ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေချစ်တဲ့ ဆယ်လီ မင်းသမီးချောလေးပါ။ သရုပ်ဆောင်မင်းသားကြီး လွင်မိုးရဲ့ သ မီးချောလေးပါ။ ကလေးဘ၀တည်းကနေ အခုထိကို ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ကို ရထားသူပါ။ ကားရိုက်တွေမရှိသလို ပြည်ပမှာ ကျောင်းတတ်နေရလို့ ပရိသတ်တွေနဲ့ နည်းနည်းလေးတော့ အနေဝေးပေမယ့် ပရိသတ် တွေကတော့ သူမကို အရမ်းကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ ငယ်ငယ်လေးတည်းက ချစ်မွှေးပါလာတဲ့ သူမကို ပရိသတ်က ဘယ်လောက်ထိ အားပေးလဲဆိုရင် သူမရဲ့ fb Page က Follower အရေ အတွက် ကိုကြည့်ရင် သိနိုင်ပါတယ်။

ယွန်းဝတီလွင်မိုး ပုံတင်လိုက်တိုင်း အောက်မှာ Comment ၀င်ရေးတဲ့ အမျိုးသားတွေ အများကြီးပါ။ စနောက်တဲ့ အပြော သဘောနဲ့ ချစ်တဲ့ အကြောင်းတွေကို အလုအယက် ၀င်ရေး ကြတာပါ။ ယွန်းဝတီလွင်မိုး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ သူမတင်လိုက်တဲ့ Post တွေမှာ အမျိုးသား ပရိသတ်တွေက Sad React ပေးပြီး အသည်း ကွဲ ခံစားနေရတယ်ဆိုပြီး အသည်းကွဲတဲ့ အကြောင်းတွေကို ဖွဲ့ဖွဲ့ နွဲ့နွဲ့ ကို ၀င်ပြီး ရေးတတ်ကြပါတယ်။
အခုဆိုရင်တော့ ခေးလေးက အရင်လို တစ်ယောက်တည်း ပုံတွေ မဟုတ်တော့ပဲ သူမရဲ့ သားလေး Liam လေးရဲ့ ပုံ လေးတွေကိုပါ fb မှာ တင်လာပါတယ်။ ခေးလေးနဲ့ သားလေးရဲ့ ပုံကို Sad React ပေးပြီး အသည်းကွဲကြောင်းကို ရေး နေကြစဲပါ။ ခေးလေးကတော့ ဒီလို Sad React ပေးတဲ့ ပရိသတ်တွေအတွက် သားလေးပါတဲ့ ပုံတွေ မှာတော့ မပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
” သားသားလေးပါတဲ့ ပုံတွေမှာ sad react မပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ ♥️ တကယ်တော့ ခေးပုံတွေမှာ sad react ပေးတာကိုခေးမကြိုက်ပါဘူး။ Comment ထည်းမှာရေးပြီး ရယ်စရာပြောတာကဘာပြဿနာမှမရှိပါဘူး။ အဲ့ဒီအတွက် sad react များမပေးကြဖို့မေတ္တာရပ်ခံပါတယ်။ 💓..” ဆိုပြီး တင်ထားပါတယ်။ သားသမီးတွေနဲ့ ပတ်သက်လာရင် မိခင်တိုင်းရဲ့စိတ်က ထိရှလွယ်လွန်းတာမို့ ပရိသတ်တွေကလည်း သူမရဲ့ စိတ်ကို နားလည်ပေး ဖို့ မျှော်လင့်ပါတယ်။ ခေးလေးရဲ့ မေတ္တာရပ်ခံမှုကို နားလည်ကြောင်း Comment မှာ ၀င်ရေး ထားတဲ့ ပရိသတ်တွေ အများ ကြီး ကိုလည်း တွေ့ရပါတယ်။
Source ယွန်းဝတီလွင်မိုး