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

Source ယွန်းဝတီ/ယွန်းနန္ဒီရဲ့ IG

SHARE